မေလ ( ၃ ) ရက်နေ့ ဆိုတာ ... ကျွန်မ ရဲ့ ချစ်လှစွာသော တစ်ဦးတည်းသော သမီးလေး တုနှိုင်းမမှီ ( ခ ) GINGER ရဲ့ ( ၄ ) နှစ် ပြည့်တဲ့ မွေးနေ့လေး ဖြစ်ပါတယ်.....သမီးမွေးနေ့ပွဲ တစ်ခါ လုပ်ရင် တစ်အိမ် တက်ဆင်း ဖိတ်စာတွေ လိုက် ဝေရ ၊ ချက်ရ ပြုတ်ရ စီစဉ်ရ နှင့် အင်မတန် အလုပ်ရှုပ် လှတာမို့.... နှစ်စဉ် နှစ်တိုင်း မွေးနေ့ပွဲ မလုပ်ပေးနိုင်ရင်တောင် သူ့မောင်နှမ ၀မ်းကွဲလေးတွေ ကျွန်မ ဆိုင်က ၀န်ထမ်း ကလေးတွေ နဲ့ Birthday Cake လေး ခွဲပြီး....ဓာတ်ပုံလေး လောက် ရိုက်ပေး လိုက်ရင်ဘဲ သမီးလေး က အင်မတန် ပျော်ရွှင်တတ်ပါတယ်...သမီး က မူကြို မှာ သူငယ်ချင်းတွေ မွေးနေ့လာလုပ်လို့ မုန့်စားရလို့ ကျွန်မ အိမ်ကနေ မွေးနေ့ လက်ဆောင်လေး ထည့်ပေးလိုက်ရတိုင်း ....ဂျင်ဂျာ့ ဟက်ပီ ဘတ်ဒေး က ဘယ်တော့ လဲ မေမေ...မေမေ ပိုက်ဆံရှိရင် ဂျင်ဂျာ့ ဟက်ပီဘတ်ဒေး လုပ်ပေးနော် လို့ ပူဆာတတ်သလို ....ဘာပဲ ပူဆာပူဆာ မေမေ ပိုက်ဆံရှိရင် ဆိုတာ လည်း အမြဲထည့်ပြော တတ် တဲ့ သမီးလေး ဘဲဖြစ်ပါတယ်....မုန့်စားချင်တာ က အစ မုန့်သည် ရှေ့မှာ မပူဆာ ဘဲ ဈေးသည် ထွက်သွားမှ မေမေ ပိုက်ဆံရှိ ရင် ဂျင်ဂျာ့ ကို သင်္ဘောသီးလေး ၀ယ်ကျွေးပါနော်မေမေ ...ဆို လို့ ဈေးသည် ရှာမတွေ့တော့ မှ စိတ်မကောင်းဖြစ်ရတဲ့ အထိ ဘဲဖြစ်ပါ တယ်....အဲဒီလို ပူဆာပုံလေး နဲ့ မေမေ ပိုက်ဆံရှိရင် ဆပ်ပြာ ပူဖောင်းလေး ၀ယ်ပေးပါ...မေမေ ပိုက်ဆံ ရှိရင် အရုပ်လေး ၀ယ်ပေးပါ ဆိုတာ မျိုးက အစ ခဏခဏ ပြောတတ်ပါတယ်.. .တော်တော့ တန်တန်လည်း ဆိုင်ရှေ့မှာ ကျွန်မ တို့ ငယ်ငယ်တုန်းက လို မျိုး ချက်ချင်း မကစားရရင် / ၀ယ်မပေးရင် မသွားဘူး ဆိုတာ မျိုး က အစ ဘယ်တော့ မှ မလုပ်ရှာတာပါ.... ..ကျွန်မ ဦးလေး အသည်း အစားထိုးလို့ India ကို သားအမိ နှစ်ယောက် လိုက်သွားတုန်း က ဆို...သမီး နဲ့ တစ်ခါ မှ မခွဲဖူးလို့ မခွဲချင်တာကြောင့်. ..ခေါ်သွားရင်လည်း ကျွန်မ ဦးလေးတွေ စိတ်အနှောင့်အယှက် မဖြစ် ရအောင်... မေမေ က ဖိုးဖိုး နေ မကောင်း လို့ သွားတာ ၊ အပျော်သွားတာ မဟုတ်ဘူး....သမီး လိုက်ချင်ရင် လူကြီးတွေ ပြော စကား နားထောင်ရမယ်...လျှောက်ပြီး မ၀ယ် ခိုင်းရ ဘူးနော် လို့မှာထားတဲ့ အတွက် လေဆိပ် မှာ ကလေး အရုပ်တွေ တွေ့တော့ သူနဲ့ မဆိုင် သလိုဘဲ တစ်ချက် မှ မကြည့်ဘဲ ကျွန်မ နောက် ကဘဲ လက်လေးဆွဲပြီး လိုက်လာတာ.... တစ်ခါ Shopping Mall တွေမှာ သူများ ကလေးတွေ ဆော့ကစားနေ တာတွေ့ရ ရင်လည်း တချက် ကြည့်ရုံက လွဲပြီး လုံးဝ ပူဆာတာ ဂျီကျတာ မျိုး လုံးဝ မလုပ်ရှာတဲ့ အရွယ်နှင့် မမျှအောင် သိနားလည် အကင်းပါးတဲ့ ကလေးလေး ဘဲဖြစ်ပါတယ်..... အဲဒီလို နားလည်ရုံ အကင်းပါးရုံမျှမက .....