Wednesday, June 6, 2012

Discount & Quality ............


               ကျွန်မ အားလပ်တဲ့ အချိန် စာရေးချင်စိတ် ရှိတဲ့ အခါတိုင်း များသောအားဖြင့် အလှအပ နဲ့ ပတ်သက်တဲ့ စာလေး တွေ နဲ့ အလုပ်လုပ်ရင်း ကျွန်မ ကြုံတွေ့ ဖြတ်သန်းလာရတဲ့ အတွေ့ အကြုံ နဲ့ ပတ်သက်တဲ့ စာလေးတွေ အများ ဆုံး ရေးဖြစ် ပါတယ်… အကြောင်း အကျိုး တိုက်ဆိုင်ချိန် နဲ့ စိတ်ပါတဲ့ အချိန် မှာ မှ ရေးဖြစ်တယ် ဆိုပေမယ့် လည်း ကိုယ်ရေး တဲ့ အကြောင်း အရာ က ကိုယ် ရည်ရွယ်တဲ့ Target ဆီတော့ ရောက်စေချင်မိပြီး ဖတ်မိတဲ့ သူဘက်မှ လည်း အလှအပ ဆောင်းပါး ဆို အမျိုးသမီးတွေ အတွက် … အလုပ် နဲ့ ပတ်သက်တာ ဆို ကိုယ့် လိုဘဲ စမ်းတ၀ါးဝါး နဲ့ အလုပ်ခွင် ၀င်ရင်း မှားပြီး မှ သိ ၊ သိပြီး မှ ပြင်ရမယ့် အစား ကျွန်မ အမှားအတွက် နမူနာ ယူပြီး ရှောင်ရန်ဆောင်ရန် လေး ကျန် ခဲ့စေ ချင်တဲ့ စေတနာ နဲ့ အလုပ် စ လုပ် မယ့် မောင်လေး ညီမလေးများ အတွက်....စတဲ့ ကိုယ်တင် တဲ့ စာတိုင်းက ဖတ်တဲ့ သူအတွက် တစ်ခုခု အကျိုး ရှိစေ ချင်တဲ့ စိတ် ကလေး တွေ ကြောင့် .....အားလပ်တဲ့ အခါ ....Facebook ပေါ်မှာ စာတွေ ရေးဖြစ်နေ ခြင်း ဖြစ်ပါ တယ် …….အခု ရေးမယ့် Discount နဲ့ Quality ဆိုတဲ့ ဆောင်းပါး လေး ရေးဖြစ်တဲ့ အကြောင်းရင်း က ဒီလိုပါ.....
ကျွန်မ အမေ နဲ့ အင်မတန်မှ ချစ်ခင်ရင်းနှီးတဲ့ အမေ သူငယ်ချင်း ရဲ့ သမီးလေး က အလှပြင်ဆိုင် တစ်ဆိုင် ဖွင့်ချင်တဲ့ အကြောင်း....ကျွန်မ နဲ့ စကားစမြည် ပြောကြရင်း သူက ဆိုင် ဖွင့်ပြီး လူ မလာ မှာ / ရှုံး မှာ ကြောက်တဲ့ အတွက်....ဖွင့်တာ နဲ့ ဈေးကွက် တစ်ခု ရအောင်...အဲဒီ မြို့နယ် တ၀ိုက်မှာ ရှိတဲ့ အလုပ်ချင်း တူနေတဲ့ သူများ ဈေးကွက် တွေ လိုက်လေ့လာ ၊ ဈေးကွက် အပြိုင် ( Discount ) ချပြီး ....သူများ ဆီလာမယ့် Customer ကိုယ့် ဆီလာအောင် လုပ်ယူမယ့် အကြောင်း အားတက် သရော ပြောပြပြီး ကျွန်မ ကို လည်း အကြံဥာဏ် တောင်း ပါ တယ်.... အခု ချိန်မှာ ကျွန်မ သည် လည်း အလုပ်ခွင်ဝင်တာ ( 7 ) နှစ် နီးပါး ရှိခဲ့ပြီမို့...အလုပ်ရဲ့ သဘောတရား ကို တော်တော်လေး လည်း နားလည် သဘောပေါက်နေပြီ မို့....ကိုယ် မှားခဲ့ ဖူးသလို မမှားရအောင်...မလိုအပ်ဘဲ.... Discount မချဖို့ နဲ့ ကိုယ် လုပ်တဲ့ အလုပ် ကို ကြိုးကြိုးစားစား လုပ်ပြီး လာတဲ့ Customer တွေ အပေါ် စေတနာ လေး ထည့်လုပ် သွားခြင်းဖြင့် ဗြုန်းခနဲ မှာ အုံးအုံးထပြီး မအောင်မြင်သော်ငြား လည်း ရေရှည် မှာ အောင်အောင်မြင်မြင် ရပ်တည်နိုင် မှာဖြစ်ကြောင်း ပြောပြ ပါတယ်.. ....
