Wednesday, June 6, 2012

ကျွန်မ ကောင်းစွာ နားလည်ခဲ့ရပါသော Customer Service ဆိုတာ .........


               ကျွန်မ ဆိုင်မှာ အဆီ လာချရင်း ၊ လာ ကစားရင်း ညီအမ လို ခင်မင်ရသည့် အမ တစ်ယောက် က ...ကျွန်မ ဆိုင် ရဲ့ Website ကို အမှတ်မထင် ၀င်ကြည့်ဖြစ်ရင်း ကျွန်မ ..Website ဖြစ်သည့် .. http://www.gingerbeautyland.com ..မှာ Facebook Notes ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျွန်မ ရေးထားတဲ့ စာလေးတွေ တစ်ပုဒ် စ ၊ နှစ်ပုဒ် စ ၀င်ဖတ်ကြည့်ရင်း စိတ်ဝင်စားသွားတာ နဲ့ Website တစ်ခုလုံး ကို အချိန်ပေးပြီး ဖတ်လိုက်တာ မှာ...ကျွန်မ ရေးတဲ့ ဘ၀ နဲ့ ပတ်သက်တဲ့ စာလေးတွေ နဲ့ အထူးသဖြင့် Customer Service နဲ့ ပတ်သက်တဲ့ စာလေးတွေ ကို တော်တော် သဘာကျပါ တယ်...တဲ့....အဲဒီ စာတွေ ရေးနိုင်အောင် က Service နဲ့ ပတ်သက်တာ တွေ ကို ဘယ်မှာ သင်ထားတာလဲ..လို့ မေးတာ မှာ ...ကျွန်မ က Management Course တော်တော်များများ ကို အချိန်ပေးပြီး လိုက်တက်ဖူး ပါတယ်....ကိုယ်က Short Course ကိုသာ အချိန်ပေးပြီး တက်ရတာ ဖြစ်တဲ့ အတွက် Course တိုင်း ကို ကိုယ် နားလည်မယ့် အလွယ်ကူ ဆုံး အဓိပ္ပါယ် နဲ့သာ အသေမှတ်ပြီး ပြန်ပြန်လာရသလို ကိုယ့် ဆိုင်က ပေးတဲ့ ၀န်ဆောင်မှု မှန်သမျှ တိုင်း ရဲ့ ကောင်းတာ ဆိုးတာ ကို အမှန်အတိုင်း သိလိုတာ မှာ လည်း ကိုယ့် ကိုယ်ကိုယ် ပိုင်ရှင်နေရာ မှာ မနေဘဲ. ..Customer နေရာ ကနေ အမြဲနေနေကြည့် ရင်း မှားတာ ၊ လိုတာတွေ ပြင်ရင်း အတတ်နိုင်ဆုံး ကြိုးစား ဖန်တီးထား ရတဲ့ အကြောင်း ပြောမိတာကနေ.. သူ နဲ့ ကျွန်မ မရည်ရွယ်ပါ ဘဲနဲ့ Service နဲ့ ပတ်သက် တဲ့ အကြောင်း နဲ့ ကျွန်မ တို့ ဆိုင်ကောင်းသော ပြောင်းလဲခြင်းတွေ နဲ့ တော်တော်လေး အဆင့်မြင့် ပြောင်းလဲလာတဲ့ အကြောင်း ဆိုတာတွေ ကို ပါ.. ဆွေးနွေးဖြစ် သွား ပါတယ်...သူနဲ့ စကားစပ်မိတဲ့ ...Customer Service ဆိုတာ နဲ့ ကျွန်မ တို့ ဆိုင် တဖြည်းဖြည်း ပြောင်းလဲ ခဲ့ရပုံဆိုတာတွေ ကတော့. ......ဒီလိုပါ.......
