Sunday, July 8, 2012
Multilevel ( Network Marketers) များ နှင့် Service ( or ) Product ရောင်းသူများ အားလုံး အတွက် .....
by Swe Myatt Hay Thi on Sunday, July 8, 2012 at 11:57am ·
             ကျွန်မ မြန်မာစာ ကို ၀ါသနာ ပါတဲ့ အတွက် ငယ်စဉ် က စပြီး စာရေးခြင်း အလုပ် ကို ခုံမင်ခဲ့ဖူး ပါတယ် .... စာရေး ဆရာ ဖြစ်လောက်အောင် ထူးချွန် လှတဲ့ ပါရမီ မပါပေမယ့် .... စာရေး ဆရာမ ဖြစ် ချင်တယ် ....လို့တော့ စိတ်ကူးယဉ် ခဲ့ဖူးပါတယ် .... မှတ်မှတ်ရရ .... ကျွန်မ ၁၀ တန်း ဖြေပြီး တဲ့ နှစ်လောက် က မတောက်တခေါက် စာလေး ရေးပြီး စင်တင် ကလောင်သစ် တွေ ကို အောင်မြင် စွာ မွေးထုတ်ပေးနေတဲ့ ယခုချိန် ထိ အောင်မြင်မှု များစွာ ရနေဆဲ ဖြစ်တဲ့ စာပေတိုက် တစ်ခု ကို ဖုံးဆက် ပြီး ကလောင်သစ် တင်တာ နဲ့ ပတ်သက်ပြီး စပ်စပ်ဆော့ဆော့ မေးကြည့်ဖူးသလို ... အဲဒီ ထုတ်ဝေသူ က ကျွန်မ စပ်ဆော့ ပြီး ဖုံးဆက်မေးတာ ကို အထင် တကြီး နဲ့ နာမည်တို့ လိပ်စာ တို့ တောင်းတဲ့ အတွက် မညာချင်တော့တာနဲ့ အမှန်အတိုင်း ဖြေခဲ့ဖူးပါတယ်.... အဲဒီ စပ်ဆော့မှု ရဲ့ အကျိုးသကာလ က နောက် တစ်နေ့ ညနေ မှာ အဲဒီ ထုတ်ဝေသူ ခမျာ သူ့စာအုပ်တိုက် က နာမည်ကျော် စာရေးဆရာတွေ ရဲ့ စာအုပ်တွေ တစ်ထပ်ကြီး နဲ့ ကျွန်မ ရေးထားတဲ့ ၀တ္တု နမူနာ တွေ ကို ပါ ဝေဖန် သုံးသပ်ပေး ဖို့ နောက်ထပ် နာမည်ကျော် စာရေး ဆရာကြီး တစ်ယောက် ကို တောင် အပါခေါ်လာပါသေးတယ် .... စိတ်ကူးတည့်ရာ ရောက် တတ်ရာရာ လျှောက်ရေးနေသည် မှ လွဲ၍ စာအုပ်ထုတ်ရလောက်အောင် ပြစရာ စိုးစဉ်း မှ မရှိသေးသည့် ကျွန်မ ခေါင်းနပန်းကြီးစွာဖြင့် တွေ့ရမှတော့ မထူးပါဘူး ဆိုပြီး ... အဲဒီ ထုတ်ဝေသူ ကို သိချင်တာ အကုန် လျှောက်မေးခဲ့သမျှ ကို တကယ့် နာမည်ကြီး စာရေးဆရာမ တစ်ယောက် ကို တလေးတစား ဆက်ဆံ သွားသည့် ပမာ လေးလေး စားစား ဖြေပြီး သေသေချာချာ ရှင်းပြသွား တာ ကို ကြုံလိုက်သလို ...နောင် တစ်ချိန် မှာ တကယ် စာရေး ဆရာမ လုပ်မယ် လို့ ဆုံးဖြတ်ပြီး ရင် ဖုံးဆက်လိုက်ပါ ... သေသေ ချာချာ သင်ပေးပါ မည် ...ဆိုတာ ကို ပါ ထပ်ပြောသွားပါသေး တယ် ......
               နောက်တစ်ခါကျ ပြန်တော့ ကျွန်မ တို့ ဆရာကြီး ဖြစ်သည့် မြန်မာစာ ဂုဏ်ထူး ဦးသိန်းနိုင် ဆီ မှာ ဆရာကြီး မင်းသုဝဏ် တို့ ဆရာ ဇော်ဂျီ တို့ စာပေသင်တန်း ဖွင့်မယ် ... စာရေးတာ ၀ါသနာ ပါတဲ့ သူတွေ လာနားထောင်လို့ ရတယ် ဆိုပြန်တာ နဲ့ ရည်ရွယ်ချက် ရယ်လို့ ကြီးကြီးမားမား မရှိလှပေမယ့် ၀ါသနာတော့ ပါသေးတာမို့ .... သွားနားထောင် ဖြစ်ခဲ့ပါသေးတယ်.... အဲဒီ မှာ စာရေးနည်း ၊ ကဗျာ စပ်နည်း တွေ ကို ပါ သဘောတရားလောက် ထည့်သင်သွားတဲ့ အပြင် ... အဓိက နားသွင်းသွားတဲ့ အကြောင်း အရာ က စာရေးရင် ကိုယ်ရေးတဲ့ စာတစ်ပုဒ် ဟာ ဖတ်မိသူ အတွက် တစုံတရာ အကျိုးရှိစေမယ့် စာသာ ဖြစ်ရမယ် ... အဆိပ် အတောက် စာပေ မဖြစ်စေရ ....နောက် တစ်ခု က ကိုယ့် ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက် ကို တစ်ဦး တစ်ယောက် သိစေချင်ရုံမျှ နှင့် စာပေ နှင့် စာဖတ်သူ ကို ခုတုန်း မလုပ်မိစေရ ..... ဆိုတာ ပါ .... အဲဒီ က စပြီး ကျွန်မ ကိုယ့် ကိုယ် ကိုယ် အမှန်အတိုင်း ဆင်ခြင်သုံးသပ်ကြည့် မိပါတယ်..... အမှန်တကယ် ၀ါသနာ ပါတာလား .... ဤ အလုပ် မှာ နှစ်မြှပ်ပြီး အသက်မွေး ၀မ်းကျောင်း လုပ်မှာလား ..... နာမည်ကြီးချင်တာ လား ....နောက် ကျွန်မ ကို တလေးတစား လာတွေ့ သွားသည့် ထုတ်ဝေသူ နှင့် စာပေသင်တန်း မှာ သင် သွားသည့် ဆရာကြီး တွေ ကဲ့သို့ ဤ အလုပ် နှင့် စာပေ အပေါ် ရိုးသားစွာ လုပ် ကိုင်နိုင်မှာလား ..... လို့ အကြိမ်ကြိမ် ဆင်ခြင် သုံးသပ် ပြီးချိန် မှာ အဲဒီ အခါ ရဲ့ စာရေးချင် စိတ် က တစ်ဦး တစ်ယောက် ကို ရည်ရွယ်လိုတဲ့ စိတ် / နာမည်ကြီးချင် တဲ့ စိတ် တွေ ကိုသာ အရင်းတည်နေလို့ ရိုးသားစွာ စာရေးလိုခြင်း မဟုတ်သည့် အတွက် ..... စာရေးခြင်း အလုပ် ကို စွန့်လွှတ်ခဲ့ပါတယ် .....