သို့ပါသော် လည်း ကျွန်မ ဘယ်လောက် ပြောပြော သူ့ရဲ့ ဆိုင်ဖွင့်ပွဲ ဖိတ်လို့ သွားတဲ့အခါမှာ လှပ ခမ်းနားတဲ့ ဆိုင် အပြင် အဆင် ၊ စုံလင် လှတဲ့ ၀န်ဆောင်မှုများစွာ နဲ့ တကွ....ဆိုင်သစ် ဖွင့်ပွဲ မိတ်ဆက် အထူး လျှော့ဈေး 50 % OFF ဆိုတဲ့ ဧရာမ ဆိုင်းပုဒ် ကြီး ကို တွေ့လိုက်ရ ပါတယ်....ဘယ်နှစ်ရက် ချမှာလဲ ဆိုတော့ မိတ်ရအောင် အကြာကြီး ချမှာပေါ့ တဲ့.. ...စားသောက် ပြီးတော့ အားပေး သွားပါအုံး ဆိုတာ နဲ့ ဘဲ....ခေါင်းလေးဘဲ လျှော်သွားတော့မယ် နော်...ဆိုပြီး ....ခေါင်းလျှော် ရင်း လျှော်ပေးတဲ့ ကလေးမလေး က ဖော်ဖော် ရွေရွေ ၊ စိတ်ရှည်သူ မို့...သဘောကျစွာ နဲ့ ဘဲ.. Discount 50 % Off ဆိုတော့ ပုံမှန် ဈေးက ဘယ်လောက်လဲ.... ဆိုတာ စပ်စု မိတော့ ... Discount အချိန်မှာ လျှော်ရင် ပုံမှန်ဈေး က 3000 /ကျပ် တဲ့.... Discount ပြီးသွား ရင်တော့ ပုံမှန် ဈေး က 2000 /ကျပ် ပါတဲ့....Discount အချိန် ရဲ့ပုံမှန် ဈေးက ပိုတောင် များနေပါ့လား ဆိုတော့.... ပျော့ဆေးတွေ ...ပေါင်းဆေးတွေ ထည့်ပေးတာမို့လို့ပါတဲ့... ..တခါ ဖြောင့် ရင် ကောက် ရင် ...ဘယ်လောက်လဲ... ဆိုတော့ လည်း ထူးဆန်းစွာ ဘဲ... Discount မချရသေးတဲ့ ပုံမှန်ဈေး က ပိုတောင် အဆမ တန် ကြီး နေ ပါတယ်....ကျွန်မ သိတာ က Discount ချမယ် ဆိုရင် ပုံမှန်ဈေး က ...ဥပမာ.... 50000 /ကျပ် ဆို Discount 50% Off ဆို 25000 /ကျပ် ဘဲ...ဖြစ်ရ မှာပေါ့... .တော်တော် ထူးဆန်းတဲ့ နည်းနဲ့ ချတဲ့ Discount ပါလားလို့.. ..စဉ်းစား လိုက်မိ ပါတယ် ......ဘေး ပတ်ဝန်းကျင် ကို ကြည့် မိတော့လည်း Discount ဆိုတာ နဲ့ လူ တအုံးအုံး နဲ့ ဖြောင့်ခေါင်း ၊ ကောက်ခေါင်း ၊ ခေါင်းလျှော် ၊ အညှပ် များ နဲ့ လက် မလည်အောင် ပါဘဲ... ..ခေါင်းလျှော်ပြီး တာ နဲ့ ကျွန်မ လည်း ....အသက် 20 သာသာ ရှိသေးတဲ့ သူ့သမီးလေး ရဲ့ ဆိုင်ဖွင့်ပွဲ ပထမ ဆုံးနေ့ အောင်မြင် မှု အတွက်.. ..ဂုဏ်ယူဝင့်ကြွားစွာ နဲ့ အပြုံး ပန်းတွေ ဝေ ဆာနေ တဲ့ ကျွန်မ အမေ ရဲ့ သူငယ်ချင်း အန်တီ ကို နှုတ် ဆက် ရင်း ပြန် လာခဲ့ပါတော့တယ်.......