ကျွန်မ ပတ်ဝန်းကျင် က အသိမိတ်ဆွေ တော်တော်များများ မှာ တူညီတဲ့ အချက် တစ်ခု ရှိကြပါတယ်... အဲဒါ က တော့ ပိုက်ဆံ တတ်နိုင်ရင် တတ်နိုင်သလို ကောင်းနိုင်သမျှ အကောင်းဆုံး ဆိုတဲ့ နေရာ ကို သွားချင်ကြတာပါ...အဲဒီ အကောင်းဆုံး ဆိုင် ဆိုတာ မှာလည်း ဆိုင်ရဲ့ အပြင်အဆင် ၊ ကျွမ်းကျင်မှု ၊ ၀န်ဆောင်မှု နဲ့သုံးစွဲတဲ့ ပစ္စည်း အမျိုးအစား တင် ကောင်း တာ မကောင်းတာ ကို စိတ်ဝင်စားကြတာ ထက် ...ပထမဆုံး သူတို့ စိတ်ဝင်စားကြတာ က....ဘယ်နေရာ မှာ ဖွင့်တာလဲ... ဘယ်လောက် အထိ အဆင့် အတန်း မြင့်မြင့် ပြင် ဆင်ထားလဲ ဆိုတာ ကို ပါ....ပြီးမှ သာ ဘယ်လိုလူတွေလာ လဲ... ဘယ်နေရာတွေ မှာ ကြော်ငြာလဲ... ဘာပစ္စည်းတွေ သုံးလဲ... ဘယ်လောက် အထိ လုပ်ငန်း ကျွမ်းကျင်မှု ရှိပြီး ၀န်ဆောင်မှု ဘယ်လောက် ကောင်းတဲ့ ဆိုင်မျိုး လဲ....ဆိုတာ ကိုပါ...အဲဒီ လို ပထမ ဆုံး ဘယ်မှာ ဖွင့်တာလဲ ဆိုတဲ့ နေရာ နဲ့ ဆိုင် အပြင်အဆင် Decoration မကောင်းတဲ့ အတွက် ကျွန်မ ဆိုင် ဆို တော်တော်လေး မျက်နှာငယ် ခဲ့ရပါတယ်...ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေ တွေ က အစ နင့် ကို ယုံကြည်လို့.. နင့် ဆီမှာ တော့ အဆီချ တာ /ကစားတာ လုပ်ချင်ပါတယ်...ဒါပေမယ့် ဘယ်မှာ ကစားလဲ...ဘယ်မှာ အဆီချသလဲ လို့ သူများမေး ရင် Traders ..တို့ ..Sedona တို့ ..The Grand Meeyahtar တို့ ဆို ဖြေလို့ ကောင်းတယ်..... ကျွန်မ နေရာ ဖြစ်တဲ့ ...အလုံ ၊ ဧရာဝတီလမ်း ၊ ဆင်မင်းဈေး နား မှာလို့ မပြော ချင်ဘူး.. .အောက်တယ် ... ဥပမာ ..အင်းယားလမ်း တို့ ..ပြည်လမ်းတို့ ..တက္ကသိုလ်ရိပ်သာလမ်းတို့ ဆို.. သူများမေး ရင် ဖြေလို့ ကောင်း တာပေါ့... ဆိုတာ ကို ကျွန်မ နားနဲ့ ဆတ်ဆတ် ကြားဖူးခဲ့လို့ ဘာမှ ပြန် မပြောနိုင်ပေမယ့်.. .. တော်တော်လေး ထိခိုက် ခံစားခဲ့ရဖူး ပါတယ် ....
ရင်းနှီးတဲ့ မိတ်ဆွေ တွေ နဲ့ သူငယ်ချင်းတွေသာ မက ...သင်တန်းတွေ သွားတက်ပြန်လို့ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက် ကြရင်လည်း ကျွန်မ အလုပ် နဲ့ ကျွန်မ ဆိုင်နေရာ က ဘယ်မှာလဲ မေးလို့ဖြေမိရင် ... နေရာ ကို အထင်မကြီးကြတဲ့ အတွက် မျက်နှာငယ် ရပြန်ပါရော....တခါ ၀န်ထမ်းဗြုန်းခနဲ ခေါ်တာမရလို့ နီးစပ်ရာ အသိုင်းအ၀ိုင်းမှာ မေးစမ်း ကြည့် ပြန်ရင်လည်း ..ကျွန်မ တို့ အလုပ် ဆိုတာ Body ကိုင်ရတာ ဖြစ်လို့..တော်တော့ တန်တန် ဘွဲ့ရ ဆိုတာ က မလုပ်ချင်ကြဘူး ဆိုတာ တစ်မျိုး. .Level နိမ့် လို့ ဆိုတာ က တသွယ်....Hair ပိုင်း တို့ ..Facial ပိုင်းတို့ ...Make Up ပိုင်းတို့ ကျတော့ သာ ...Technician... သတ်မှတ်တာ မို့ လူတိုင်း လုပ်ချင် ကြပြီး...Body ဆို ဘယ်သူမှ မလုပ်ချင်ကြပါ..ဆိုတာ က တစ်မျိုး ပါ....အဲဒီ အခါ မှာ ...ကျွန်မ စိတ်ထဲ က ပြန်ပြောမိတဲ့ စကား က Make Up သမား မှားရင် မလှတာ ....Facial သမား မှားရင် အဖု ထွက်လာမှာ.. .ဆံပင် သမား မှားရင် ကတုံး တုံး ပစ်ရမှာ နဲ့ ...Body သမား မှားရင် ....ဆေးရုံ ရောက်ရမှာ မို့...လူရဲ့ ခန္ဓာ ကိုယ် ကြီး တစ်ခု လုံး ကို အချိန်တို အတွင်း မှာ အန္တရာယ်ကင်းကင်း နဲ့ ပိန်အောင် လုပ်ပေးနေရတဲ့ သူတွေ ကို ဘာကြောင့် နှိမ့်ချစွာ မြင်ကြတာလဲ..... ဆိုတာပါ....