               အဲဒီ အချိန်ကထဲ က စာရေးခြင်း အလုပ် နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပေမယ့် ..... စာဖတ်ခြင်း ကို တော့ တစ်ခြားသော အပန်းဖြေ နည်းများ ထက် ပိုပြီး နှစ်သက်တဲ့ အတွက် အားရင် ကျွန်မ ရဲ့ အပန်းဖြေချိန် ဆိုတာ စာအုပ် ဖတ်ချိန် များသာ ဖြစ်ခဲ့ပါတယ် ..... အဲဒီ က နေ မှ တစ်ခါ ကျွန်မ ချစ်ခင် နှစ်သက်တဲ့ စာရေး ဆရာမ တွေ နဲ့ အပြင်မှာ ရင်းနှီး ခင်မင်ခဲ့တာ က စပြီး စာရေးချင်တဲ့ ပိုး က ပြန်ဝင်လာပြန်ပါတယ် ..... စာရေးဆရာမ မဆုမြတ်မွန်မွန် နဲ့ အပြင် မှာ ခင်မင်သွားတော့ ငယ်ငယ်တုန်း က စာရေးချင်ခဲ့တဲ့ ပိုး အကြောင်း ပြောပြမိရင်း နောက်ပိုင်း မှာ သူမ က ကျွန်မ လက်ရှိ လုပ်နေတဲ့ အမျိုးသမီးတွေ ရဲ့ အလှအပ အလုပ်တွေ တော်တော် များများ နဲ့ ပတ်သက် ပြီး အလှအပ ဆောင်းပါးလေး တွေ မဂ္ဂဇင်း တွေ မှာ ရေးပါလား ရယ် လို့ ..... အားပေးသွားပြန်တာ ရယ် ... တစ်ခါ ကျွန်မ ဆိုင် ကို Internet က နေ သိပြီး လာတဲ့ သူတွေ ကို ကြိုတင်လေ့လာနိုင်ဖို့ Website  တစ်ခု မှာ စာလေးတွေ စတင်ရေးလို့ ... အဲဒီ စာလေးတွေ ကို ဖတ်ပြီး လူတွေ ထပ်ထပ်လာကြတာ ကို အကြောင်းပြုတာ က စပြီး ... အိမ်နားနီးချင်း အကို တစ်ယောက် က ပါ အကြံပေးတာ ကို သဘောကျတာ နဲ့ Facebook  မှာ အားတဲ့ အခါ စာရေးနေတဲ့ သူ တစ်ယောက် ဖြစ်မှန်း မသိ ဖြစ်လာပါတယ် .... အဲဒီ Facebook Notes  မှာ ရေးတဲ့ ကျွန်မ စာလေးတွေ ကို ကျွန်မ Website  ဖြစ်တဲ့ www.gingerbeautyland.com  မှာ  Facebook Notes   ဆိုတဲ့ ခေါင်းစဉ် အကြီး တစ်ခု ယူပြီး အဲဒီအောက်မှာ မှ သက်ဆိုင် ရာ ခေါင်းစဉ် ငယ်လေးတွေ ထပ်မံခွဲပြီး တင်ထားခဲ့တာ မှာ ...... အဲဒီ ဆောင်းပါးလေး တွေ ကို ဖတ်မိတဲ့ သူ တွေ .... စာဖတ်သူ က နေ Customer ဖြစ် ..... တခါ Customer  ကနေ စာဖတ်သူ ဖြစ် နဲ့ ..... ကိုယ် က ဗဟုသုတ လေးတွေ ဝေမျှ ၊ အဲဒီ ဗဟုသုတ လေးတွေ ဆီ က နေ Customer  အသစ် အသစ်တွေ ထပ်ထပ် ရ နေတာ က စပြီး ....... စာတွေ ပိုပို ပြီး ကြိုးစား ရေးဖြစ်လာသလို ... ကျွန်မ အထက် တွင် ရေးခဲ့ဖူးသလို ..... ကိုယ်ရေးတဲ့ စာက ဖတ်မိတဲ့ သူတွေ အတွက် ... အဆိပ် အတောက် မဖြစ်စေဖို့ နဲ့ ကိုယ် ရည်ရွယ်တဲ့  Target  တစ်ခု ဆီ ကို အကျိုး သက်ရောက်မှု ရှိစေဖို့ ဆိုတာ ပိုပြီး တာဝန်ကြီးလာ ပါတယ် .... ထို့ အတွက် ကျွန်မ စာရေးတဲ့ အကြောင်း အရာတိုင်း ကို....  သေသေချာချာ စဉ်းစားပြီး မှ ရေးဖြစ်တာ ဖြစ်သလို ....  ထို စာ တစ်ပုဒ် ကြောင့် မည်သူ တစ်ဦး တစ်ယောက် ၏ အကျိုး စီးပွား ကို မှ မထိခိုက်စေချင်တာကြောင့်  .... ယခု ရေးချင်သည့် အကြောင်း အရာမျိုး ကို သတိကြီးစွာ ထားပြီးရေးရသလို ... ကိုယ် ရေး လိုက်မိ သည့် စာ အတွက် ကိုယ် တာဝန်ယူ ဖို့ ဆိုတာ ကို ပါ အလိုလို နားလည် လာရပြန်ပါတယ် .....
