လုပ်ငန်းရှင် / ဆိုင်ပိုင်ရှင်တိုင်း လိုလို က ထိုသို့သော အရည်အချင်းတွေ နှင့် ပြည့်စုံ သော ၀န်ထမ်းကောင်း ကို လိုလိုလားလား လိုချင်ကြ ပါသော်လည်း လုပ်ငန်းရှင် / ဆိုင်ရှင် အများစု က မိမိ ၀န်ထမ်းကို ထို သို့သော အရည်အချင်းတွေ အားလုံး ပြည့်စုံ စေရန် လက်တွဲ ခေါ်ယူ သင်ကြားပေး ခြင်း မရှိခြင်းပင် ဖြစ်ပါတယ် …လုပ်ငန်း အမျိုးအစား တော်တော် များများ မှာ အလုပ်ရှင် / ဆိုင်ရှင် အများစု က မိမိတို့ ၏ ၀န်ထမ်း တွေ ကို မျက်စိ ဖွင့်ပေး လိုက်လျှင် စုံကန်သွားမှာ အင်မ တန် မှ ကြောက် ကြသည့် အတွက် မဖြစ်မနေ ပေးသိရသည့် အချက် များမှ လွဲ၍ မျက်စိ ပိတ်ထား တတ်ကြ သဖြင့် ၀န်ထမ်း အများ စု မှာ မိမိ ရောင်းချ သည့် ကုန်ပစ္စည်း အကြောင်း ကို ရေရေ လည် လည် မရှင်းပြနိုင်ခြင်း ဖြစ်တတ်ကြသလို မိမိ ကို ပိုက်ဆံ လာပေးသည့် Customer တစ်ယောက် ၀င်လာလျှင် မည်သို့ မည်ပုံ ပြောဆို ဆက်ဆံ ကူညီ ရမည် ကို မသိကြသည့် အတွက် Customer ကို အရပ်သုံး စကားသံ နှင့် ပြောဆို ဆက်ဆံနေ ကြခြင်း ၊ Customer ၏ အရိပ်အကဲ ကို မ ဖမ်းတတ်ခြင်း ၊ စေတနာ ထားပြီး စိတ်ရှည် ချိုသာစွာ မဆက်ဆံ တတ် ကြခြင်း တို့ ဖြစ်ပါတယ် ။ လုပ်ငန်းရှင် အများစု ဆိုတာ Customer နဲ့ အမြဲ တိုက်ရိုက်ထိတွေ့ ဆက် ဆံနေရခြင်း သိပ်မရှိ ကြပေမယ့် အရောင်း ၀န်ထမ်း ဆိုတာ က တော့ Customer နဲ့ နေ့စဉ် မပြတ် ထိတွေ့နေရသူများ သာဖြစ်တဲ့ အတွက် ရောင်းအား တက် လျှင် လည်း သူတို့ နဲ့ သက်ဆိုင်သလို ရောင်းအား ထိုးကျ နေလျှင် လည်း သူတို့နှင့် တနည်းတဖုံ ပတ်သက်နေနိုင်ပါတယ်......