ထိုမျှ မကသေး ကျွန်မ ၏ ချစ်လှစွာသော မောင် တစ်ယောက် က ..သူတို့ဆိုင်လာတဲ့ Customer တွေ အတွက်... အခြားခြားသော...Branded အသုံး အဆောင်တွေ ၊ နာမည်ကြီး ကုန်တိုက်တွေ နဲ့လုပ်ငန်းချင်း Network ချိတ်ဆက်ထားပြီး Member Card လုပ်ကာ တစ်နေရာ က Customer တစ်ဆိုင်ဆိုင် မှာ တစ်ခုခု ၀ယ်ရင် အဲဒီ Network ချိတ်ထားတဲ့ တစ်ခြား ဆိုင်တွေ ဆီ ကပါ... အထူး ဈေးနှုန်း တစ်ခု နဲ့ ဈေးဝယ်ခွင့် ရတဲ့ အခွင့်အရေး မျိုး လုပ်ပေးထားတာမို့ စိတ်ဝင်စားရင် သူတို့ နဲ့ ချိတ်ပါလား လို့..ပြောခဲ့ဖူးပါ တယ်...သူတို့ နဲ့ချိတ်ထားတဲ့ ဆိုင်တွေ က တကယ့် နာမည်ကြီး ဆိုင်တွေ မို့ ကျွန်မ လည်း စိတ်ဝင်စားသွားတာ မှာ..သူ့နဘေးမှာ ရှိနေတဲ့ သူတို့ ရဲ့ အခြားသော Share Holders များရဲ့...အမြင် မှာ သေးနုတ်လှတဲ့ ကျွန်မ ဆိုင် ပါမှာ ကို မနှစ်မြို့တဲ့ မျက်နှာ နဲ့မလိုလားတဲ့ မျက်လုံး ကို မမေ့နိုင်စွာ နဲ့ မြင်လိုက်ရတဲ့ အတွက် အလိုက်တသိ ဘဲ ကျွန်မ ငြင်းခဲ့ပါတယ်....ကျွန်မ စိတ်ထဲ မှာတော့ ...တစ်နေ့ကျွန်မ သူတို့ အထင်ကြီး လက်ခံလောက်တဲ့ ..ဆိုင်ကြီး တစ်ဆိုင် အနေအထား ဖြစ်ကို ဖြစ်ရမယ်.... ဆိုတာ ပါ....သူတို့ သူဌေး ရဲ့ အမျိုး မို့ အားနာ ပါးနာနဲ့ လက်ခံလိုက်ရတဲ့... GINGER ဘယ်တော့ မှ မဖြစ်စေ ရ....ကျွန်မ ဟာ ကျွန်မ ဘဲ ဖြစ်ရမယ်... ဘယ်သူ့ အရှိန်အ၀ါ နဲ့ မှ အရောင်ဟပ်ပြီး မကောင်းတတ်လို့ လက်ခံ ရတဲ့ GINGER ..မဖြစ်စေရ ဆိုတဲ့....ခံယူချက်တွေ နဲ့ ဘဲ... ကျွန်မ ဆိုင် ကို တဖြည်းဖြည်း ကြိုးစားပြောင်းလဲမယ် လို့ ဆုံးဖြတ် ချက်ချခဲ့ ပါတယ်.....