                  နိဒါန်း အရှည်ကြီး ချီပြီး မှ ရေးရတဲ့ အကြောင်းအရာ က ..... ကျွန်မ ကိုယ်တိုင် မကြာခဏ တွေ့ကြုံနေရသည့် ကျွန်မ တို့ မြန်မာနိုင်ငံ မှာ ရောင်းနေကြသည့် ....  Multi-Level Marketing လို့ ခေါ်ကြတဲ့ ကွန်ယက် စနစ်  Network Marketing  က အရောင်း ကိုယ်စားလှယ် အချို့ ၏ ရောင်းဝယ်ပုံ များနှင့် ပတ်သက်ပြီး အဓိက ပြောချင်လို့ဘဲ ဖြစ်ပါတယ် .... Network Marketing  ဆိုတာ အကြမ်းမျဉ်း အားဖြင့် ပြောရရင် ကုန်ပစ္စည်း တစ်ခု ကို Media  တွေ မှာ မကြော်ငြာဘဲ သုံးစွဲသူ လက်ဝယ် သို့ တိုက်ရိုက် ရောက်စေချင်သည့် အတွက် ပစ္စည်း တစ်ခု ကို ကိုယ် အရင်သုံးတာ က စပြီး တကယ် ကောင်းတာကို ကိုယ် သိတာ က စလို့ တစ်ဆင့်ပြီး တစ်ဆင့် ကိုယ့် မိတ်ဆွေ အပေါင်းအသင်း များ ဆီသို့ ဆင့်ပွား ထပ်ထပ် ရောင်းချတဲ့ ရောင်း နည်းစနစ် ဖြစ်သလို .... ရောင်းအား နဲ့ ကိုယ့် ရဲ့ အောက်လိုင်း မှာ ကိုယ့် လို ထပ်ဆင့် ရောင်းတဲ့သူတွေ ထပ်ထပ်ပြီး ရလာလို့ ကိုယ့် ကွန်ယက်ကြီး တဖြည်းဖြည်းကြီးကြီး လာတာ နှင့် အမျှ ရာထူးတွေ မြင့်မြင့်မားလာရသလို  ၊ ၀င်ငွေ တွေ နဲ့ ရပိုင်ခွင့် တွေ ဆိုတာ လည်း တဖြည်းဖြည်း ကောင်းကောင်း လာတာမို့ .... ကိုယ့် ကွန်ယက် ကြီးသထက် ကြီးအောင် ကြိုးစားနေရုံ ၊ အမြို့မြို့ အနယ် နယ် မှာ ဈေးကွက် အသစ်တွေ ထပ်ထပ် ရှာဖွေနေရုံ နဲ့ တခြားသော အလုပ်တွေ လို ရင်းနှီး မြှပ်နှံစရာ မလို ၊ အခွန် အခ ပေးဆောင် စရာ မလို ၊ ကြော်ငြာ ထည့် ဖို့ ကုန်ကျစရိတ် ဆိုတာ လည်း မလိုအပ်တဲ့ .... အတွက် .... ထို အလုပ် ရဲ့ အကျိုးအမြတ် ဆိုတာ ကို ခံစားဖူးသူတိုင်း က အားကြိုး မာန်တက် စွမ်းစွမ်းတမံ လုပ်ဆောင်တတ်ကြပါတယ် .... တစ်ခါ အထက်လိုင်း မှ ရာထူး အမြင့်ရထားသူ များ အနေနှင့် လည်း ကိုယ့် အောက် က ကွန်ယက်ကြီးကြီး လာတဲ့ အတွက် .... စတင် လုပ်ကိုင်ခါစ က လို အပူတပြင်း အရောင်း ကိုယ်စားလှယ် ထပ်ရှာစရာ မလိုဘဲ အောက်လိုင်း ကွန်ယက် က အဆင့်ဆင့် အလုပ်လုပ်နေကြရုံ နှင့် အလိုလို အကျိုး ခံစားခွင့် တွေ ရရှိ ခံစားနေရမှာ ဖြစ် ပါတယ် ......
              Multi-Level Marketing  စနစ်ဖြင့် ရောင်းသည့် ပစ္စည်း အများစု ၏ သဘော သဘာဝ ကို ကျွန်မ နားလည် သလောက် လေ့လာကြည့်မိတာ က ဆိုင်တွေ မှာ တင်ရောင်း လျှင်  Product Knowledge  ဆိုတာ ကို အမှန်တကယ် နားမလည် ဘဲ ဈေးရောင်း ရုံ ရောင်းချလိုက်မည့် အရောင်းသမား သက်သက် ကို မလိုချင်ဘဲ.....  မိမိရောင်း ချမည့် ကုန်ပစ္စည်း တစ်ခု ၏ အမှန်တကယ် ကောင်း၏ / ဆိုး၏ ဆိုတာ ကို  Customer  များ ထဲထဲဝင်ဝင် သိနားလည် ပြီး မှ သုံးစွဲစေချင်သည့် စိတ်စေတနာကြောင့် ..... ကြော်ငြာ စရိတ် အတွက် ကုန်ကျ မည့် ငွေကြေးမြောက်များစွာ ကို အရောင်း ကိုယ်စားလှယ် များ ၏ အကျိုး ခံစားခွင့်များ အဖြစ်ပေးအပ်ထားခြင်းသာ ဖြစ် ပါတယ် ...... ထိုသို့သော  Network Marketing  စနစ်ဖြင့် ရောင်း ၀ယ်နေသူများ တွင် ထို ကုန်ပစ္စည်း ကို အမှန်တကယ် ကြိုက်နှစ်သက် ၍ စွဲမြဲစွာ သုံးစွဲနေသော စားသုံးသူ သက်သက် Customer  များ ရှိသကဲ့ သို့ ..... ထပ်ဆင့်ပွားပြီး ရလာမည့် ကွန်ယက် စနစ် ၏ အကျိုး စီးပွား ကို လိုချင်သည့် အတွက်  ထို ကုန်ပစ္စည်း ကို သုံးစွဲရင်း ထပ်ဆင့် အလုပ်လုပ်မည့် အရောင်း ကိုယ်စားလှယ် ကို ရှာဖွေသည့် သူများရယ်လို့ အုပ်စု  ၂  စု ရှိပါ တယ် ..... ဤ တွင် အရောင်းဘက် ကို စိတ်မ၀င်စားသော်ငြား လည်း စားသုံးသူ သက်သက်  Customer များ အနေနှင့် သဘောပေါက် နားလည်ကြသည် မှာ  Network Marketing  မှ ပစ္စည်းများ သည် သာမန် အမျိုးတူ ကုန်ပစ္စည်းများထက် အဆ များစွာ တန်ဖိုးကြီးပေးရ သကဲ့ သို့ အကျိုး အာနိသင် လည်း ပိုမို ထူးခြားသည် ကို လက်ခံ ယုံကြည်နေ၍ သာ စွဲမြဲစွာ သုံးစွဲနေကြခြင်း ပင် ဖြစ်ပါတယ် ..... အရောင်း ကိုယ်စားလှယ် မလုပ်ဘဲ စားသုံးသူ သက်သက်အဖြစ်သာ နေသူများ ဖြစ်သဖြင့် ထိုသူများ ထံ မှ အမှန် တကယ် ကြား ရသည့် ကောင်းသတင်း ဆိုတာ အရောင်း ကိုယ်စားလှယ် များ ထံမှ ကြားရမည့် ကောင်းသတင်း ထက် လူအများ ပိုမို လက်ခံ ယုံကြည် ကြမည် မှာလည်း မလွဲမသွေပင် ဖြစ်ပါတယ် .......