ကျွန်မ ကို လည်း အလွန် ချစ်သော ကျွန်မ စိတ်ဆိုးမှာ အင်မတန်ကြောက်သော သမီးလေး လည်း ဖြစ်ပါတယ်.....ထမင်းစားချိန်တွင် ကြားရတဲ့ ဂျီကျသံက ဂျင်ဂျာ က မေမေ ခွံ့ကျွေးရင် ဂျီမကျဘူး.... သူများကျွေး ရင် ဂျီကျမှာ....... စာရေးခိုင်းရင်လည်း မေမေ စာသင်ပေး ရင် ဂျီမကျဘူး....သူများသင်ပေးရင် ဂျီကျမှာ..... .ရေချိုးပေးရင် လည်း အဲဒီ စကားကို မရိုးနိုင်စွာပြောတတ်ပါတယ်..ထို့မျှမကသေး...အလုပ်ပေါင်းစုံ နဲ့ အမြဲ ရှုတ်နေတတ်လို့ သူ နဲ့ ချစ်မှုခင်ရာ မနေနိုင်တဲ့ အတွက် သမီး က မေမေ ဂျင်ဂျာ့ ကိုချစ်လား..မချစ်ဘူးလား ပြောပါအုံး ဆိုတာ ကို လည်း မရိုးနိုင် စွာ မေးတတ် ပါတယ် ..... ကျွန်မ က သမီးလေး ကို ချစ်တာပေါ့သမီးရယ်..မေမေ က မေမေ့သမီးလေး ကို အချစ်ဆုံး... ဆိုပြီး...... .မေမေ က သမီးလေး ကို အရမ်း ချစ်တာ ....မေမေ က သမီးလေး အကျီလှလှလေးတွေ ၀တ်ရအောင် ၊ ဖိနပ်လှလှလေးတွေ စီး ရအောင် ၊ မုန့်တွေ အများကြီး စားရအောင်လို့ မေမေ က ပိုက်ဆံရှာရလို့ သမီး နဲ့ အကြာကြီး အဖော်လုပ်ပြီး မနေပေးနိုင်တာပါ ...ဆိုပြီး သူနဲ့ ချွဲချွဲနွဲ့နွဲ့ မနေနိုင်တာ ကို ကလေး အရွယ်နှင့် နားလည်အောင် ရှင်းပြရပါတယ်....ကျောင်း က ပြန်လာတိုင်း လည်း မေမေ မေမေ နဲ့ ဘေဘီလေး လုပ်ပြီး ဖက်အိပ်ချင်တယ်...ဂျင်ဂျာ့ ကို ဘေဘီလေး လုပ်ပေးပါ...ဆိုတာ ကလည်း ခဏခဏပါ......အခုနောက်ပိုင်း သူ့မူကြိုမှာ ၄ နှစ် ဆို စာစသင်ပြီမို့ သူ့ စာအုပ်လေးတွေ ကိုင်ကိုင်လာပြီး မေမေ နဲ့ စာသင်ချင်လို့ ပါ..တခြား.....မေမေ တွေဆို စာသင်ပေးကြတယ် ....လို့ ပြောလာရင် ကျွန်မ အလုပ်လုပ်ရတဲ့ မိခင် ဖြစ်ရတာ အလွန် အင်မတန် မှ စိတ်မကောင်းဖြစ်ရပါတယ်.......
သမီးလေး ကို အင်မတန် မှ ချစ်ပေမယ့် မနက် အစောကြီး မိုးလင်း က မိုးချုပ် အလုပ်လုပ်ရတဲ့ မိခင်ဖြစ်ရတာ... အချိန် တန် လို့ မိခင်နို့ တိုက်ခဲ့ရုံ က လွဲပြီး ကလေး ကြည့်တဲ့သူ နယ်ပြန်တဲ့ အချိန် ကျွန်မ ဆီက ၀န်ထမ်း ကလေး တွေ လုံးလုံး မအားမှသာ သမီး ဝေယျာဝစ္စ လုပ်ပေးဖြစ်တဲ့ အထိ ဘဲ ဖြစ်ပါတယ်....အဲဒီလို နေ့မျိုးကြုံလို့ ရေချိုးတာ ၊ မျက်နှာသစ်တာ ၊ ထမင်းကျွေးတာ ၊ အိမ်သာ တက်တာ စတာ မျိုး ကျွန်မ လုပ်ပေးရလျှင် သမီး က အင်မတန် ပျော်ရွှင်တတ်ပါတယ်.....ဂျင်ဂျာ က မေမေ လုပ်ပေးမှ ကြိုက်တာ ၊ သူများလုပ်ပေးရင် ငိုမှာ ဆိုတာကို လည်း တဖွဖွ ရေရွတ်နေတတ် ပါသေးတယ်......