ကျွန်မ ပြီးခဲ့တဲ့ ၂ ရက် က ရန်ကုန် မှာ နာမည်ကြီး ကုန်တိုက်ကြီး တစ်ခုကို သွားဖြစ်ပါ တယ်...မနက် ၉ နာရီ ဆိုတော့ ဆိုင်တွေ ဖွင့်ခါစ ဘဲ ရှိသေးပါတယ်....ဟိုကြည့် ဒီကြည့် လျှောက် ကြည့် ရင်း အရမ်း ကြော်ငြာတဲ့ ...အကျီ ဆိုင်တစ်ဆိုင် ထဲဝင်သွားရင်း အကျီလေးတွေ က လှတပတ မို့ လျှောက်ကိုင် ရင်း ကြိုက်တာလေးတွေ့ပြီး ၀တ်ကြည့်တော့ ဆိုဒ်က နည်းနည်း ကြီးနေတာ နဲ့ အရောင်း ကောင်မလေး ကို Size နည်းနည်းသေး တာ ရှိသလား မေးမိတာ မှာ နည်းနည်း မှ ထုတ် မရှာပေးဘဲ..ဖုံးအပြော မပျက် မရှိပါဘူး..တဲ့ လေ..နောက် ဒီဇိုင်းကို မေးပြန်တော့ လည်း ဒါလည်း မရှိပါဘူးတဲ့....ဟို အထည်ကြိုက် လည်း မရှိ ၊ ဒီအထည် ကြိုက် လည်း Size မရှိ ဆိုတာ ရယ်.. .ပိုက်ဆံ လာပေးတဲ့ Customer ကို လုံးဝ အရေးမလုပ်ဘဲ..ကိုယ်ရေးကိုယ်တာ ကိစ္စ နဲ့ရယ်ရယ် မောမော ဖုံးအပြော မပျက် တဲ့ အရောင်းဝန်ထမ်း ကို တော်တော်လေး စိတ်တို သွားတာ နဲ့ မ၀ယ် ဖြစ်တော့ ဘဲ ပြန်ထွက်လာခဲ့ရပါ တယ်....တကယ်တမ်း က Shopping Mall ..ဘဲ ဖြစ်ဖြစ် ..ဘယ်နေရာ မှာဘဲ ဖွင့်ဖွင့် ဆိုင် တစ်ဆိုင် ရဲ့ စားရိတ်စက ဆိုတာ အင်မတန်ကြီးလှပါတယ်... .ရောင်းရ ရင် ကောင်းပေမယ့် ရောင်းမကောင်း ရတဲ့ လ တွေ မှာ ဆို ပေးရတဲ့ အခွန်အခ တွေ ၊ ကြော်ငြာခတွေ ၀န်ထမ်းစားရိတ်တွေ က အင်မတန်ထောင်းလှတာ မို့ ဆိုင် အချင်းချင်း ရောင်းမကောင်း ရင် ဆိုတာ ကို လည်း စာနာစွာ တွေးလိုက်မိပါတယ်......တကယ်တမ်းမှာ ဘယ်လောက်ကောင်းတဲ့ ကြော်ငြာ နည်းစနစ် နဲ့ ဘဲ ကြော်ငြာငြာ..ကြော်ငြာ ဆိုတာ Customer တစ်ယောက် ကို မလာခင် သာ တကြိမ်တော့ စမ်းလာဖြစ်အောင် ဆွဲဆောင်နိုင်တာပါ...အကြိမ်ကြိမ် အခါခါ ပြန်ပြန်လာဖို့ ဆိုတာ ကတော့ ကိုယ့် ဆိုင်ရဲ့ အရည်အသွေးကောင်းမှ ..၀န်ဆောင်မှု ကောင်းမှ ဆိုတာ ကို အဲဒီ ၀န်ထမ်းလေး မသိ နားမလည် ရရှာတာကို လည်း ဂရုဏာ သက်မိလိုက်ပါတယ်....
တစ်ခါ နောက်ထပ် ၀င်မိတဲ့ ဆိုင် ကတော့ ဖိနပ်ဆိုင်ပါ...လှပစုံလင် ဒီဇိုင်းဆန်းတွေ အပြင် စိတ်ချမ်းသာသွားတာ က ဆိုင်ရှင် လည်း ငုတ်တုတ်မို့ ဒီတစ်ခါတော့ ခုနကလို မဖြစ်တန်ကောင်း ရဲ့ ဆိုပြီး လျှောက် ၀တ်ကြည့် လိုက် ၊ မှန်ပြေးကြည့်လိုက်နဲ့ ပါဘဲ.. ..ကျွန်မ လိုဘဲ....