အဲဒီလို နဲ့ လ အတန်ကြာလို့ သူတို့ ဆိုင်နား ကို အကြောင်း ကိစ္စ ရှိလို့ သွားရင်း ၀င်နှုတ်ဆက်လိုက်အုံးမယ် ဆိုပြီး ၀င်သွား မိတော့ ဖွင့်ခါစ က နဲ့ မတူတဲ့ ထူးဆန်းတဲ့ Discount ချနည်း နဲ့ ချထားတဲ့ Discount ဆိုင်းပုဒ် ကိုတွေ့လိုက် ရပြန်ပါ တယ်.. ...ဆိုင်ဖွင့်ပွဲ ( 6 ) လ ပြည့် အထူး....ဆံပင် ပေါင်းတင်လျှင် မျက်နှာ ပေါင်းတင် ( Free ) ၊ 2 ယောက် လုပ်လျှင် 1 ယောက် Free ...ဆိုတာပါ....ဒီတစ်ခါ ၀င်သွားတဲ့ ဆိုင်ရှင် ညီမလေး ကို လည်း မတွေ့ရ ၊ ဆိုင်လာတဲ့ သူ က လည်း နည်းပါး ...၀န်ထမ်းတွေ က လည်း ဧည့်သည် ၀င်လာတာတောင်...ကြိုဆိုသမှု မရှိ ၊ စကား အပြော မပျက် ၊ TV ကြည့် မပျက် နဲ့...ခေါင်းလျှော်ပြန်တော့ လည်း အချင်းချင်း စကားတွေ လှန်းပြော ၊ လက်ကသာ အလုပ် လုပ်နေ လုပ်ပေးတဲ့ လူရဲ့ စိတ်က လွင့်ချင်ရာ လွင့်နဲ့ ...တခါ ပြန်သွားတဲ့ သူ ရဲ့ နောက် ကွယ်မှာ အတင်းပြောပြီး ကျန်ခဲ့ကြ နဲ့.. ..တော်တော် လေး ကို စိတ်ကုန် စရာကောင်းနေ ပါတယ်...ဒီရက် လူရှင်း လို့ပါလား ဆိုတော့ ....လူတွေ စီးပွားရေး မကောင်းကြတော့...သမီး တို့ Discount ချပေးလည်း လာ မလုပ်နိုင်ကြတော့တာ ပါတဲ့.....သူ့ အဖြေ ကို ကြားမိတဲ့ ကျွန်မ တောင် ပြုံးမိသွားသေး တယ်..... သူလည်း အခုမှ အလုပ်စ လုပ်တာကိုး ...နောက်တော့လည်း သူ့ အမှား သူ မြင် ပြီး....ပြန်ပြုပြင် သွားရင် ပြန်အဆင်ပြေသွားမှာ ပါ လို့ တွေးရင်း ကျွန်မ အလုပ် စလုပ်ခဲ့စဉ် အချိန်တုန်း က လည်း အဲဒီ ညီမလေး လိုဘဲ. ..အလွယ်ကူဆုံး နည်းလို့ တွေးမိခဲ့တဲ့ သူများဈေးကွက်ကို ဖျက်ပြီး ဘယ်သူတားတား နားမလည် လက်မခံခဲ့မိတဲ့ အလွယ်ကူဆုံး သူများဈေးကွက် ကို ဖျက်ပြီး Discount ချပြီး မိတ်ခေါ်တဲ့ နည်းနဲ့ ဆိုင် စ ဖွင့် ခဲ့တဲ့ အချိန်ကို သတိရ လိုက်မိပါတယ်.......