အပြစ်တစ်ခုခု လုပ်လို့ သူ့အဖေ ဆူရင် ဒီလောက် မခံစားရပေမယ့် ကျွန်မ ဆူမှာ အင်မတန်မှ ကြောက်တတ်သလို ကလေး အပြစ်ကြီးရင် ကြီးသလို အပြစ်ပေး တတ်တဲ့ သူမို့ ကျွန်မ ဒဏ်ပေးမှာ ကိုလည်း အင်မတန် ကြောက်တတ် ပါသေးတယ် ....ကျွန်မ အပြစ်ပေးရတယ် ဆိုတာက လည်း ကိုယ်က အများနှင့် သက်ဆိုင်သော အလုပ်လုပ်ရတဲ့သူဖြစ်တဲ့ အတွက် Customer လာလို့ ကိုယ့် သမီးက မယဉ်ကျေးလျှင် ဆိုးနေ လျှင် ဆိုတာ က တစ်မျိုး ၊ ကလေးဆိုတာ ငယ်စဉ်ကထဲ က ပုံစံဝင်မှ ကြီးလာလျှင် လောကကြီးမှ သူ့နေရာနဲ့သူ အံဝင်ခွင် ကျဖြစ်နိုင်မှာမို့ လိုအပ် တာထပ် ပို အရောဝင် ရင် သမီးရောင့်တက်မှာ စိုးလှတာ မို့လို့သာပါ.....ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်မ သမီးလေး ကို ကျွန်မ အတိုင်း ထက် အလွန် ချစ်ပါတယ်....ဆိုတာ နောင်တချိန်မှာ သမီးလေး ဖတ်ဖို့.....ရည်ရွယ်ရင်း သမီးမွေးနေ့ နဲ့ အမှတ်တရ အဖြစ် ကျွန်မ အမြဲ သတိရနေ တဲ့ သမီး နဲ့ ပတ်သက်တဲ့ နေ့လေးတစ်နေ့ အကြောင်း စာလေး ရေးဖြစ်ပါတယ် ....သမီးကလေးရေ....
၂၀၀၈ ခုနှစ် မေလ ( ၂ ) ရက် နေ့
အဲဒီနေ့ က နေ့စေ့ လစေ့ သမီးလေး ကို ဗိုက်ထဲ မှာ လွယ်ထားရတဲ့ မေမေ က သမီးလေး ကို မွေးဖွားပေးမယ့် OG ဆရာကြီး ဦးတင်မောင်အေး ဆေးခန်း ကို သွားပြပါတယ်.... ဆိုင်မှာ အဆီချ လူတအားကျလို့ မေမေ့ ဆိုင် က မမ တွေ ခြေ ကုန် လက်ပန်းကျလို့ မလုပ်နိုင်ကြတော့တဲ့ အချိန်တုန်းက တစ်သိန်း ပိုရလည်း သမီးအတွက် မီးဖွားစားရိတ် ရတယ်... ငါးသောင်း ပိုရလည်း သမီးအတွက် အကျီလေး တွေ ၀ယ်လို့ရတယ်....နောက်ဆုံး တစ်သောင်း ပိုရလည်း သားဦးမို့လို့ နားမလည်တဲ့ မေမေ လူကြီးမရှိဘဲ မီးဖွားရမယ့် မေမေ့ အတွက် Nurse တစ်ရက်စာ စားရိတ် ရတယ်.....နဲ့ ဘယ်သူမှ မလုပ်နိုင်ရင် သမီးဖို့ ဆိုတဲ့ စိတ် နဲ့ မေမေ လုပ်နိုင်သလောက် ၀င်လုပ်မယ် ဆိုပြီး ...ကိုယ်ဝန်ခြောက်လ အထိ ၀န်ထမ်းတွေ နဲ့ အပြိုင် အဆီချလုပ်ခဲ့တဲ့ အတွက် ကိုယ်ဝန်ခြောက်လ ထဲ က စောပြီး မီးဖွားချင်နေလို့ ဆရာဝန်ကြီး က မေမေ ကို အချိန်မတန်ဘဲ သားအိမ် မပွင့်တဲ့ ဆေးတွေ အပတ်စဉ် ထိုးပေးနေတာပေါ့ သမီးလေး ရယ်....အဲဒီနေ့ ဆေးခန်းသွားပြတော့ ဆရာဝန်ကြီး က မွေး ဖို့တော်တော် နီးနေပြီမို့ ဆေးမထိုးခိုင်းတော့ဘဲ SSC ဆေးရုံ မှာ မွေးမးယ့်ရက် ကို Booking ကြိုလုပ်တော့ဆိုတာ နဲ့ မေမေ လိုချင် တဲ့ မေလ ၁၂ ရက် နေ့ လို့ စာရင်း ပေးပြီး အိမ်ကိုပြန်လာခဲ့ တာပေါ့ သမီးလေးရယ်.....