အခြားသော ၀တ်လိုက် ချွတ်လိုက် နဲ့ မ၀ယ်ဘဲ လုပ်သွားတဲ့ Customer တွေ က လည်း အများကြီးပါ....မယူ ဘဲ ထွက် သွားတဲ့ Customer တွေ ကို နောက်ကွယ်က နေ ပေစောင်းစောင်း နဲ့ ကြည့်ပြီး တီးတိုး အတင်းပြောကျန်ခဲ့တဲ့ ၀န်ထမ်း တွေ က လည်း အများသားလား.....အဲဒီ အချိန်မှာ အရောင်း ၀န်ထမ်း ကောင်မလေး က မကြားတကြား နဲ့ စကားတခွန်းပြော လိုက်တာ ကိုကြား လိုက် မိ တဲ့ ကျွန်မ ဆိုင်က သင်တန်း ဆရာမလေး က အတင်းဘဲ ကျွန်မကို အပြင် ဆွဲခေါ်လာပြီး ဒေါသ တကြီး နဲ့ ဒီဆိုင်ကို ဘယ်တော့ မှ မလာတော့ တဲ့ အကြောင်း ပြောတာနဲ့ ဘာများဖြစ်သလဲ လို့. အတင်း....ချော့မေးတော့ မှ....ဖိနပ်တွေ ထုတ်ပြပြီး မယူဘဲ ပြန်ပြန်သိမ်းနေ ရတာ ဒေါသ ထွက် ကြောင်း နဲ့ အခု ကြည့်နေ တဲ့ ကျွန်မ တို့ ၀ယ်ရင်ဝယ် မ၀ယ်လို့ ကတော့ သူတို့ စီးတဲ့ ဖိနပ်တွေ နဲ့ ကောက်ပေါက် ပစ်မယ် ဆိုတာ ပါ....ဆိုင်ရှင် ငုတ်တုတ်ရှိနေပါရက် နဲ့ ကိုယ့်ဝန်ထမ်း ရဲ့ အချိုးမပြေမှု ကို လုံးဝ ဂရုမစိုက် ၊ သင်ကြားခြင်း မပြုသော ဆိုင်ရှင် ဆိုတာကို လည်းတော်တော် အံ့သြမိ ပါ တယ်......
မှတ်မိပါသေးတယ်...တခါတုန်း ကလည်း ကျွန်မ ခင်ပွန်းသည် နဲ့ ကြေးအိုး သွားစား တုန်း က ကြေးအိုး မှာ ထားတာ မရသေးတဲ့ အတူတူ အနားက ဒီဇိုင်းဆန်းတွေ စုံလင်တဲ့ အကျီဆိုင် ကို မျက်စိက ရောက်မိတာ မို့ ခဏသွားကြည့်မိပါတယ်...ကျွန်မ ကြုံ ခဲ့ ရတဲ့ အဲဒီ ဆိုင်လိုမျိုး ရဲ့ Customer Service ဆိုတာကတော့ တစ်သက်မှာ တစ်ခါမှ မတွေ့ဘူးလောက်အောင် ပါဘဲ....ဆိုင်ကြီး က လည်း ဟီးလို့..၀န်ထမ်းတွေအများကြီး ..သူတို့ရုပ်ကလေးတွေက လည်း ရုပ်သန့်သန့် နဲ့ရည်ရည် မွန်မွန် လေးတွေ ပါဘဲ.. .ဆိုင်ရှင် ယောကျာ်းကြီး က လည်း ကောင်တာ မှာ ထိုင်လို့ပါ...အဲဒီလို အပေါ်ယံလေး အကဲခတ်ရင်း အဲဒီ ဆိုင်ထဲ ကို လျှောက်ကြည့် မိတော့ ...အရမ်းထူးဆန်းတာ တစ်ခု ကို ရင်ဆိုင်လိုက်ရပါတယ်...အဲဒါ ကတော့ ကျွန်မ အကျီလျှောက် ကြည့်တဲ့ လျှောက်လမ်း တလျှောက်လုံး မှာ သူ့ဆိုင်က အနည်းဆုံး ၆ ယောက်ခန့်ရှိတဲ့ အရောင်း ၀န်ထမ်းတွေ တသီကြီး ကျွန်မ နောက် သို့ လိုက်လာခြင်း ဖြစ်ပါတယ် ။ သူတို့ အလုပ်မှာ လည်း သူတို့ ပြသနာရှိမှာဘဲ မို့...Customer နောက် ကို ၀န်ထမ်း တစ်ယောက်လောက် က လိုက်တာ...