အဲဒီ အချိန်တုန်း က ကျွန်မ တွေးခဲ့ဖူးတဲ့ အလွယ်ကူဆုံး ဈေးကွက်ဖောက် / ဖျက် နည်း ဆိုတာ လည်း သူ့လိုပါဘဲ… ကိုယ် လုပ်မယ့် အလုပ် ၊ ကိုယ် ရွေးချယ်တဲ့ မြို့နယ် မှာ ကိုယ် လုပ်မယ့် အလုပ် နဲ့ တူနေတဲ့ အလုပ် ၊ တူနေတဲ့ ၀န်ဆောင် မှု တွေ ရှိခဲ့ရင် ..… ဥပမာ ကျွန်မ စခဲ့ တဲ့ အားကစားသင်တန်း ဘဲ ဆိုပါတော့ … ကိုယ့်ဆိုင် က သူတို့ထက် အခန်း ပို ကျယ် မယ်… သူတို့ ထက် စက်တွေ ပိုစုံမယ် ။ အခန်း အပြင်အဆင် မှာ ကိုယ့် ဆိုင် က သာနေပြီး ဈေးနှုန်း မှာ သူတို့ ယူတဲ့ ဈေးနှုန်းထက် ပိုပြီး Discount ချလိုက် ရင် သူတို့ Customer အလိုလို ကိုယ့်ဆီ ရောက်လာ မှာ ဘဲ ..….ဆိုတာ နဲ့ ပြီးမှ ပုံမှန်ဈေး ရောက်တဲ့ အထိ ဈေးကို တဖြည်းဖြည့်း ဆွဲတင်သွားမယ် … ဆိုတာ ပါ….အဲဒီ အတွက် သူများတွေ ဈေး က ( 1 ) လ ကို 8000 ကျပ်လောက် ရှိတဲ့ အချိန်မှာ ကျွန်မ 5000 ကျပ် နဲ့ စ ဖွင့် ခဲ့ပါတယ်.... ကျွန်မ မှန်းခဲ့သလို ဘဲ တကယ်ဘဲ သူတို့ လူ ၊ ကိုယ့် လူ အကုန် လာပါတယ်….. Discount ရဲ့ အောင်မြင်ချက် ကတော့ ကျွန်မ စတင် ဖွင့်ဖွင့် ချင်း လ မှာ ဘဲ….လာ ကစားတဲ့ သူပေါင်း အယောက် ( 150 ) ကျော် ပါတယ်…..နောက် လ မှာ လည်း Discount ရှိသေး တာ မို့ လူ ( 180 ) ကျော် လာပါတယ် …အဲဒီ လိုနဲ့ ဖွင့်ဖွင့်ချင်း လူ အုန်းအုန်း ထ ပြီး ၀င်နေခဲ့တဲ့ Special Promotion Discount ဆိုတဲ့ … အချိန် ကို ကျော်ပြီး ဆွဲတင် လာတဲ့ ပုံမှန် ဈေးရောက် တဲ့ အထိ အခါ မှာ လူတွေ က တဖြည်းဖြည်း လျော့ လျော့ လာပါ တယ်… .အဲဒီ က နေမှ….တစ်လ လုံး လာ ကစားတဲ့ လူ အရေအတွက် ( 100 , 80 , 60 , ….) စသဖြင့် တဖြည်းဖြည်း လူ အရေအတွက် လျော့ ကျကျ လာပါတယ် ။ တစ် နှစ်ပတ် လုံး ပုံမှန် ဈေးတွေ နဲ့ မှာ လူတွေ ပါး လိုက် နွေရာသီ ဆိုင် နှစ်ပတ်လည် ဆိုရင်… Discount ပြန်ချ လိုက်… လူတွေ အုန်းအုန်းထ ပြန်ဝင် လိုက် …ပြန် ပါးသွား လိုက် နဲ့ ဘဲ … Discount ချရင် လူအုံတယ် ဆိုပြီး Discount သံသရာ လည်နေခဲ့ပါတယ်….တကယ့် တကယ်တမ်း မှာ Discount ချပြီး တရုန်းရုန်း ၀င်ခဲ့တဲ့သူတွေ Discount မရှိတဲ့ အချိန်မှာ ပြန်ပြန်ပါး သွားတဲ့ အဓိက အကြောင်းရင်း က Discount မရှိတော့လို့ မဟုတ်ဘဲ... ၊ အလုပ် အပေါ် ကြိုးစား အားထုတ်မှု ၊ Customer တွေ ကို ဂရုစိုက်မှု ၊ ကိုယ့်ရဲ့ ၀န်ဆောင်မှု စတာတွေ မကောင်းတော့ တဲ့ အတွက် လာတဲ့ လူတွေ တဖြည်းဖြည်း ပါးပါး လာခြင်း ဖြစ်ကြောင်း ဆိုတာတွေကို အဲဒီ အချိန်တွေ က မသိ နားမလည်ခဲ့တာ အမှန်ပါ.....