ဖြစ်ချင်တော့ ဘ၀ မှာ မထင်မှတ်တာတွေ ဖြစ်တတ်လွန်းတဲ့ မေမေ ၊ တလွဲ ပေါက်တတ်ကရ ဆို မရည်ရွယ်ဘဲ ကြုံတတ်လွန်းတဲ့ မေမေ့ အတွက် အဲဒီ နေ့ က ကံကြမ္မာဆိုး ၀င်တော့တာပါဘဲ.... သမီးလေးရယ်.....သမီးဖေဖေ နဲ့ မင်္ဂလာဆောင် တုန်း က လည်း ဗေဒင်ဆရာ နဲ့ ရက်မရွေးဘူး ဆိုပြီး ကိုယ့်ဟာကိုယ် အတတ်ကျူး ရက်ရွေးပြီး စိန်းလန်းစိုပြေ မှာ မင်္ဂလာ ညစာ စားပွဲ လုပ်တာ မာလာ မုန်တိုင်း နဲ့ တည့်တည့်တိုးလို့ ပွဲပျက် မတတ်ဘဲ ....ဒုက္ခရောက်ခဲ့ရတဲ့ မေမေ... .အတွက်.. .နောက် တစ်ကြိမ်မှာ မကြုံစဖူး ဆိုးရွားလွန်းတဲ့ မုန်တိုင်း ဆိုတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုးကြီး ကို စိတ်တုန်လှုပ်ခြောက်ခြားစွာ နဲ့ ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီး သမီးလေး ကို ဒုက္ခ ပင်လယ် ကြား က ဘယ်လို မွေးခဲ့ရတယ် ....ဆိုတာ ကတော့......SSC ကို စာရင်းသွားပေးပြီးတဲ့ ည ၉ နာရီ ကျော်လောက်မှာ မထင်ထားပဲ ခါးတွေ စနာလာတယ်...သမီးလေး ရေ...အမေ မရှိတဲ့ မေမေ့ အတွက် နားမလည်တော့ ပထမတော့ ရိုးရိုး ခါးနာတယ်ထင်တာ...နောက် မှ အိမ်သာတက်ချင်လာသလိုမျိုး ဗိုက် က လည်း နာလာ ...တကယ်တမ်း လည်း အိမ်သာ က မသွား နဲ့...ဗိုက်နာလာလိုက် အိမ်သထဲ သွားထိုင်ကြည့်လိုက် မသွားလိုက် နဲ့ ပေါ့ သမီးရယ်...အဲဒီ အချိန် မှာ နောက် ခါးကလည်း ပိုပို နာလာမှ စောမမွေးအောင် ဆရာဝန်ကြီး ဆေးမထိုးပေးလိုက်တာ သတိရပြီး လမစေ့ ဘဲ မီးဖွားချင်လာတာ ကို သတိထားမိပြီး ပိုပြီးဗိုက်နာ လာမှ ဆိုင် က မမတွေ ကို နှိုးပြီး ဆေးရုံသွားတော့ မယ်ဆိုပြီး မေမေ ကိုယ့် ဘာသာကိုယ် ဘဲ ဆေးရုံသွားဖို့ ပစ္စည်းလေးတွေ ကြိုပြင်ထားတော့တယ်.....ကိုယ်ဝန် ( ၇ ) လ ထဲ စ၀င် ကထဲ က အ၀တ် အစားတွေ ထည့်ပြီးသားမို့ လိုတာလေးလောက် ထည့်ရတာတောင် ခါးက တော်တော် နာတာဘဲ သမီးလေး ရေ....အဲဒီ အချိန်မှာ နားထဲမှာ အသံ လိုကြားရတာ..... .လေ တအား တိုက်သလို မျိုး ရော....အိမ်ခေါင်မိုးပေါ်တွေ က တစ်ခုပြီး တစ်ခု ပြုတ်ပြုတ် ကျနေသံ ပါကြားရတော့ ...မေမေ လည်း ဘာများဖြစ်တာ ပါလိမ့် ဆိုပြီး အိပ်ခန်း အပြင်ထွက်ကြည့် မိတော့ မေမေ့ အိပ်ပျော်နေတယ် ထင်ပြီး နိုးမှာ ထိတ်လန့်မှာ စိုးရိမ်နေတဲ့ သမီးလေး ရဲ့ မမတွေ ....ကိုတွေ့ရတော့ တာပါဘဲ....မေမေ က ကလေး မွေးချင်လာတယ် ထင်တယ်...ဗိုက် နာနေကြောင်း ပြောတော့ မှ အားလုံး စိုးရိမ်တကြီး နဲ့ ဖြစ်ပြီး အပြင်မှာ မုန်တိုင်း ၀င်နေပြီ အမရေ တဲ့လေ...အဲဒီနေ့ က Radio က မိုးလေ၀သ သတိပေးချက် မှာ ခဏခဏ ကြော်ညာထားတာ ကြားမိပေမယ့် မုန်တိုင်း ဆိုရင် လေပြင်းပြင်းတိုက်ပြီး မိုးရွာရုံ သာ ထင်မိ တဲ့ မေမေ...အခု တော့ ဗိုက်ထဲ က နေ့စေ့လစေ့ သမီးကလေး နဲ့ ဒုက္ခတော့ ရောက်ပါပေါ့လား သမီးလေး ရယ်......