အဲဒီမှာ ကျွန်မ အမြဲ စိတ်ညစ်နေရတဲ့ နေရာ ပြသနာပါ....ကျွန်မ လက်ရှိ နေရာ ကို ယခုလောက် အလုပ်တွေ ချဲ့ထွင်နိုင်ဖို့ အထိ မစဉ်းစားခဲ့မိဘဲ ၀ယ်ခဲ့တာ ဖြစ်သလို...ဧရာမ အခန်း ကျယ်ကြီး ဖြစ်လို့ ဗြုန်းစားကြီး ရောင်းဖို့ မဖြစ်နိုင်သေးသည့်အတွက် ... ကျွန်မ လူတွေ အထင်ကြီး ကြိုက်နှစ်သက်မယ် ထင်တဲ့ Shopping Mall တစ်ခု ကို စိတ်ကူးလိုက်ပါသေးတယ်....Shopping Mall ဖြစ်တော့ Shopping Mall နဲ့ လိုက်ရော ညီထွေမယ့် Decoration သာမက...ဆိုင်ခန်းခ ...နဲ့ လစဉ် ပြင်ဆင်စားရိတ်.. .မီးခ ၊ ရေခ ၊ အခွန်အခ. တွေ နဲ့ သူတို့ Shopping Mall မှာ ဖွင့်တဲ့ အတွက်..Shopping Mall ကြော်ငြာခ.....အားလုံးပေါင်းလိုက်ရင် တစ်လ ကို သိန်း ငါးဆယ်လောက် ရ ရင်တောင်...ဆယ်သိန်း ကျန်ဖို့ မလွယ်ကူတဲ့ အနေအထား ဖြစ်နေပါတယ်....အဲဒီလို တွက်ချက်ပြီး ... တွေဝေနေတုန်း ကျွန်မ တို့ ဆိုင် ကို နှစ်သက် သဘောကျစွာ နဲ့ တစ်လ တိတိ အဆီချနေတဲ့ ပိုက်ဆံ လည်း တော်တော် ရှိပုံရတဲ့ အန်တီကြီး တစ်ယောက် က သူဆိုရင် ..ဆိုင်တော်တော် များများ မှာ လုပ်ဖူးတဲ့ အကြောင်း...ကျွန်မတို့ ဆိုင် ကိုလည်း သူများ ညွှန်းလို့ လာ တာ ဖြစ်ကြောင်း နဲ့ ကျွန်မ တို့ ဆိုင်မှာ သူ ဆက်တိုက် လုပ်ဖြစ်နေတဲ့ အကြောင်း က နွေးထွေးမှု ရှိတဲ့ ဆက်ဆံရေး ၊ ကျိုးနွှံ ယဉ်ကျေး တဲ့ ၀န်ထမ်း ၊ အာမခံပေးတဲ့ ၀န်ဆောင်မှု နဲ့တာဝန်ယူမှု ... စတာတွေ ကို သဘော ကျ လို့ သာ လာတာ ဖြစ်ကြောင်း ..၊ နေရာ အပျံစား ဆီ ကို သွားပြီး...အဓိက က Service မကောင်းရင် အလကား မို့... Service ..သာ ကောင်းပါစေ.. .နေရာ မှာ အားနည်းတာ ...အဓိက အချက် မဟုတ်ဘူး...ဘယ်သူ အထင်ကြီးကြီး မကြီးကြီး ကိုယ့် အလုပ်ကို အကောင်းဆုံး ဖြစ်အောင်သာ လုပ်..ကျန် တာ ခေါင်းထဲ မထည့်နဲ့...ဆိုတဲ့ သူ့ စကားနဲ့တင် ...ကျွန်မ အမြင် မှန် ရပြီး..service ကို သာ အဓိက အကြံပေးသွားတဲ့ အတွက် လည်း အဲဒီ အန်တီကို တော်တော်လေး ကျေးဇူးတင် သွားခဲ့မိပါတယ် ....