အဲဒီလို မသိ နားမလည်ခဲ့တဲ့ အတွက် လူပါးရင် ဘာကြောင့် လူပါးသွားလဲ ကို မစဉ်းစား မတွေးတောဘဲ...လူပါးတာ နဲ့ ဒီအလုပ် က မကောင်းတော့လို့ ....ရယ်လို့ဘဲ...စဉ်းစားမိပြီး....လက်ရှိ အလုပ်ကို ထပ်ထပ် ချဲ့ချင် လာတဲ့ အတွက် မကစားဘဲ.. သက်တောင့် သက်သာ အချိန်မကုန် ဘဲ ပိန်လိုသူ တွေ အတွက် …..အမြန် ပိန်အောင် လုပ်ပေးနိုင်တဲ့ အချိန်တို အတွင်း အထူး အာမခံ နဲ့ အဆီ ချပေးတဲ့ ၀န်ဆောင်မှု ကို စလုပ်ဖြစ် ပြန် ပါတယ်…..အဲဒါ လည်း ပထမ လို ပါဘဲ…. စ လုပ်လုပ်ချင်း လူ အုံချင် တော့ သူများ ဈေး ထက်လျှော့ ၊ ပြီးမှ တဖြည်းဖြည်း ဈေး ဆွဲတင် …နဲ့ Discount အချိန် လူဝင်လိုက် ပြီးရင် လူပြန်ပါး သွားလိုက် နဲ့ ပါ …. Discount ချရင် လူဝင်တယ် ဆိုတာ အကြမ်း အားဖြင့် မှန်ကောင်း မှန်ပေမယ့်….၀န်ဆောင်မှု မကောင်း ရင် ၊ Discount ဆိုင်းပုဒ် ချထားလည်း လူ မလာ ၊ Magazine ထဲ Discount ချကြောင်း ကြော်ငြာ တိုင်း လည်း လူ မလာ ၊ သတင်းစာ ထဲ Discount ထည့်တိုင်းလည်း ထင်သလောက် လူမလာ နဲ့… Discount မရှိတဲ့ အချိန် လူလာ ပြန်တော့ လည်း အကြာကြီး ချမိတဲ့ Special Discount ဆိုတဲ့ ဈေး ကို စွဲသွားလို့... ပုံမှန်ဈေး မပေးချင်တော့…တဲ့ အတွက်… ကိုယ့် ပုံမှန် ရှိရမယ့် ဈေးကို ကိုယ်ပြန် သတ် လိုက်သလို အထိလည်း ဖြစ်ခဲ့ရဖူးပါတယ် …
တစ်ခါ ကိုယ်နဲ့ လုပ်ငန်းတူ ဆိုင်တွေ ပေါလာတော့ လက်ရှိ အလုပ် က လုပ်လို့ သိပ်မ ကောင်းတော့ ဘူး... တခြား အလုပ်လေး ရှာ လုပ်အုံးမှ ဆိုပြီး....ကိုယ့်အလုပ် ကို သူများနဲ့ မတူဘဲ ခွဲထွက် အောင် ဘယ်လိုလုပ် ရင် ကောင်းမလဲ မစဉ်းစား ဘဲ.... သူများတွေ Wedding Studio ဖွင့်လို့ ...အားကျ ပြီးလိုက်ဖွင့် ပြန်တော့ လည်း ....အဆက် အစပ် မရှိဘဲ.. .ကိုယ်တိုင် ကြီးကြပ် မှ အောင်မြင်မည့် အလုပ်နှစ်ခုကို တပြိုင်ထဲ လုပ်မိပြန်တော့ အလုပ်က မကောင်းရတဲ့ အထဲ.... အရှုံးပေါ် အရှုံးဆင့် နဲ့ ကျွန်မ မိတ်ကပ် နဲ့ ဓာတ်ပုံ မှာ ထိုင်ရင် ....အဆီချ တဲ့ ဘက် က လစ်ဟင်း ...နဲ့ ပိတ်ပစ် လိုက်ရ အောင် က လည်း ကိုယ့်လိုင်း မဟုတ်တဲ့ အလုပ်ကို လုပ်မိပြီး မအောင်မြင်လို့ ပိတ်လိုက်ရတာ ကို ရှက် လှတာမို့ ....ပေတေပြီး ဆက်ဖွင့်ရင်း နဲ့ မှ လုံးလုံး မခံနိုင်တော့တဲ့ အဆုံးကျမှဘဲ....ကျွန်မ ရဲ့ အဓိက အလုပ်ဖြစ်တဲ့ အဆီချတဲ့ အလုပ်နဲ့ အားကစားသင်တန်း အလုပ် ကို ဘဲ...ဖြစ်ဖြစ်မြောက်မြောက် ဇောက်ချ ပြီး လုပ်တော့မယ် လို့ စိတ်ဒုံးဒုံးချကာ... ကျွန်မ ရဲ့ အမှား ၊ ကျွန်မ ၀န်ထမ်း ရဲ့ အမှား ၊ ကျွန်မ ဆိုင် ရဲ့ အမှား များစွာ ကို မြင်အောင်ကြည့် လို့…. အမှားတွေ ကို အတတ်နိုင်ဆုံး ကြိုးစား ပြုပြင် ယူရင်း နဲ့ တစ်ဘက် ကို လျော့မှ ဖြစ်မယ် လို့ စိတ်ဆုံးဖြတ်လိုက်ပြီး ဓာတ်ပုံ နဲ့ မိတ်ကပ် ဆိုင်ကို .... ဆိုင်လို တနေကုန် မဖွင့်တော့ဘဲ.....ကျွန် မ ဆိုင်ရဲ့ မိတ်ကပ် ပြင်တာ ကို ကြိုက်လို့ မိတ်ကပ် နဲ့ ဓာတ်ပုံ တွဲရက် လာအပ် မှဘဲ... လက်ခံပြီး Studio လို သွားသုံးကာ ကျွန်မ.... .မဖြစ် ဖြစ်အောင် ပြန် လုပ်မယ် လို့ ဆုံးဖြတ် ထားတဲ့ အဆီချတဲ့ အလုပ် နဲ့ မျက်နှာ အဆီချ တဲ့ အလုပ် ၊ မျက်နှာ ပြုပြင်တဲ့ အလုပ်များ ကို ....စိတ်နှစ်ပြီး ပြန် လည် ၍ ဇောက်ချ လုပ် ကိုင်နေခဲ့ပါတော့တယ်.....