ခွင့်လွှတ်လို့ ရပေမယ့် ရှိသမျှ တစ်ဆိုင်လုံး က ၀န်ထမ်းနီးပါး က တကောက်ကောက် လိုက်တာ က တော့ တော်တော် အရုပ်ဆိုးတာ ပါ..ကျွန်မ က လည်း ကိုယ့် နောက် တကယ် လိုက်တာ ဟုတ်ရဲ့ လား ..ကိုယ် များ စိတ်ထင်တာ လားရယ် လို့...စမ်းချင် စိတ် ပေါက်လာ တာ နဲ့....သူတို့ ဆိုင် ရဲ့ အကျီ တွေ အများကြီး ချိတ်ထား တဲ့ လမ်းကြို လမ်းကြား ကို လျှောက် ၀င်လိုက်ပါ တယ်. ..လားလား..ကျွန်မထင်တဲ့ အတိုင်း ကျွန်မ နောက် က တစ်အုပ်ကြီး ပါလာတာပါ... ကျွန်မ ရပ်ရင် သူတို့ လည်း လိုက်တာ ရပ်ပြီး ကျွန်မ ဆက်လျှောက်ရင် သူတို့လည်း ဆက်လျှောက်ပါ တယ်....ဆိုင်ရှင် ကို မသိမသာ လှမ်းကြည့် လိုက်ပြန်တော့ လည်း ဆိုင်ရှင် က ပါ.. ကျွန်မ ကို ပြူးကြည့် နေတာ တွေ့ရပြန်ပါရော....အဲဒါ နဲ့ ဘဲ ၀ယ်ချင်စိတ် ကြည့်ချင် စိတ် ပျောက် ပြီး စိတ်တိုတို နဲ့ ကိုယ် က လည်း အင်မတန် ရစ်တတ်တဲ့ သူမို့...အသံမထွက်ဘဲ.. .ပြန်ရစ် ခဲ့မိပါတယ်...အဲဒါ ကတော့ သူတို့ ဆိုင် ရဲ့ ကြိုကြို ကြားကြား မှန်သမျှ ကို လျှောက်ဝင် ၊ ကျွန်မ နောက် က ရထားတွဲ ၀န်ထမ်းကြီး က ပါလာ....ကျွန်မ ကွေ့ရင် သူတို့လည်းကွေ့ ..ကျွန်မ ချိုးရင် သူတို့ လည်းချိုး နဲ့... ကျွန်မ နောက်ဆုတ်တော့ လည်း သူတို့ အတွဲလိုက်ကြီး ကျဉ်းတဲ့ အထည်လမ်းကြားလေး မှာ ပွတ်ခါ သီခါ နဲ့ ကွေ့ပတ် လမ်းလျှောက် ရင်း စိတ်ဆိုးရာက နေ ကြိတ်ရယ် နေရပါသေးတယ် ..ကိုယ် လည်း Customer နဲ့ ထိတွေ့ ဆက်ဆံနေရ ပြီး Customer နဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး အမှား နည်း အောင် အမြဲ ဂရုတစိုက် နေသူမို့ ကိုယ် Customer ဖြစ်တဲ့ အချိန်မှာလည်း နည်းနည်းမှ အမှား မခံနိုင်စွာ အင်မတန် စိတ်ဆိုး တတ်သူမို့ အသံလုံးဝ မထွက်ဘဲ.. စိတ်တိုင်းကျ အားရအောင် ရစ်လို့ ၀ မှ ပြန်ထွက် လာခဲ့ပါတယ်...နောက်ဆို အဲဒီ ဆိုင် လုံးဝ မသွားတော့ လို့ လည်း စိတ်ဒုံးဒုံးချ လိုက် ပါတယ်.... .ဆိုင်ပိုင်ရှင် ကြီး ကိုယ်တိုင် က ကိုယ့်ဆီလာတဲ့ Customer ကို သူခိုး ၀ိုင်း ဖမ်းသလို ပုံစံ နဲ့ ဆက်ဆံ ခိုင်း တာတွေ့ရလို့ လည်း ပထမ တော့ ၀န်ထမ်းတွေ ကို စိတ်ဆိုး မိပေမယ့် ကောက်ချက်ချ လိုက်မိတာ က သူတို့ ဆိုင်ရှင် ရဲ့ အသွန်အသင် အဆုံးအမ က အင်မတန်မှ ညံ့ဖျင်းလို့ဘဲ..လို့ လည်း ယူဆ လိုက် ပါတော့တယ်.....