အဲဒီလို နဲ့ ည ( ၁၀ ) နာရီကျော် ( ၁၁ ) နာရီလောက် မှာ လေတိုက်သံတွေ က တ၀ှီးဝှီး နဲ့ မေမေ အားကစား သင်တန်းခန်းမ က မှန်ကြီးတွေ နဲ့ ပြတင်းပေါက် မှန်တွေ အိမ်ရှေ့တခါး က မှန်တွေများ တ၀ုန်းဝုန်းနဲ့ ကွဲတော့မလား အောက်မေ့ရတယ် ... .မေမေ့ GINGER ဆိုင်းပုဒ်ကြီး လည်း ပြုတ်ကျ လို့ပေါ့...သမီးလေးရယ်.... မိုးတွေ က လည်း သည်းသည်းမည်းမည်း ရွာလာ ...ရေသံ လေသံ အမျိုးမျိုး နဲ့ အပြင်ဘက် ပတ်ဝန်းကျင်ဆိုတာ ကိုကြောက်လွန်းလို့ တံခါး ဖွင့်ကြည့် ဖို့တောင် မဖွင့်ရဲကြပါဘူး... .ပြတင်းပေါက် ကနေ အပြင်ဘက် ကို ချောင်းကြည့်မိတော့ မည်းမှောင်ပြီး လူသူကင်းမဲ့နေတဲ့ ... ပတ်ဝန်းကျင် နဲ့ စိတ်ခြောက်ခြား စရာ ရဲရဲနီ နေတဲ့ မိုးကောင်းကင်ကြီး ကိုဘဲ.....တွေ့လိုက်ရတယ်. ....အဲဒီ အချိန်များ အပြင်ထွက် ရင် လူတစ်ကိုယ် လုံး ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိလွင့်ထွက် သွားမလား ဘဲ သမီလေး ရယ်.....သမီးဖေဖေ ကလည်း အဲဒီ အချိန် က သဘောင်္ လိုက်နေတာ ဆိုတော့ အရေးရယ် အကြောင်းရယ် ဆို မိန်းမသားချည်း ဘဲ နေကြရတဲ့ မေမေ တို့ အတွက်တော့ ပိုလို့တောင် ကြောက်စရာကြီးပေါ့ သမီးလေး ရယ်.... ဘယ်သူ မှ လည်း မအိပ်ရဲကြတာ မို့ ဗိုက်နာနေတဲ့ မေမေ ပိုဆိုးမလာခင် လာရင် ဆေးရုံကား ခေါ်ပြီး ဆေးရုံတက်ထားလို့ ရအောင်ဆိုပြီး အိမ်နဲ့ အနီးဆုံး အကယ်ဒမီဆေးရုံ က နေစပြီး လူနာတင် ကားခေါ်လို့ မရလိုက်တာ....SSC , Women Centre , သုခကမ္ဘာ နဲ့ ပန်းလှိုင်ဆေးရုံ အထိပေါ့....ဘယ်ဆေးရုံ က မှ ခေါ်လို့မရတော့ ပါဘူး... သမီး ရယ်....စစချင်း တစ်ခုနှစ်ခုခေါ်လို့ မရတာ မှာ တစ်ခု မရ တစ်ခုရမှာဘဲ ဆိုပြီး စိတ်သိပ်မပူ တဲ့ မေမေ ဘယ်လို မှ ခေါ်မရ မှန်း သိလို့ စိတ်ညစ်ရတဲ့ အထဲ ဗိုက် ကလည်း အရမ်းနာ လာတော့ ကျွန်မ ဗိုက် အရမ်းနာလာလို့ ပါ ..အကူအညီတောင်း တာ ပါဆို တာတောင် ...အားလုံး က အမ ရေ...ကျွန်တော် တို့ လာလို့ မရတော့ပါ ဘူး...လမ်းတွေ မှာ သစ်ပင်တွေ လည်း တဘုန်းဘုန်းလဲ ၊ ဓာတ်တိုင်တွေ လည်း ပြို နဲ့ ကားလမ်းတွေ လည်း အကုန် ပိတ်ကုန်လို့ ဘယ်လိုမှ မလာနိုင်တော့ လိုပါ...ဆို တာဘဲ ကြားရတော့ တယ် ..... သမီးလေးရေ....