အဲဒီ လို နဲ့ Shopping Mall သွားမယ့် အစား ကိုယ့် ဆိုင်နေရာလေး ကို သပ်ရပ် သန့်ရှင်းအောင် အကောင်းဆုံး ပြန်ပြင်ရင်း နဲ့မှ ကျွန်မ ဆိုင် ရဲ့ အားနည်းချက်တွေ ကို ပိုင်ရှင် နေရာ က မကြည့်ဘဲ ကိုယ့် ဆိုင်လာတဲ့ Customer နေရာ ကနေ မြင်အောင်ကြည့် ပြီး.. ..ကျွန်မ သာ ဆို ဘာတွေ မနှစ်သက်ဘူး ဖြစ်မှာလဲ ...ဆိုတာ ကို အရင်ဆုံး အဖြေ ရှာ ကာ...ဆိုင် အပြင်အဆင် ၊ သန့်ရှင်းမှု ၊ ၀န်ထမ်းတွေ ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ၊ လုပ်ငန်းကျွမ်းကျင်မှု ၊ အလုပ် ကို လေးစားမှု ၊ တာဝန်ယူမှု ၊ ကိုယ့် ကို ထမင်းကျွေးတဲ့ Customer တွေ အပေါ် ပြောတဲ့ အတိုင်း ကတိ တည်ဖို့ ၊ တစ်ခုခု အမှားအယွင်း တစုံတရာ ရှိခဲ့ရင် တာဝန်ယူဖို့ က စပြီး ခေတ်နဲ့ အညီ အသစ် အသစ်သော စက်ပစ္စည်းများ တိုးချဲ့ သုံးစွဲလာဖို့ အထိ ...တဖြည်းဖြည်း ပြောင်းယူခဲ့ရတာ သာ ဖြစ်ပါ တယ်....အဲဒီလို နဲ့ လူတွေ ရဲ့ ယုံကြည်မှု ရအောင် တည်ဆောက် ရသလို...သက်ရှိ ခန္ဓာ ကိုယ် များ ကို ပုံဖော် ပုံသွင်း ယူရတာ ဖြစ်တဲ့ အတွက် ခန္ဓာ ကိုယ် နဲ့ အသားအရည် ဖွဲ့စည်းပုံ က တစ်ယောက် နဲ့ တစ်ယာက် သဘော သဘာဝ ချင်း မတူညီကြ တာမှာ... . မတော်တဆ အမှား အယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင် လည်း အဲဒီ အမှား ကို ကိုယ့် ၀န်ထမ်း ရဲ့ အပြစ် လို့ ပုံမချခဲ့သလို... .အခန့်မသင့် ရင် ဖြစ်တတ်ပါ တယ်...လို့လည်း မဖြေသိမ့်ဘဲ...သူတို့ စိတ်ကျေနပ်တဲ့ အထိ. .. တောင်းပန် ရ....ပိုမိုကောင်းမွန် တဲ့ ၀န်ဆောင်မှု များ နဲ့ ထပ်မံ တာဝန်ယူပေးရနဲ့ဘဲ .....ယခုအခါမှာ ပျော်ရွှင်စွာ လည်ပတ်နေ တတ်ပြီ ဖြစ်ပါ တယ် ..
ကျွန်မ အားကစား သင်တန်း စ ဖွင့်ခါ စ က ... လာကစား တဲ့ သူတွေ ထဲမှာ တချို့သော သူတွေ က လေး ၊ ငါး ရက် နှင့် လည်း မတတ် ၊ တစ်ပတ် နဲ့ လည်း ကစားနည်း မမှန်လို့...ကျွန်မ ဆိုင်က သင်တန်း နည်းပြ ကလေးတွေ ရဲ့ မျက်နှာ မှာ ..သူများ မသိပေ မယ့် ကျွန်မ တစ်ယောက် ထဲ သိတဲ့ မသာယာ တဲ့ မျက်နှာမျိုး ဖြစ်နေခဲ့ရင်...ကျွန်မ မှားယွင်းစွာ ဆုံးမ ခဲ့ဖူးသည့် အများနှင့် အလုပ်လုပ် တာ ဖြစ်လို့ အများရှေ့ မှာ ...စိတ်မရှည် လည်း ရှည်ချင်ဟန်ဆောင်ရတယ်...စေတနာ မရှိလည်း ၊ ရှိ ဟန်ဆောင် ရတယ် ....မချိုသာ ချင် လည်း သူ့ပိုက်ဆံ ယူထားတဲ့ အတွက် ချိုသာချင်ယောင်ဆောင်ရတယ်....ဆိုတဲ့ စကား ကို ...ယခု အချိန် မှာ တော့ နောင်တ ရခြင်းများစွာ ၊ ရှက်ရွံ့ခြင်း များစွာဖြင့် ....Customer ဆိုတာ ကိုယ့် ကို ထမင်းကျွေးတဲ့ သူ ၊ ပိုက်ဆံ လာပေးတဲ့ သူ တွေ ဖြစ် တယ်....