ပိုဆိုးတဲ့ နောက် တစ်ဆိုင် ကတော့ အရမ်းနာမည် ကြီးတဲ့ ပိုးထည် တိုက် ကြီးပါ ….နောက် ဆုံးပေါ် ခေတ်မှီ ဆန်းပြားတဲ့ ပိုးထည်တွေ လည်း အများကြီးပါဘဲ…အပြင်ထွက် လက်စ မို့ လမ်း ကြောင်းသင့်နေ လို့ အစီအစဉ် မရှိဘဲ ၀င်ကြည့်မိပါတယ်….မှန်ပုံးကြီးတွေ နဲ့ လက်လက်ထ နေတဲ့ ပိုးထည်တွေ က ဗမာအင်္ကျီ မကြိုက်တဲ့ ကျွန်မ တောင် သွားရည် ယိုမိပါသေးတယ်…. .တစ်ဆိုင်လုံး လိုချင်တာလေး လှည့်ပတ်ကြည့်နေပေမယ့် လည်း ကိုယ့်ကို နွေးထွေးဖော်ရွေစွာ ဆက်ဆံနေသည့် ဟန်ပန်အမူအရာ လုံးဝ မရှိတာ ကို အလိုလို သိနေရပါတယ်…စိတ်အနှောင့်အယှက် ဖြစ်ပေမယ့် သူတို့ ဆိုင် ရဲ့ လှပတဲ့ ဒီဇိုင်းဆန်း အထည်တွေ ကို ကြည့်ချင်စိတ်က လွှမ်းမိုးနေတာ မို့…မှန်ပုံးထဲက ဘယ်အဆင်လေး ခဏပြပါ …ဆိုတော့ ၀န်ထမ်းတွေ က လည်း တုတ်တုတ်မှ မလှုပ် ၊ ဆိုင်ရှင် က လည်း မလှုပ်မယှက် နဲ့ ပါ..နောက်တစ်ခေါက် ထပ်ပြခိုင်းတော့ မှ…'' အခု တခါထဲ ၀ယ် မှာလား… ၀ယ်ရင် ပြမယ်..မ၀ယ်ဘဲ… ခဏခဏ ပြန်မခေါက်နိုင်ပါဘူး…'' တဲ့လေ….အဲဒါ နဲ့ ဘဲ… ကျွန်မ အဲဒီ အဆင်လေး ကြိုက်လို့ အလှုမှာ ၀တ်ဖို့ လိုချင်လို့ပါ …ပြန်လာခဲ့ပါမယ်…ဆိုတော့. ''.အဲဒီ အခါ ကျမှ လာပါ….'' တဲ့..ဆိုင်ရှင် သူဌေးမကြီး ကိုယ်တိုင် က ကို အားမနာတမ်းပြောချ လိုက်တာကို ခံပြီးပြန်လာခဲ့ရပါ တော့တယ်…..
နောက်တစ်ခါ ကျပြန်တော့လည်း တစ်မျိုးပါ...Fancy ဆိုင်လေး တစ်ဆိုင်မှာ ဖြစ်ပါ တယ်။. ...အဲဒီ နေ့ က လည်း ဆေးခန်း သွား ရင်း လူနာများလို့ စောင့်နေရတဲ့ အတူတူ တစ်ဘက် ကားလမ်း မှ ချစ်စဖွယ် ဆိုင် က လေး မို့ စပ်စုကြည့်ချင်တာ နဲ့ ဘဲ ရောက် သွားရ ပြန် တာပါ .....အဲဒီမှာတော့ ၀န်ထမ်းတွေ က လည်း ရည်ရည်မွန်မွန် ၊ ဆိုင်ရှင် က လည်း ဖော်ဖော်ရွေရွေ ပါ....ကြည့် ချင်တာ တောင်း ကြည့်တော့ လည်းတော်တော် စိတ်ရှည် စွာ နဲ့ ထုတ်ပြတာတွေ့ရပါတယ်....စိတ်ချမ်းသာတဲ့ ဆက်ဆံရေးကို ရလိုက်တဲ့ အတွက် လိုချင်တာလေး ၀ယ်ပြီး ပြန်ထွက်.ခါနီး မှ ..