ကံကြမ္မာ ဂြိုဟ်ဆိုးဆိုတာ သမီးလေး နဲ့ မေမေ့ အတွက် ဘဲလား မသိပါဘူး...သမီးလေးရယ်....မေမေ နဲ့ တစ်မြို့နယ် ထဲနေတဲ့ မေမေ့ မောင်လေး ( သမီးလေး ရဲ့ လေးလေး အငယ် ) ဆီကို ကြောက်ကြောက် နဲ့ ဖုံးဆက်တော့ လည်း ဘုရားသာ ရှိခိုး ပြီး နေလိုက်ပါတော့....သူလည်း ဘယ်လိုမှ မလာနိုင်တော့ဘူးတဲ့ ...ရှေးအိမ်မည်းကြီး ဖြစ်တဲ့ မေမေ တို့ ကလေး ဘ၀ နေခဲ့တဲ့ အိမ်ကြီး မှာလည်း အုတ်ကျွတ်တွေ က ကျိုးကျ ၊ ရှေးခေတ် သစ်သား တုတ်တန်းတွေ ပြုတ်ကျ ...သစ်ပင်အိုကြီးတွေ တ၀ုန်းဝုန်း နဲ့ ကျိုးကျနေ လို့...အသက် ရှစ်ဆယ်ကျော် မေမေ့ ရဲ့ ဖွားဖွား ခမျာ လည်း အရေးရယ် အကြောင်းရယ် ဆို ဘယ်လိုမှ ထွက်မပြေးသာတဲ့ ဘ၀ မို့ အရမ်းထိတ်လန့် နေရရှာသတဲ့.....သမီး လေးလေး လည်း မကယ်နိုင်ပြန်တော့ အိမ်နီးနားချင်းလေးများ တစ်ယောက်တစ်လေ ကူကယ် မယ့် သူ ပေါ်လိုပေါ်ငြား အပေါ်ထပ်တွေ ကို ဖုံးဆက်ကြည့်တော့ လည်း အပေါ်ထပ် က မြေရှင်ဖြစ်တဲ့ အကိုကြီး ခမျာ ည နှစ်နာရီ လောက်ကြီး လေကြီး မိုးကြီးကြားက အောက်ထပ် ဆင်းလာကြည့်ပေးရှာပေမယ့် သူလည်း ဆေးရုံ ပို့ပေးဖို့ အထိတော့ မစွမ်းသာရှာပါဘူး.....နောက်ဆုံး ကြံရာမရတဲ့ အဆုံး ဗိုက် က လည်း မချိမဆန့် တအားနာနေတာ မို့ ပိုမနာလာအောင် အတတ်နိုင်ဆုံး မလှုပ်မယှက် နေရင်း ဆေးရုံ မသွားနိုင်တဲ့ အတူတူ အနီးတ၀ိုက် က OG မဟုတ်လည်း မွေးလို့ရရင် ပြီးရော ဆိုပြီး နီးစပ်ရာ ဆရာဝန်တွေ ဖုံးဆက်ပြီး လာမွေးပေးဖို့ ဖုံးဆက် အကူအညီတောင်းကြည့်ပြန်လည်း သမီးလေး နဲ့ မေမေ့ အတွက် ကူကယ်မယ့် ကယ်တင်ရှင် ဆိုတာ ပေါ်မလာခဲ့ပါဘူး......သမီးလေး ရယ်.....အဲဒီလို နဲ့ ဘာမှလုပ်မရ ဘယ်သူ့ကို မှ အကူအညီတောင်းလို့ မရတော့ တဲ့ အဆုံးမှာတော့ တိရိစ္ဆာန်လေးတွေတောင် သဘာဝ က မွေးတတ်အောင် ဖန်တီးပေးထားတာဘဲ....မဖြစ်တဲ့ အဆုံး ကိုယ့်ဟာကိုယ် ဘဲ ထွက်တဲ့ အချိန် စောင့်ပြီး မွေးရတော့မှာပေါ့ .....ဆိုပြီး ဘုရားတရားလေး ဆင်ခြင်ပြီး သမီးလေးရဲ့ ကံ ...မေမေ့ ကုသိုလ်ကံပါဘဲ ဆိုပြီး စိတ်ဒုန်းဒုန်းချပြီး နေလိုက်ရတော့ တာပေါ့.... သမီးလေးရယ်.....အဲဒီ လို နဲ့ မေလ ( ၃ )ရက်နေ့ မနက် ၅ နာရီလောက် မှာ မုန်တိုင်း ကလည်း အဆိုးဆုံးအချိန် မေမေ့ ဗိုက် က လည်း အနာဆုံး အချိန်ပေါ့....သမီးလေးရယ်....ဗိုက် တအားနာတဲ့ ကြားထဲ မှာ သတိ တရ တွေးမိတာ က မေမေတို့ အိုးနဲ့ အိမ်နဲ့ တောင် မုန်တိုင်း ဆိုတာ ဒီလောက်ကြောက်စရာကောင်းနေရင် ပင်လယ်ကြီး ထဲ မှာ သက်စွန့်ဆံဖြား အလုပ်လုပ်နေရရှာတဲ့ သမီးလေး ရဲ့ ဖေဖေများ ဒီလို မုန်တိုင်းအချိန်မျိုးသာဆို....ဘုရား ...ဘုရား ..... ဆိုပြီး ....နောက်ဆို ပိုက်ဆံ မရှိရင်နေပါစေ...အရေးရယ်အကြောင်းရယ်....နောက်ဆုံး သေစရာရှိရင်တောင် ကိုယ့် မိသားစုလေး စုံစုံ လင် လင်တော့ ရှိစေချင်တယ်..ဒီတစ်ခါ သမီးလေး ဖေဖေပြန်လာရင် သဘောင်္ မလိုက် ခိုင်းတော့ဘဲ ဒီမှာ ဒိုးတူ ဘောင်ဘက် တူတူ အလုပ် လုပ်ကြမယ် ဆိုတာ...ကိုပါ......