အခုချိန်များမှာ ကျွန်မ ကောင်းကောင်း ကြီး နားလည် သဘောပေါက်ခဲ့တာ ကတော့ …ကျွန်မ တို့ဆီ လာတဲ့ Customer တိုင်း ရဲ့ တူညီတဲ့ လိုအပ်ချက် က ကျွန်မ တို့ ပေးတဲ့ Discount မဟုတ် ဘဲ .... ကျွန်မ တို့ ဆိုင်မှာ သူတို့ ကို မလှ လှအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် နဲ့ သူတို့ ကို လှကို လှသွားအောင် ဖန်တီး ပေးလိမ့်မည် ဆိုတဲ့ မျှော်လင့်ချက် တွေ သာဖြစ်ကြောင်း တဖြည်းဖြည်း သိမြင် လာရမှ တစ်ယောက်ထဲ လာလာ... လာတဲ့သူလေး...ကို အကောင်း ဆုံး ကြိုးစားပြီးနောက်ထပ် မိတ်ကလေး ရအောင် ဆက်လုပ်သွားဖို့လိုအပ်သလို….Quantity များဖို့ ထက် Quality ဖြစ်ဖို့ အဓိက ဆိုတာ သိမြင် လာခဲ့ရတာ..…ကြော်ငြာဆိုတာ ဘယ်လောက် ကောင်းကောင်း လူ တစ်ယောက် ကို တစ်ကြိမ် တစ်ခါသာ လာအောင် ဆွဲဆောင်နိုင်ပြီး… အပြန်ပြန် အခါခါ ပြန်ပြန် လာဖို့ …လူသတင်း ကို လူချင်းဆောင် ပြီး…. သတင်းကောင်း နဲ့ ပြန်လာစေတာသာလျှင်... အကောင်းဆုံးဆိုတာ …လက်ခံ ယုံကြည်ခဲ့ပြီမို့....ကိုယ့် ဆိုင်နှစ်ပတ်လည် လိုမျိုး မှာ တစ်ရက်တစ်လေ အမှတ် တရ Discount ချတာ မျိုး ၊ Hotel တွေမှာ Bridal Show တွေ ကျင်းပလို့ အဲဒီနေ့ တစ်နေ့တာ မှာ အဲဒီပွဲ ကို လာတဲ့ သူတွေ ကို အမှတ်တရ.. Discount ချပေးတာမျိုး က လွဲ၍ မလိုအပ်ဘဲ...လူပါးတိုင်း Discount ချတာ ....သူများ ဈေး ကွက် ကို လိုက်ယှဉ်တာမျိုး ၊ ဈေးဖျက်တာမျိုး လုံးဝ မလုပ် တော့ဘဲ...ကိုယ်သာ အကောင်းဆုံး ၀န်ဆောင်မှု ဖြစ်အောင် လုပ် ...ကိုယ့် ၀န်ဆောင်မှု ကြိုက်တဲ့ Customer ကိုယ့်ဈေးပေးပြီး ကိုယ့် Market ကို ရောက်လာလိမ့်မယ် ...ဆိုတာကို ..လက်ကိုင် ထားပြီး…....ဆိုင်ချင်းတူရင် ကိုယ့်ဆိုင် ရဲ့ စေတနာ နဲ့ ၀န်ဆောင်မှု က သာဖို့ …. တဒင်္ဂတာ အခကြေးငွေ ရဖို့ အတွက် ကိုယ့် ဆိုင် ကို ယုံကြည် လို့လာတဲ့ လူတွေ ရဲ့ ယုံကြည် မှု ကို အလွဲသုံးစား မလုပ်မိစေဖို့….မဖြစ်နိုင်တာ ကို မဖြစ်နိုင်ကြောင်း ရှင်းပြ ပြီး အတိကျဆုံး အာမခံ နဲ့ အကောင်းဆုံး ၀န်ဆောင် မှုဖြစ်အောင် ကြိုးစားသွားဖို့… .