                 သို့ပေမယ့် ....ကျွန်မ တွေ့ဖူးသည့် မြန်မာနိုင်ငံ မှ ကွန်ယက် စနစ် အရောင်း ကိုယ်စားလှယ် အများစု ကတော့ အမှန်အကန် သုံးစွဲသူ ထက် ထပ်ဆင့် ပွားပေးမည့် အရောင်း ကိုယ်စားလှယ် ကို သာ ဦးစားပေး ပြီး ရှာဖွေတတ်ကြတာ ကို လည်း ထူးဆန်း စွာတွေ့မြင်ရပါတယ် ....ကျွန်မ နှင့် သိပ် မရင်းနှီးသည့် မိတ်ဆွေ တစ်ယောက် က အလုပ်ပါး သည့် အတွက် အခြား အလုပ် ပါ ပူးတွဲ လုပ်ကိုင်နေသည့် အကြောင်း ရှင်းပြပါတယ် .... ကျွန်မ လည်း စပ်စုမိတော့ သူတို့ လုပ်ကိုင်သည့် အလုပ် က တပြိုင် ထဲ မှာ ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တပေါင်းထဲ ရစေနိုင်သည့် အလုပ် လို့ ဆိုပါ တယ် ..... အကျဉ်းချုံး ပြောရလျှင် ရောဂါ ဖြစ်သည့် သူတွေ ကို တွေ့ လျှင် အခမဲ့ စမ်းသပ်ပေး ၊ ဆေးဝါးတွေ ညွှန်ပေး ၊ ဆေးသောက် ပြီး သက်သာလား ၊ မသက်သာလား ဆိုတာ က အစ အချိန်မရွေး သွားကြည့်ပေးပြီး လိုအပ်သလို ကူညီပေးကြတာပါ တဲ့ ... နောက်လူတိုင်း ကို မရောင်း ဘူး .....  အမှန်တကယ် လိုအပ်သူ ကို မှ သာ ရောင်းပေးတဲ့ အကြောင်း စသဖြင့် စိတ်ဝင်စားလောက်အောင် ရှင်းပြသလို သူတို့ ပစ္စည်းတွေ ရဲ့ ထူးခြား တဲ့ အာနိသင်တွေ ကို လည်း သေသေချာချာ ရှင်းပြတာ မို့ အရောင်းသမား လုပ်ဖို့ စိတ်မ၀င်စားပေမယ့် Member  ၀င်ပြီး နောင်အခါ ဈေး သက်သက် သာသာ နှင့် စားသုံးကြည့်ဖို့ ကိုတော့ စိတ်ဝင်စားမိတာ မို့ အားကစား လုပ်ဖို့ အင်မတန် မှ ပျင်းလှသည့် ကျွန်မ ခင်ပွန်းသည် အတွက် သူတို့ ရောင်းသည့် ဘေးဥပါဒ် မဖြစ်စေဘူး ဆိုတဲ့.... အဆီကျ လက်ဖက်ခြောက် ဆိုတာ အပြင် ကျွန်မ အဖေ နဲ့ သမီးငယ် အတွက် ဓာတ်စာ အာဟာရ ဆေးပုလင်း ဆိုတာ တွေ ကို သတ်မှတ် အမှတ် မီအောင် အများအပြား ၀ယ်လိုက်မိပါတယ် .... အဆီ ကျဆေး သောက်ကြည့်တာ မှာ ပိန်တာ မပိန် တာ ထက် ....သူတို့ ပြောသလို ဘေးထွက် ဆိုးကျိုး မခံစားရ တာ အမှန်ဘဲဖြစ်သလို ... အဖေ့ အတွက် ၀ယ်တဲ့ လူကြီး ဓာတ်စာတွေ ဆိုတာ နဲ့ သမီး အတွက် ၀ယ်တဲ့ ကလေး အားဆေးတွေ က လည်း ဈေးကြီးပေးရ သလောက် အလွန် ကောင်းလှပါတယ် ......