ညီမလေး တို့ ဆိုင် ကလေး ကဖွင့်တာ ကြာပြီလား.. တော်တော် စုံတာဘဲနော်...အမ က ဆေးခန်း လာရင်း နဲ့ ၀င်လာ တာ....ခါတိုင်း သတိတောင် မထားမိဘူး...လို့ ပြောလိုက်မိတော့ ချီးမွမ်းထား လိုက် မိတဲ့ အရောင်း ၀န်ထမ်းမ ကလေး က ဘာများ ပြန်ပြောမယ် ထင်ပါသလဲ..ရှင်...တအံတသြ ဖြစ်သွားတဲ့ အသံကျယ် ကြီးနဲ့ '' ဟယ် ဒီ ဆိုင် က ရန်ကုန် မြို့... မြို့လယ်ကောင်ကြီး မှာ ဖွင့်ထားတာ တောင် နင် တကယ် မသိဘူးလား ..နင် ရန်ကုန် က မဟုတ်ဘူးလား. ....'' တဲ့ ပါ...သူ့အသံ အကျယ်ကြီး ကို ကြားလိုက်တဲ့ တခြား သော ဈေးဝယ်သူတွေ က လည်း ကျွန်မ ကို လှမ်းကြည့်လို့ ပေါ့. ...ရှည်လိုက် မိတဲ့ ပါးစပ် မှတ်ကရော လို့ဘဲ...ကိုယ့်အပြစ်နဲ့ ကိုယ် အောင့်သက်သက် နဲ့ ထွက်လာရပါတော့ တယ်...ဒါလည်း ဘဲ.. .သူတို့ ရဲ့ ဆိုင်ပိုင်ရှင် သူဌေးဆိုတာ တွေ က မသွန်သင်ထားလို့ ဆိုတာ အလိုလို နားလည်လိုက်ရပါတယ်.....
စိတ်ဆိုးခဲ့ရတဲ့ အရောင်း ၀န်ထမ်းအမျိုးမျိုး ကြားမှ အမှတ်တရ ဖြစ်ခဲ့သော ပြည်လမ်းစိန်ဂေဟာ က အရောင်း ကောင်လေး တစ်ယောက် အကြောင်းလေး လည်း သတိတရ ပြောပြချင်ပါသေးတယ်…အဲဒီနေ့ က သမီးလေး ကို ကစားကွင်းထဲ ပို့ထားရင်း အနီးအနား က စက်ပစ္စည်း ကောင်တာ လေးတွေ ကို လျှောက်ကြည့်ရင်း ကိုယ်မတွေ့ဖူးတဲ့ စက်တွေ တွေ့လို့ မေးကြည့် / တောင်းကြည့်မိတာပါ…အမ က ၀ယ်ဖို့ အစီအစဉ် မရှိဘဲ လာတာမို့ …ပိုက်ဆံ လည်း မပါလို့ နောက်မှဘဲ..လာ ၀ယ်မယ်နော်…ဆိုတော့ လည်း ငြူစူခြင်း မရှိဘဲ …..အခု မ၀ယ်သေးတဲ့ စက်တွေ အမျိုးမျိုး ကို ကျွန်မတောင်းကြည့် သမျှ စိတ်ရှည်ရှည် နှင့် ရှင်းပြ ၊ စမ်းပြ နဲ့ ဘဲ..မ၀ယ်သေး တဲ့ Customer ကို စိတ်ရှည်လွန်းစွာ နဲ့ အသေးစိတ် ရှင်းပြနေတာမို့ မနေနိုင်စွာနဲ့ မောင်လေး က ဒီကုန်ပစ္စည်း သွင်းတဲ့ ကုမ္ပဏီ က အရောင်းမြှင့်တင် ၀န်ထမ်းလား…စိန်ဂေဟာ ၀န်ထမ်း လား ဆိုတော့ ........စိန်ဂေဟာ ၀န်ထမ်း ပါတဲ့ရှင်…စိန်ဂေဟာ ၀န်ထမ်းဆိုရင် ကောင်တာ တွေ က အလှည့် နဲ့ ပြောင်းနေရတာ မဟုတ်လား ဆိုတော့ ဟုတ်ကြောင်း နဲ့ သူဘယ်ကောင်တာ ပြောင်းရ ပြောင်းရ ..