အတတ်နိုင် ဆုံး အမှား နည်းအောင် လုပ်ဖို့ ….မိမိကြောင့် ၊ မိမိ ၀န်ထမ်းကြောင့် အမှား အယွင်း တစ်စုံ တစ်ရာ ဖြစ်ခဲ့ ရင်လည်း မိမိတို့ဘက်က မှားမိသည့် အမှား အတွက် …တာဝန်ယူ ဖို့ ..Customer တိုင်း ရဲ့အပြန်လမ်း သည် Ginger မှ ကျေနပ် ပျော်ရွှင် စွာ ပြန် သွားသည့် အပြန်ဖြစ်စေဖို့၊ Customer များ၏ ယုံကြည်မှု ကို ကာလ ရှည်ကြာစွာ ပိုင်ဆိုင်နိုင်စေဖို့…များကို သာ ကြိုးစား လုပ်ကိုင် ရင်း လုပ်ငန်းတူ ဆိုင်တွေ ဘယ်လောက်ဘဲ များလာလာ မစိုးရိမ် ၊ မကြောင့်ကြတော့ ဘဲ…အကောင်းဆုံး…. .ခွဲထွက် နိုင်အောင်သာ ကြိုးစား အားထုတ် နေခဲ့ပါ တော့တယ် ....…
Discount နဲ့ Quality ဆိုတဲ့ ခေါင်းစဉ် နဲ့ စာလေး ရေးဖြစ်တဲ့ အကြောင်းက လက်ရှိမှာ Service ဘဲ ရောင်းရောင်း ၊ Product ဘဲ ရောင်းရောင်း ရောင်းနေတဲ့ လုပ်ငန်းရှင် တွေ နဲ့ အပြင်၊ သွားရင်း လာရင်း ဆိုင် တစ်ဆိုင် ရဲ့ အရောင်းမြှင့် တင်တဲ့ အထူး Discount ဆိုတဲ့ ကြော်ငြာတွေ ကို တွေ့တိုင်း ကျွန်မ လို စိတ်ဝင်စားတတ်ကြတဲ့ Customer တွေ အတွက်ပါ… . ရည်ရွယ်ပြီး..... ဒီစာလေး ရေးဖြစ်ခြင်းဖြစ် သလို ....Customer တွေ ဘက် က လည်း Discount ကြော်ငြာတွေ့တိုင်း ...စိတ်မလည် သွားမီ ပထမဆုံး ဘာအတွက် ချတဲ့ Discount လည်း ဆိုတာ ကို အရင်ဆုံး သုံးသပ် ကြည့် ဖို့လိုပါတယ်...Discount ဆိုတာ က ဘာအတွက် Discount တာလဲ…အထိမ်းအမှတ် တစ်ခုခု အနေ နှင့် လား ၊ ဆိုင် တစ်ဆိုင် စဖွင့်ဖွင့်ချင်း မိတ်ခေါ်တာလား ၊ လက်ကျန် ရှင်း တာလား ၊ ရောင်းအား ကျလို့ မိတ်ပြန် ခေါ်တာလား ၊ ဆိုင်အပြီး ဖြုတ်လို့ Discount ချတာလား... စသဖြင့် အမျိုးမျိုး ရှိပါတယ်… သာမန်အတွေး နှင့် ရိုးရိုးလေး တွေး ရင်တောင်....ကိုယ် ပုံမှန်ဈေး နဲ့ မှ တွက်ချေ ကိုက်မယ့် အလုပ် တစ်ခု ကို ဘယ် ဆိုင်ရှင် က မှ... Discount ချပြီး လျော့ ယူချင်မှာ မဟုတ်တာ ကိုပါ......အဲဒီ အတွက် မလိုအပ်ဘဲ ချတဲ့ Discount တိုင်း ရဲ့ နောက်ကွယ် မှာ မမြင်ရ တဲ့ ပြသနာ လေး တစ်ခုခု ရှိနိုင်တယ် ဆိုတာ ကိုပါ ထည့်သွင်း စဉ်းစားဖို့လိုအပ်ပါတယ်....