သမီးလေး ရဲ့ ကုသိုလ်ကံလေး က ကောင်းချင်တော့ မိုးလေးလင်းစပြုလာ မေမေ့ ဗိုက်နာတာလေး က လည်း တော်တော်ကျဲ လာတာမို့...နောက်ဆုံး စိတ်လျော့ပြီး ကိုယ့်ကံက မကောင်းရင်တောင် ကံတရား က သမီးလေး ဘက်မှ ရှိရှာတာ ဘဲ လို့ အားတင်းပြီး ရာသီဥတုလေး နည်းနည်း ပြန်ကောင်းလာမှ ....ဆိုင် က မမတွေ က လမ်းထိပ် မှာ ကားထွက်ခေါ်ခိုင်းတော့ လည်း ဘာ Taxi တစ်စီးမှ မရှိ ၊ သစ်ပင်တွေ က လဲ လမ်းတွေ က ပိတ် နဲ့.....ဆေးရုံရောက်မယ့် အရိပ် အယောင်တောင် မမြင် ရပြန်ပါဘူး သမီးလေး ရယ်.....ဖြစ်ချင်တော့ ည နှစ်နာရီတုန်း က မေမေ့ ကို လာကြည့်တဲ့ အပေါ်ထပ် က အကိုကြီး က သစ်ပင်တွေ လာတော့ ရှင်းနေကြပြီတဲ့...လမ်းနည်းနည်း ရှင်းလို့ ကားသွားလို့ ရရင် သူဆေးရုံ လိုက်ပို့ပေးပါမယ်..... ဆိုတာ နဲ့ ဘဲ ..ကယ်တင် ရှင်ပေါ်ပြီမို့... .မေမေ အားတင်းထားတဲ့ စိတ်လေးလျှော့ပြီး အစာလေးတော့ တစ်ခုခုစားမှ ဆိုတော့ လည်း ဈေးဝယ် မရ လို့ ဘာ မှ စားစရာ မရှိတဲ့ အဆုံး မှာ ရွေးစရာမရှိဘဲ စားရတဲ့ လက်ဖက်သုတ် နဲ့ ထမင်းလေး စားပြီး လမ်းရှင်းတာ ကို စောင့်နေ ရတော့ တာပေါ့... သမီးလေးရယ်...အဲဒီလိုနဲ့ နေလည် ( ၁၁ ) နာရီလောက် မှာ လမ်းနည်းနည်း ရှင်းပြီ ဆို ပြီး ဆေးရုံ ကို လိုက် ပို့တော့ လည်း တစ်လမ်းရှင်းပေမယ့် တစ်လမ်းက မရှင်းသေးတာ မို့...ကွေ့ကာ ပတ်ကာ နဲ့ သွားလိုက်ရတာ SSC ကို ညနေ ၃ နာရီ ဗကျာ် မှ ရောက်ပါ တယ် သမီးလေးရေ....
တစ်ခါ ဆေးရုံရောက်ပြန်တော့ လည်း ဆေးရုံမှာ အမိုးတွေ က လန် ၊ ခွဲခန်းတွေ မိုးယို ၊ ဆေးရုံကြီး အောက်ထပ် တစ်ခု လုံး မှာ မိုးယိုလို့ ရွေ့ထားတဲ့ လူနာတွေ က အပြည့်နဲ့ပေါ့….မေမေ က ညက တစ်ညလုံး ဗိုက်တအားနာထားလို့… …နောက်ထပ် ဗြုန်း စားကြီး ဗိုက်နာလာရင် သွားမရ ပြုမရနဲ့ ဒုက္ခရောက်မှာမို့…ဆေးရုံမှာနေပါရစေ ဆိုတာကို မေမေ့ ကို စမ်းသပ်ပြီး မီးဖွားချင်လို့ မဟုတ်ဘူး …လေထိုးလို့ နာတာပါတဲ့လေ….ဆေးရုံမှာလည်း ဘယ်လိုမှ ထားစရာ နေရာမရှိတော့ လို့ပါ… ဆိုပြီး ပြန်ခိုင်းပြန်ရော သမီးလေး ရယ်…… မေမေ့ ကုသိုလ်ကံ က ကောင်းလိုက် ဆိုးလိုက်နဲ့ အဲဒီ အချိန်မှာ ကံကောင်း ချင်တော့ မေမေ့ ဗိုက်အပ်ထားတဲ့ ဆရာဝန်ကြီး ဦးတင်မောင်အေး က သူ့ ရုံးခန်း မိုးယိုလို့ ဆိုပြီးရောက်လာတာနဲ့ မေမေ့ ကို သူ့လူနာဆိုပြီး သူနဲ့ အပ်လိုက်ကြ တယ်… အဲဒီ မေလ ( ၃ ) ရက်နေ့ က စနေနေ့ ဖြစ်နေတော့ မေမေ့ ကို စနေ အယူသီးလားတဲ့ …မေမေ က မသီးပါဘူး ဆရာရယ်…. ကလေး ကောင်းရယ်… ပြီးတာပါဘဲ…ဆိုတာ နဲ့ ဘဲ……ခွဲမယ်…ဆိုပြီး မေမေ့ကို ခွဲခန်းထဲ သွားခိုင်း ပါတယ်… .နေ့စေ့ လစေ့ကြီး နဲ့ ဓာတ်လှေကား ပျက်နေလို့ … မေမေ မှာ ခွဲခန်းထဲ ကို မိုးရေတွေ စိုရွှဲနေတဲ့ကြား က ချော်မလဲအောင် လှေကား အဆင့်ဆင့် ကို သတိထား တက်ပြီး မွေးခန်းထဲရောက် ရတယ်…အပြင်မှာ မခွဲခင်….တစ်ခုခုဆို တာဝန် မယူတဲ့ အကြောင်း လက်မှတ် ထိုးခိုင်းလို့ တီတီအိ နဲ့ တီတီ စန္ဒာ လက်မှတ်ထိုး တဲ့ အချိန် မှာ မေမေ ကြောက်ကြောက် နဲ့ ငိုရပြန်ပါတယ်..….မေမေ ခွဲခန်း ထဲ ရောက် မှ မေမေ ဗြုန်းစားကြီး ဗိုက်နာတာကို သိတဲ့ သမီးလေး ရဲ့ ဖိုးဖိုး က ခွဲခန်း အပြင် မှာ ရောက်နေပြီ ဆိုတာ သူနာပြု ဆရာမလေးတွေ နဲ့ အကြောင်းကြားလာတယ်…..