သူပြောင်းတဲ့ ကောင်တာ မှာ ရောင်းတဲ့ ကုန်ပစ္စည်း ရဲ့ ကောင်းတာ ဆိုးတာ ကို ဗဟုသုတ အဖြစ် အမြဲလေ့လာထားပါတယ်…ဆိုတာပါ…..စိတ်ထဲ က တော်တော်လေး ကျေနပ် ချီးကျူးလိုက် မိပါ တယ်….ကျွန်မ တကယ် သွားဝယ်ဖြစ်တဲ့ အခါမှာ အဲဒီကောင်လေး လည်း တခြားရောက်သွားပြီမို့ ရှာမတွေ့တော့ ပေမယ့်လည်း သူ့ကို လေးစားသော အားဖြင့် တခြားဆိုင်လည်း မသွားချင်တော့ ဘဲ..သူ သေသေချာချာ ရှင်းပြခဲ့တဲ့…ပစ္စည်းလေး ကိုသာ ကျေကျေနပ်နပ် ၀ယ်ခဲ့ဖူးတဲ့ အဖြစ်လေးပါ ….စိတ်ဆိုး ရတဲ့ အချိုးမပြေတဲ့ အရောင်းဝန်ထမ်း တွေ တွေ့ခဲ့ရတိုင်းလည်း အဲဒီ ၀န်ထမ်းလေး ကို အမြဲသတိတရ ရှိခဲ့ရပါတယ်…..
အဲဒီလို နဲ့ ကျွန်မ စိတ်ဆိုး ခဲ့ရတဲ့ ဆိုင်တွေ ၊ အရောင်း ၀န်ထမ်းတွေ ရဲ့ အားနည်းချက်နဲ့ အတုယူ အမှတ်ရခဲ့ရတဲ့ ဆိုင်/၀န်ထမ်းတွေရဲ့ အားသာချက်တွေ တော်တဲ့ အချက်တွေ တွေ့ရတိုင်း ကျွန်မ ဆိုင်က ၀န်ထမ်း ကလေးတွေကို …မကောင်းတာ ကို ရှောင်စေပြီး ကောင်းတဲ့သူ တွေ ကို အတုယူ နိုင်စေ ဖို့…လက်တွေ့ ဘ၀ ထဲက ပညာပေး သင်ခန်းစာ နဲ့ အသိပညာတွေ တပုံကြီး ကို အမြဲ တစေ လက်တွေ့ပြသ ခံစားစေပြီး….ကျွန်မ..ဝေဖန်မိခဲ့သလို …သားသမီး မကောင်း တော့ မိဘ ခေါင်း ၊ တပည့် မကောင်း တော့ ဆရာ့ ခေါင်း …၀န်ထမ်း မကောင်း တော့ …သူဌေးခေါင်း …ဟူ၍..…. ကျွန်မ ခေါင်းလည်း မဖြစ်ရလေအောင်..မျက်စိ ဖွင့်ပေးရင်း ….သူတို့မှားတာတွေ့ရင် ချက်ချင်း သင် ၊ အမြင် မတော်တာတွေ့ရင် ချက်ချင်းပြင်..Customer Complant ရရင် ချက်ချင်း ဆိုဆုံးမ ရင်း နဲ့ ဘဲ….ကျွန်မ ရဲ့ GINGER အမျိုးသမီး ကိုယ်ကာယအလှသင်တန်း ၊ မျက်နှာအဆီချ လုပ်ငန်း ၊ ခန္ဓာကိုယ် အဆီချ လုပ်ငန်းများ ကို မှားလိုက် ပြင်လိုက် အသစ် ထပ်ထပ် မှားလိုက် ၊ ပြင်လိုက် နဲ့ ဘဲ…အမှား များစွာ ကို အကောင်းဆုံး ကြိုးစား ပြုပြင်ရင်း လည်ပတ်နေရပါတော့တယ်…
မြန်မာပြည်က သူဌေးသမီးသူဌေးကတော်တွေ ဖွင့်တဲ့ဆိုင်တွေနေမှာပေါ့။
ReplyDelete