                  သူတို့ ရောင်းတဲ့ ပစ္စည်းတွေ ကောင်းလှပေမယ့် မကောင်းတာ က သူတို့ ရဲ့ Member မ၀င်ခင်တမျိုး ၊ ၀င်ပြီး တစ်မျိုးပြောင်း လဲသွားတဲ့ အထက်လိုင်း လူကြီးများ ရဲ့ ဆက်ဆံပုံဘဲ ဖြစ်ပါတယ်.... ကျွန်မ အလုပ် မှာ လူပေါင်း များစွာ အ၀င် အထွက် ရှိတာမို့ ကျွန်မ ဆိုင် မှာ သူတို့ ဆီက ပစ္စည်း တွေ လာတင်ချင်တာ က တစ်မျိုး ၊ ကျွန်မ ဆီ လာတဲ့ Customer  တွေ ကို စုဝေးခိုင်းပြီး သူတို့ လာ စည်းရူံးချင်တာ က တဖုံ ပြောလာပါတယ်.... ကျွန်မ တို့ ဆိုင် က ပိန်ဆေး နဲ့ ပတ်သက် ရင် သောက်ဆေး မှန်သမျှ အားမပေးပါဘူး လို့ တားမြစ် ထားတဲ့ အတွက် အကျိုး ခံစားခွင့် ဘယ်လောက် ရရ ၊ ကျွန်မ ရောင်းပေးလို့ မရတဲ့ အကြောင်း နဲ့ ကျွန်မ ကို ယုံကြည်လို့ ရောက်လာတဲ့ Customer  ကို Member  ဆွယ် ၊ ပစ္စည်းရောင်း ပြီး ပြန်လွှတ်လိုက်တယ် လို့ လုံးဝ အဖြစ်မခံနိုင်တာ မို့ ... ကျွန်မ လုံးဝ လက်မခံနိုင် တဲ့ အကြောင်းပြော မိ တဲ့ နောက်ပိုင်း က စပြီး ကျွန်မ လူမရှာနိုင် တဲ့ အတွက် သူတို့ အထက်လိုင်းတွေ ပင်ပန်းတယ် ... ကျွန်မ မလုပ်နိုင်ရင် သူတို့  အထက် လိုင်း တန်မဲ့ ကိုယ်တိုင် ဆင်းရှာပေးပါ့မယ် ဆိုတာ တောင် လက်မခံဘူး ဆိုတာ က စပြီး ရန်မဖြစ်ပေမယ့် စိတ် အခန့်မသင့် ဖြစ် တာ က စပြီး သူတို့ ကို Feeling မလာတော့ တဲ့နောက် ပိုင်း သူတို့ ရောင်းတဲ့ ပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း သုံးချင်စိတ် မရှိတာ ဘဲ ဖြစ်ပါတယ် .... နောက် Member  မ၀င်ခင် က လူတိုင်း ကို မရောင်းဘူး .....  အမှန်တကယ် လိုအပ်သူ ကို မှ သာ ရောင်းပေး တဲ့ အကြောင်း စသဖြင့် စိတ်ဝင်စားလောက်အောင် ရှင်းပြခဲ့ပေမယ့် .... တကယ့် တကယ် တမ်း မှာ ရောဂါ ရှိတဲ့ သူ ဆိုတာ ကို သူတို့ ကုမ္မဏီ သို့ ခေါ်သွားကြပြန်တော့ အားနာလို့ လိုက်လာတဲ့ လူနာ ခမျာ တတ်နိုင်ရှာ၏ / မတတ်နိုင်ရှာ၏ / အမှန် တကယ် ၀ယ်လိုစိတ် ရှိ/ မရှိ ဆိုတာ ... က အစ လုံးဝ ဂရုမစိုက် ဘဲ  .... ခေါ်လာတဲ့ လူ မျက်နှာ မကြည့် ..... လူရှေ့သူရှေ့ မရှောင် သူ့ဧည့်သည် ၊ ငါ့ ဧည့်သည် လုယက်ပြီး ဆွဲခေါ် ရှင်းပြ နှင့် ဇွတ်အတင်း ဘောက်ချာ ဖြတ် နှင့် အီလည်လည်ကြီး ၊  အားတုန့် အားနာ ဖြစ်ကာ ရှက်ရှက် နှင့် စိတ်မပါ ဘဲ သိန်း နဲ့ ချီတဲ့ ပိုက်ဆံ တန်ဖိုး ကို ရှင်းခဲ့ရတာ မို့ .... အဲဒီ ဆေးကို ကြည့် ချင်စိတ် မရှိတော့ လောက်အောင် ကို ဖြစ်ခဲ့ရသူမှာ လည်း ကျွန်မ ၏  အဒေါ် ကိုယ်တိုင် ဘဲ ဖြစ်ပါ တယ် ......
                  အဲဒီလို  Skin  က ပြသနာ ဖြစ်နေတဲ့ ရက်တွေ မှာ ပစ္စည်းတွေ သုံးစွဲတာ အားလုံးကို ခဏ ရပ်ထားခဲ့သလို .... ဘာကြောင့် ဖြစ်ရတာလဲ ..... ဆိုတဲ့ ပြသနာရင်းမြစ် ကို လည်း အလှအပ ၀န်ဆောင်မှု လုပ်ငန်းလုပ်သူ မို့ စိတ်ဝင်စားလှတဲ့ အတွက် ကိုယ့် မျက်နှာ ရဲ့ ပြသနာ ကို အရင်းပြုရင်း ထို Product  အကြောင်း ကို လေ့လာနေခဲ့ပါတယ် ..... အဲ နောက်တစ်ခါ မှာ တော့ ...... အရှေ့ က အခေါက်တွေ နဲ့ လုံးဝ မတူ ဆိုးရွားလှစွာ ..... မနက် အိပ်ရာ ထလို့ မျက်နှာ လည်း သစ်ပြီးရော .... မျက်နှာ တစ်ခု လုံး ပေါက်ကွဲ ထွက်လု မတတ် နီရဲ ယောင်ကိုင်းပြီး တဖြည်းဖြည်း ယားလာပါတယ် ..... အဲဒါ နဲ့ သူ့  Member  ကို ဖုံး ဆက်မေးပြန်တော့ ဒီတစ်ခါ လည်း ခရီးလွန်နေလို့ပါ ....ဘယ်ဟာကို ဘဲ လိမ်းထားလိုက်ပါ .... Skin  က ၂၈ ရက်တစ်ခါ အသစ် လဲတာ မို့လို့ ... စိတ်မပူပါနဲ့ တဲ့.... သူ က စိတ်မပူပါနဲ့ ဆိုပေမယ့် ကျွန်မ မျက်နှာ ဆိုတာ အဆူး နဲ့ ထိုးသလို စူးခနဲ  ၊ စူးခနဲ နဲ့ တဖြည်းဖြည်း ပိုပိုယောင်လာ ၊ နှုတ်ခမ်းတွေ က လည်း အက်ကွဲကြောင်းတွေ ကြားမှ သွေးစတွေ ထွက်ပြီး သဲလွန်စ ရှာမရစွာ နဲ့ဘဲ အရေပြား ဆရာဝန်ထံ ရောက်ရပါတယ်....  ထူးထူးခြားခြား ဘာလုပ်မိသလဲ မေးတော့ လည်း သမရိုးကျပါဘဲ ...