လုပ်ငန်းရှင် ဖြစ်လာမယ့် မိတ်ဆွေ သူငယ်ချင်းများ နဲ့ မောင်လေး ညီမလေး များ ဘက်မှ ဆိုလျှင် လည်း ….. ပထမဦးဆုံး ကိုယ်ပိုင် စီးပွားရေး အလုပ် တစ်ခု ကို လုပ်တော့မယ် ဆိုတာ နဲ့ ကိုယ့် ကိုယ် ကိုယ် အရင်း သုံး သပ်စေ ချင်ပါတယ်…ကိုယ် ဟာ ဒီ အလုပ် ကို ဘာကြောင့် လုပ်မှာလဲ ။ ၀ါသနာ ကြောင့် လား ။ အလုပ်ဖြစ်မယ် ထင်တဲ့ ယုံကြည် ချက် ကြောင့် လား ၊ အတွေ့ အကြုံ တစ်ခု ရချင် လို့ လား ၊ ရေရှည် လုပ်နိုင်မှာလား…..ကိုယ်ရေရှည် မလုပ်နိုင် ရင် ဘယ်သူ က ဆက် လုပ်နိုင်မလဲ…အဲဒီ ဆက်လုပ်ပေးမယ့် လူကိုရော ကိုယ် ဘယ်လောက် ကြာကြာ ထိန်းထား နိုင် မလဲ….. ကိုယ်ရွေးချယ် ခဲ့ တဲ့ နေရာ အကွက် အကွင်း က ရေရှည် ကောင်းနိုင် လား …မအောင်မြင် ခဲ့ရင် ဘာလုပ်မလဲ … ကိုယ် ထင်တာထက် ပိုအောင်မြင် ခဲ့ရင် ပိုတိုးချဲ့ လုပ်ကိုင်နိုင် မယ့်နေ ရာလား ….က အစ …တစ်ခါ ကိုယ် ရည်ရွယ် ထားတဲ့ Market က ဘယ်လောက် အလွှာ လဲ ။ အဲဒီ Market မှာ လက်ရှိ ဖွင့်နေတဲ့ ဆိုင် ဘယ် နှစ်ဆိုင်ရှိလဲ …ဘယ်နှစ် ဆိုင်က အောင်မြင်ပြီး ၊ ဘယ်နှစ်ဆိုင် က မအောင်မြင်လဲ ။ အောင်မြင်တဲ့ ဆိုင်ရဲ့ အဓိက အချက် ၊ မအောင်မြင်တဲ့ ဆိုင် ရဲ့ မအောင်မြင်ရခြင်း အချက် ….စတဲ့ အချက်တွေ အကုန် လိုက်လေ့လာ ၊ နားလည် တဲ့ သူတွေ နဲ့ မေးမြန်းတိုင်ပင်ပြီး မှ…ကိုယ့် စိတ် ကိုယ် ပိုင်ပိုင်နိုင်နိုင် နဲ့ ဆုံးဖြစ်ချက် ချပြီး မှ လုပ်ဖို့ လိုအပ်သလို ….လုပ်ရင်း နဲ့ မှ ထင်သလို မဖြစ်လာရင် လည်း မရူနိုင် မကယ်နိုင် နဲ့ Discount တွေ ချရ ၊ လက်ဆောင်တွေ ပေးရ ၊ Promotion တွေ လုပ်ရနဲ့ ၊ ဗေဒင် ယတြာ တွေ လည်း မနေရ နဲ့ စိတ်ကူးတည့်ရာ စမ်း တ၀ါးဝါး လျှောက်လုပ်မယ့် အစား ကိုယ့်ဆိုင် စ ဖွင့်တဲ့ အချိန် က နေ ကျရှုံး နေရတဲ့ လက်ရှိ အချိန် အထိ….အခြေအနေ အမှန် အတိုင်း ကို အားမနာ ..သက်ညှာ မတွေး စတမ်း အမှား ရှာလို့ … ဒုတိယ အကြိမ် အကောင်းဆုံး ပြန်လည် ကြိုးစား ပြုပြင်ရင်း နောင် နှစ်ပေါင်း များစွာတိုင် အောင်မြင်မှု တည်တံ့ ခိုင်မာ နိုင်စေသော ပြိုင်ဘက်မရှိ အောင်မြင်သည့်... Quality လုပ်ငန်းရှင်ကြီးများ ဖြစ်နိုင် ကြပါစေ လို့……

No comments:

Post a Comment