သမီး တို့ လစာ တွေ ဆိုတာ အမ ပေးတဲ့ ပိုက်ဆံ မဟုတ်ဘူး...Customer တွေ က ပေး တာ ဖြစ် လို့.....ကိုယ် သာ ပိုက်ဆံပေးရတဲ့ Customer ဖြစ်ခဲ့ရင် ဆိုတဲ့ စိတ်ကလေး သွင်းကာ ဘာ အလုပ်ဘဲ... လုပ်လုပ် .... အားကစားဘဲ သင်သင် ၊ အဆီဘဲ ချချ ၊ မျက်နှာ ဘဲ လုပ်လုပ်...သူ လှသွားပါစေ... သူ နေကောင်းသွား ပါစေ... သူ ကျေနပ် သွားပါစေ...ဆို တဲ့ စေတနာ စိတ် ကလေး နဲ့တွဲ လုပ်ဆိုတာ...ဆိုတာ ကို သာ အရိုးထဲစွဲ အောင် သွန်သင် ဆုံးမ နေရ သလို ... အလုပ် စလုပ်ခါစ အချိန်များ က Customer နှင့် ပတ်သက်၍ မှားယွင်းမိ ခဲ့တဲ့ ...အမှား များစွာ ကိုလည်း ...နောင်တ ရခြင်း များစွာဖြင့်.. ..ကျွန်မ ခဏခဏ တွေး ခဲ့ဖူးသလို ကျွန်မ ဘ၀ ကို အမှားမရှိဘဲ.... .ပြန်စ ချင်တယ်...ကျွန်မ ချစ်တဲ့ GINGER ကိုလည်း အမှား မရှိတဲ့ GINGER ဖြစ် ချင်သလို ..ကျွန်မ ပေးခဲ့ရတဲ့ Customer Service တိုင်း ကို လည်း အမှား အယွင်း မရှိတဲ့ ...Service သာလျှင် ဖြစ်လိုက် ချင်ပါတော့တယ်.....
သို့ပါသော်လည်း....အမှားအယွင်း များစွာ သာ မရှိ ခဲ့ရင် ကျွန်မ လည်း ဒီနေရာ ကို ရောက်လာမှာ မဟုတ်သလို... ကျွန်မ ချစ်တဲ့ GINGER ဆိုတာ လည်း အမှား မရှိရင်...အမှန်ဆုံး အနေအထား နဲ့ အကောင်းဆုံး ၀န်ဆောင်မှု ဆိုတာ ဖြစ် မလာနိုင်ပါ...အဲဒီ အတွက်...ကျွန်မ ကို ကြိုးစားချင်စိတ် ရှိလာအောင် ...အမှားအယွင်း များစွာ ဖန်တီးပေးခဲ့တဲ့ သူပေါင်း များစွာ ... ၊ အမှတ်သည်းခြေ ကြီးတဲ့ ကျွန်မ စိတ် ကို ဒဏ်ရာ အနာတရ များစွာ နဲ့ ကျွန်မ အလုပ် ကို မတူမတန် ဆက်ဆံ ခဲ့တဲ့ သူပေါင်းများစွာ ....နဲ့ ကျွန်မ လွဲမှားစွာ ဆက်ဆံ တုန့်ပြန် ခဲ့ဖူးတဲ့ Customer ပေါင်း များစွာ ကို ...အခုချိန် မှာ တော့ ..သတိရခြင်း များစွာနဲ့...ကျေးဇူးတွေတင်ရင်း........စိတ်မရှည် လည်း ရှည်ချင်ဟန်ဆောင်ရတယ်...စေတနာ မရှိ လည်း ရှိ ဟန်ဆောင်ရ တယ်....မချိုသာချင် လည်း ...ချိုသာချင်ယောင်ဆောင်ရ တယ်....ဆိုတာ အစား.....မိမိ ဆိုင် တစ်ဆိုင် အောင်မြင်စေဖို့ အတွက် ...Customer နဲ့ Service ..သာလျှင်..အရေးကြီးဆုံး ရယ် လို့... ခံယူပြီး... ကျွန်မ တို့ ယူသည့် အခကြေးငွေ နှင့် ကျွန်မ တို့ ပြန်ပေးသည့် ၀န်ဆောင်မှု ထိုက်တန်မှု ရှိ မရှိ ကို ဆိုတာ....အမြဲ ဆန်းစစ်ကြည့် လို့.. Customer များ ၏ အပြန်လမ်း တိုင်း စိတ်ကျေနပ် ပျော်ရွှင်ကျေနပ်မှုများစွာဖြင့် ပြန်သွားရသည့် Customer အပြန်လမ်း ဖြစ်စေ ဖို့.စိတ်ထုံး ၊ နှလုံး မူရင်းဖြင့်သာ...... .အောင်မြင်မှုရသော ပန်းတိုင် တစ်ခု ဆီသို့ ....ချီတက်နေရပါတော့တယ်.....

No comments:

Post a Comment