ဘာ မှ မလုပ်မိ/ မသုံးမိတဲ့ အကြောင်းပြောလို့ .... အနာ သက်သာစေ တဲ့ သောက်ဆေး ၊ ထိုးဆေး တွေ နဲ့ တော်တော်လေး ကုလိုက်ရ ပါတယ်..... အဲဒီ လို ဆေးကုနေတဲ့ ကြားထဲမှာ အဲဒီ အမျိုးသမီး ကို စိတ်ဆိုးလွန်းလှတာ မို့ ..... သူတို့ ကုမ္မဏီ ကို ဖုံးဆက်ပြီး ကိုယ့် မျက်နှာ တော်တော်လေး အခြေအနေ ဆိုးနေတဲ့ အကြောင်းပြောပြတော့ လည်း အဲဒီလူ ခရီးလွန်နေလို့ ... ခဏစောင့် ပါတဲ့ ..... ကျွန်မ တော်တော်လေး စိတ်ဆိုးနေမှန်း သိမှသာ အဲဒီ အမျိုး သမီး ရဲ့ အထက်လိုင်း ကို ဆက်သွယ်ပေးပါမယ် ဆိုလို့ .....သူ့ ထက်စာရင် ... Product  အကြောင်း ပိုရှင်းပြနိုင်တဲ့ သူ့ အထက်လိုင်း က အန်တီ တစ်ယောက် ရဲ့ သမီး ဆိုတာ နဲ့ ဆွေးနွေး ခဲ့ရပါတယ်.... ဘယ်လိုဘဲ သူ လက်ခံ ဆွေးနွေးပေးပေး ကျွန်မ မျက်နှာ က ဆိုးရွားလှစွာ ဖြစ်နေပြီမို့ .... မဆိုင်ဘဲ စေတနာ ပါစွာ နဲ့ ကိုယ့် ပြသနာကို လက်ခံ ဆွေးနွေးပေးနေသူမို့ အားနာစွာ နဲ့ သူ့ ဆီက အကြံဥာဏ် ရရုံလောက်သာ နားထောင်ခဲ့တာ က လွဲလို့ .... အဲဒီ အဆမတန် ၀ယ်ခဲ့မိတဲ့ ပစ္စည်းပေါင်းများစွာ ကို ပစ်ပေါက်လိုက် ချင် စိတ် ဖြစ်လောက်အောင် ကို ဒေါသ ထွက်နေခဲ့ပြီ ဖြစ် ပါတယ် ..... အဲဒီလို ဆိုးရွား စွာ ဖြစ်ပျက်ခဲ့ရတဲ့ ကျွန်မ မျက်နှာ ကို လူရှေ့ မှာ မသိသာရလေအောင် မိတ်ကပ်တွေ အထူကြီး အုပ် ပြီး ဘယ်လောက်ဘဲ ယားလာလာ မကုတ်မိအောင် ကြိုးစားနေပြီး ကိုယ့် အပြစ် နဲ့ ကိုယ် မို့ နှစ်ပတ်ကျော် ၊ သုံးပတ် ကြာမျှ ငိုယိုခံစားခဲ့ရပြီး နဂို အတိုင်း ပြန်ကောင်းစေဖို့ ကြိတ်မှိတ် ကုခဲ့ရပါတယ် .......
                  တစ်ခါ ကျွန်မ တစ်ယောက်ထဲ သာ မက ကျွန်မ ဆီ လာတဲ့ အသိမိတ်ဆွေ အများစု ရဲ့ ပြောစကားများ အရ အပူ လွန် / အအေးလွန် တဲ့ မြို့မျိုးတွေ မှာ သူတို့ပစ္စည်း ကို ကျွန်မ လို လှချင်လို့ သုံးမိတဲ့  Customer  အများစုဟာ လည်း ရောင်း ပြီးရင် လှည့်မကြည့် ကြတဲ့ ... Network Marketing  သမားများ ရဲ့ ကုန်ပစ္စည်း တစ်ခု ကို မသုံးခင် ၊ သုံးနေစဉ် ၊ သုံးပြီးလျှင် ဘာတွေ ဆောင်ရ ၊ ရှောင်ရမည် ၊ ဘာတွေ ဖြစ်တတ်သည် က အစ ကြိုတင်ရှင်းပြပြီး မှ ရောင်းချခြင်း မပြု ဘဲ နောင်ခါလာ နောင်ခါ အကြောင်း လုပ်ကြသည့် အတွက် ..... ပစ္စည်း အရည်အသွေး က အမှန်တကယ် တမ်း မှ ကောင်း လှတာ မှန်ပေမယ့် သုံးစွဲသူ Customer  များ ၏ ထို Brand  အပေါ်ယုံကြည်မှု ပျက်ပြားလာစေခြင်း ဖြစ်တယ်.... ဆိုတာ တွေ ကို ပါ ကျွန်မ ကောင်းကောင်းကြီး နားလည် သဘောပေါက်ခဲ့ရပါတယ်.....
                 သို့အတွက် ..... အဆိုးထဲ က အကောင်း ၊ အရှုံးထဲ က အမြတ် တစ်ခု က ကျွန်မ ၀ါသနာ အတိုင်း ပြသနာ တစ်ခု ၏ အရင်း အမြစ် ကို မသိရဘဲ နောက် မဆုတ်လိုခြင်း ၊ အရှုံးမပေးလိုခြင်း ဖြစ်ပါတယ် ... အဲဒီ အတွက် .... အကျိုးအမြတ် ရ ရင် ပြီးရော ....ရောင်းပြီး ရင် ပြီးရော ..... လက်ရှိ  Customer  ရဲ့ စိတ်ကျေနပ်မှု ဆိုတာ ထက်  Customer  အသစ်အသစ်တွေ ကို သာ ထပ်ထပ် ရှာနေတဲ့ ကိုယ် ရောင်း ထားတဲ့  Customer  ကို လုံးဝ လှည့်မကြည့် တဲ့ အထက်ပါ .....Marketing  သမားတွေ ကို စိတ်ဆိုးလှစွာ နဲ့ ဘဲ ..... အဲဒီ Product  ကို On Line  မှာနှင့် သူ့  ကုန်ပစ္စည်း ရဲ့ Website  တွေ မှာ ... သေသေ ချာချာ လေ့လာ .... နားလည် သူ တွေ နဲ့ လုပ်ထားတဲ့ အမေး အဖြေ ဆိုတာ တွေ ကို က အစ သေသေချာချာ ဖတ် ၊ သိချင်တာရှိရင် On Line  ကို စာ နဲ့ လှန်းမေး .... ရင်း နဲ့ တဖြည်းဖြည်း နားလည်လာ မှ သူတို့ ပြောတဲ့ အတိုင်း အစ ကနေ သေသေချာချာ ပြန်သုံးကြည့်ရင်း နဲ့ အခုချိန် မှာ ကျွန်မ အဲဒီ  Brand  အကြောင်း ကို ဂဂဏဏ ရှင်းပြနိုင်နေပြီ ဖြစ် ပါတယ် ..... အဲဒီ ပစ္စည်း ထုတ်တဲ့ နိုင်ငံတွေ မှာ ပစ္စည်း တစ်ခု ရောင်းတော့မယ် ဆိုတာ နဲ့ ပထမဆုံး သုံးစွဲမယ့် သူ ရဲ့ အသား အရည် ဆိုတာ နဲ့ ပစ္စည်း တစ်ခု ရဲ့ အကျိုးအပြစ် ဆိုတာ ကို သေသေချာချာ သင်ပြပြီး မှ ရောင်းကြတာ ဖြစ်သလို သုံးနေစဉ် သကာလ ထူးခြားမှု ရှိ /မရှိ ဆိုတာ ကို က အစ ပြန်ပြန် စစ်ဆေးပေးခြင်း ၊ ကိုယ် ရောင်းထားသည့် ကိုယ့် Customer ဆိုတာ ကို အမြဲ ဂရုတ စိုက် ကြည့်နေပေးခြင်း စတဲ့ ကိုယ် ရောင်းထားတဲ့  Customer  ကို တာဝန်ယူပေးတဲ့ ဗဟုသုတ တွေကို ပါ လေ့လာ မြင်တွေ့ရပါ တယ်.....
                    ကျွန်မ တို့ နိုင်ငံ မှာ မြင်တွေ့ရတဲ့ အရောင်း ကိုယ်စားလှယ်တွေ အများစု မှာ ဖြစ်နေကြတာက ရောင်းအား နဲ့ အရောင်း ကိုယ်စားလှယ် အသစ် ၊ အသစ် ရလိုမှု ကိုသာ အဓိက ထားခြင်း ၊ ကိုယ် ရောင်းထားသည့် သူ ကို တာဝန်မယူခြင်း ၊ ပစ္စည်းတစ်ခု ၏ အကောင်းအဆိုး ဆိုတာ ကို သေချာစွာ မရှင်းပြနိုင်ဘဲ အထင်/ ကြားဖူးနားဝ နှင့် ဖြေကြားခြင်း ၊ အလုပ်လုပ် လိုသူလား ၊ စားသုံးသူ သက်သက်သာနေလိုသူလား ..... မကွဲပြားဘဲ လူတိုင်း ကို  အကျိုးခံစားခွင့်များ ဖော်ပြ၍  Market  အသစ်များ ရှာဖွေစေလိုခြင်း ၊ အောက် က အရောင်းသမား များနှင့် Customer  များဖြစ်ပျက်နေ သည့် ပြသနာများ ကို ကုမ္ပဏီ မှ သက်ဆိုင်ရာ လူကြီးများ က သတိမပြုမိ၍ Customer Service ဆိုတာ နှင့် Customer Care ဆိုတာ ကို အဓိက ဦးစားပေးပြီး သင်ရမည့် အစား ငွေကုန်ကြေးကျ မြောက်များစွာခံ၍ အဆိုပါ ပစ္စည်း ထုတ်လုပ်သည့် နိုင်ငံများ အထိ Member  များ ဗဟုသုတ ရစေဖို့ ကိုသာ ဂရုတစိုက် စေလွှတ်နေခြင်း ၊ အရောင်း ကိုယ်စားလှယ် များ ကို အပြန်ပြန် အလှန်လှန် သင်ကြားရာတွင် .... ဈေးကွက် ချဲ့ထွင်မှု အတွက် ကိုသာ အဓိက သင်ကြားပေးပြီး Brand တစ်ခု အပေါ် Customer များ စိတ်ကျေနပ်မှု ရစေဖို့ ဆိုတာ ကို သင်ကြားခြင်း မပြုသည့် အတွက် ..... Network Marketing  စနစ်ဖြင့် မည်သည့် ကုမ္ပဏီ မှ ပစ္စည်း လာရောင်းရောင်း ဗြုန်းကနဲ ရောင်းအားတက်သည် မှ လွဲ၍ ရေရှည် မှာ မတည်တံ့နိုင်ခြင်း ပင်ဖြစ်ပါတယ် .......
               ကျွန်မ မျက်နှာ အခုချိန် မှာ လှနေလို့ " အမ ဘာသုံးသလဲ '' မေးလာလျှင် က အစ အလှအပ အလုပ်လုပ်သည့် သူမို့ ကျွန်မ ၏ အဖြေ စကားတစ်ခွန်း ကို မေးတဲ့သူ က ကောင်း၏ မကောင်း ၏ မစဉ်းစားဘဲ အမှန်အကန် ယုံကြည်စွာ နဲ့ သုံး ကြမှာ သေချာသည့် အတွက် .... ထို Brand ကို လူ အများ ၏ မျက်နှာများ အတွက် တာဝန် မယူပေးနိုင်သေးပါသဖြင့် ဖြေကြားခြင်း မပြုတာ ဖြစ်သလို ၊ သူ့နည်း သူ့ဟန်ဖြင့် သိပြီး ဒီ Brand  အကြောင်း မေးလာလျှင် က အစ ... ကျွန်မ ကတော့ အရောင်း မလုပ်ပါ ... အဲဒီ  Brand  ကို လူအများ ရဲ့ မျက်နှာတိုင်း အတွက် ကောင်းမယ် လို့ တာဝန် မယူနိုင်သေးတဲ့ အတွက် ကျွန်မ ဆိုင် မှာ လည်း Customer  ကို သုံးပေးခြင်း မပြုပါ ။ တကယ်လို့များ သုံးချင်ခဲ့ရင်တောင် ရောင်းပေးမည့် Marketing  တွေ နဲ့ ကိုယ့် ရဲ့ အသား အရည် ကို မသုံးခင်မှာ သေသေချာချာ စစ်ပြီး သုံးဖို့ နဲ့ သုံးနေစဉ် မှာ  Reaction  လာရင် က အစ အချိန် မရွေး ကိုယ် ရောင်းထားသည့် Customer  ကို တာဝန် ယူပေးမည့် အရောင်း ကိုယ်စားလှယ် ဟုတ်နိုင် / မဟုတ်နိုင် ကို သာ ရွေးခြယ် ၀ယ်ယူ သုံးစွဲကြစေဖို့..... အကြံ ဥာဏ်ကောင်းလေးသာ ပေးလိုက်ရပါတယ်.....
                ကျွန်မ နှင့် တကွ  Customer  များ ၏ စိတ် ဆန္ဒများစွာ ဆိုတာ ကို လည်း အတူတူ သုံးသပ်လေ့လာကြည့်ကြပါအုံးစို့ ... ကျွန်မ တို့ အကျီ လှလှ လေးတွေ ၀ယ်တာ ဘာကြောင့် ၀ယ်ပါသလဲ ..... အဲဒီ အကျီ ၀တ်လိုက်ရင် ပိုလှသွားမယ် လို့ ယုံကြည်လို့ ၀ယ်တာသာ ဖြစ် သလို ..... နဂို အတိုင်း နေလို့ရပါလျှက် နှင့် .... ဆံပင် ညှပ်တာ / ကောက်တာ / ဖြောင့်တာ / ဆေးဆိုးတာ တွေ ကို ကျွန်မ တို့ ဘာကြောင့် လုပ်ပါသလဲ .... အဲဒါတွေ လုပ်လိုက်ရင် ကျွန်မ တို့ ရုပ် ပို နုသွားမယ် ၊ ပိုချော သွားမယ် လို့ယုံကြည်တဲ့ အတွက်သာ လုပ်ပါတယ် ၊ ဈေးကြီးပေး ရတဲ့  Skin Care  တွေ Brand တွေ ဘာကြောင့် သုံးပါသလဲ .... အဲဒီ  Brand  သုံးတယ် ဆိုတာ ကို ကြွားပြောလို့ရတာ က လွဲလို့ ..... ရင်ဘတ် မှာ လည်း ဒီ  Brand  သုံးထားကြောင်း ကြွားပြ လို့ မရပါ .... အဆမတန် တန်ဖိုးကြီး ပေးရတဲ့  Brand  သုံးလိုက်ရင် ...ကိုယ့် မျက်နှာ နဲ့ အသားအရည် ကို ပိုလှ လာစေတဲ့  Result  တစ်ခု ကို ရမယ် လို့ယုံကြည်မှု တစ်ခုထဲကြောင့် သာ ..... ကျွန်မ တို့ သုံးခြင်းဖြစ်ပါတယ် .....
                 ထိုနည်းတူ စွာ ပါဘဲ ....... ဆိုင်တွေ အများကြီး ရှိပါလျှက် နဲ့ မှ .... ကျွန်မတို့  GINGER  ကို  Customer  တွေ ဘာကြောင့် ရွေးလာပါသလဲ ..... ကျွန်မ တို့ ဆိုင် မှာ လာလုပ် ရင်  သူတို့ ရဲ့ မျက်နှာ ပိုနု သွားမယ် / ပိုချော သွားမယ် /သူတို့ ရဲ့ ခန္ဓာ ကိုယ် ပိုလှသွားမယ် ဆိုတဲ့ ယုံကြည်မှု နဲ့ လာကြတာ ဖြစ်သလို ...ကိုယ့် ကို ယုံကြည်စွာ နဲ့ လာတဲ့  Customer  များ ၏ ယုံကြည် မှု ဆိုတာ ကို အလွဲ သုံးစား မလုပ်ဘဲ ၊ မရနိုင်ရင် က အစ ပိုက်ဆံ မကုန်စေဘဲ မရဘူး ပြောပေးတယ် ၊ မဖြစ်နိုင်ရင် မဖြစ်နိုင်ဘူး .... . ပြောပေးတယ် / မသိရင် မသိဘူး ဆိုတာ ကို ....  မညာဘဲ ပြောပေးတယ် .... စတဲ့ ကျွန်မ တို့ ၏ နှုတ်ထွက် စကားများစွာ ကို ယုံကြည်ခြင်း ကြောင့်သာ ပြည်တွင်း ၊ ပြည်ပ မှ  Customer  များစွာ ကျွန်မ ဆိုင် ကို လာရောက်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ် ......
               သို့ဖြစ်ပါ၍ နိဂုံးချုပ် အားဖြင့် ဆိုရပါလျှင် စာရေးခြင်း နှင့် ပတ်သက်ပြီး ကျွန်မ အထက် တွင် ပြောခဲ့သလို ကိုယ် ရေးသည့် စာက ဖတ်မိတဲ့ သူတွေ အတွက် ..... အဆိပ် အတောက် မဖြစ်စေဖို့ နဲ့ ကိုယ် ရည်ရွယ်တဲ့  Target  တစ်ခု အတွက် ကို အကျိုး သက်ရောက် မှု ရှိစေဖို့ ၊ မဆိုင်တဲ့သူ တွေ ရဲ့ အကျိုး စီးပွား ..... ကိုယ့်ကြောင့် မပျက်စီးစေဖို့ .... ဆို တာတွေ ကို ပိုလို့သာ သတိထားပြီး ဤကဲ့သို့ Note မျိုး ရေးဖြစ်သလို ..... ကျွန်မ ရေးခဲ့ သည့် အတိုင်း ဆိုင်တွေ အများကြီး ရှိပါလျှက် နဲ့ မှ .... ကျွန်မတို့  GINGER  ကို  Customer  တွေ ဘာကြောင့် ရွေး လာပါသလဲ ..... ကျွန်မ တို့ ဆိုင် မှာ လာလုပ်ရင်  သူတို့ ရဲ့ မျက်နှာ ပိုနု သွားမယ် / ပိုချော သွားမယ် /သူတို့ ရဲ့ ခန္ဓာ ကိုယ် ပိုလှသွားမယ် ဆိုတာ ကို ယုံကြည်တဲ့ ယုံကြည်မှု နဲ့ လာကြတာ သာ ဖြစ်ပါ၍ ....... '' Customer  များ အမှန်တကယ် လိုချင် သည့် အရာ ဆိုတာ ဘာလဲ ...... ဆိုတာ.... ကျွန်မ တို့ လို  Service  ဘဲ ရောင်းရောင်း ၊ Product  ဘဲ ရောင်းရောင်း ..... မိမိ ရောင်းချ လိုသည့် ရောင်းကုန် အတွက် ....  Customer  များထံ မှ ယူထားသည့် အခကြေးငွေ တန်ဖိုး ဆိုတာ နှင့် ထိုက်တန်အောင် ရောင်းချ တတ်သည့် အရောင်းသမား များဖြစ်အောင် '' ...... ကျွန်မ တို့ အရောင်းသမားများ အားလုံး ကြိုးစားသွားကြစေဖို့သာ .... ရည်ရွယ် ဆန္ဒပြုရင်း ........
Customer  များ ၏ အမှန်တကယ် ယုံကြည်မှု အပြည့်အ၀ ရရှိစွာ နှင့် Brand Image တစ်ခု ကို ခိုင်မာစွာ တည်ဆောင်ကြပါ စို့..... လား..ရှင် .......
No comments:
Post a Comment