အဲဒါနဲ့ဘဲ မေ့ဆေးဆရာဝန်ကြီး ကိုစောင့်တာ ပြင်တာဆင်တာ နဲ့ ဘဲ သမီးလေး ကို တကယ်မွေးတဲ့ အချိန်က ညနေ ၅:၃၀ မှာပေါ့....မေမေ့ မှာ သမီးလေး ကို ချောချောမောမော မွေးပြီ ဆိုပြီး စိတ်အေးမယ် မှ မကြံသေးဘူး....လမစေ့ဘဲ မွေးရတဲ့ အထဲ ပေါင် ချိန်ကလည်း ၄ ပေါင်သာသာ ဘဲ ရှိ...နို့ ကလည်း လုံးလုံး မစို့နိုင်တော့ ...ဆရာဝန်တွေ ဆရာမ တွေ ..မျက်လုံပြူး မျက်ဆန်ပြူး ဖြစ် ပြီး ညအထိ မှ နို့မစို့နိုင်ရင်တော့ ကလေးဆေးရုံ တင်ရမယ်တဲ့...သမီးလေး..ရေ....တခါ မေမေ့ မှာလည်း ခွဲခန်းထဲ က နေ အောက် ကို သယ်ပေးမယ့် လူမရှိလို့ ထုံဆေးပြယ်ရင် လမ်းလျှောက်ဆင်းပါ တဲ့လေ... .မေမေလည်း ကြိုးစားပြီး ဆင်းဖို့ လုပ်ပေမယ့်.. .ခြေထောက် က လုံးလုံး မလှုပ်နိုင်တာ မို့....ဆေးရုံက ၀န်ထမ်းတွေ အကူအညီ နဲ့ ဘဲ မ ချီ ပြီး.....မေမေ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ စပါယ်ရှယ် ခန်း ဆိုတာ ဝေး လို့...မေမေ နေရ မယ့် ကော်ရေဒါ က လှေကားထောင့်လေးနား မှာ ခန်းဆီးလေး ကာပေးထား တဲ့ ခြောက်ထောင် တန် အခန်းလေး ရတာတောင် ကံကောင်းပေါ့...သမီးလေးရယ်.....
ည ဆယ်နာရီလောက် မှာ ကလေး ဆရာဝန်ကြီး ဦးရဲမြင့်ကျော် ရောက်လာတော့ သမီးလေး အဖေ နာမည် ကို ခေါ် ပါရော....မေမေ က သဘောင်္ လိုက်နေတယ် ဆိုတော့....ကလေး အကြောင်း ဘယ်သူ့ ကိုပြောရမလဲ...တဲ့ ..မေမေ က ကျွန်မ မှာ ဘယ်သူ မှ မရှိဘူး...ကျွန်မ အဖေ က လည်း စိတ်တအားပူ လို့ လိုက်လာတာ က လွဲရင် ကျန်းမာရေး သိပ်မကောင်းလှတဲ့ အတွက် ကျွန်မ ကို ဘဲ ပြောပါဆရာ ...ကျွန်မ စိတ်ထားနိုင်ပါတယ်...ဆိုတော့.....ဆရာကြီး က ကလး အခြေအနေ မကောင်းဘူး ..ဆေးရုံ တင် မှ ဖြစ်မယ်တဲ့...သူတို့ ဆေးရုံ ကားနဲ့ လိုက်ပို့မယ်တဲ့...မေမေ့ မှာ စိတ်ဆင်းရဲလာရသမျှ အခြေအနေ အားလုံး မှာ အဲဒီ စကားကြား ရတဲ့ အချိန်မှာ စိတ် အဆင်းရဲ ဆုံးပါဘဲ...သမီးလေး ရယ်....ရှိုက်ကြီးတငင် ငိုကြွေးချင်လာတဲ့ စိတ်ကို သမီးလေး အတွက် နို့လည် မှာ မေမေ တစ်ခုခု ဖြစ်သွားရင် သမီးလေး တစ်ယောက်ထဲ ဒုက္ခရောက်ရမှာ တွေးလို့ စိတ်ထိန်းရင်း ...သမီးလေး ကို ပိုက်ဆံ ဘယ်လောက် ကုန်ကုန် ကုပါမယ်... လို့ပြောဆိုပြီး ကလေး ဆေးရုံ သွားစောင့်ပေးမယ့်...သမီးရဲ့ တီတီ အိ နဲ့ တီတီ စန္ဒာ ကို သေသေ ချာချာမှာ....လူကြီး မရှိတဲ့ အတွက် သမီးလေး တစ်ခုခု ဆိုရင် က အစ မေမေ့ ကို ဖုံးမထားဖို့....တစ်ခုခု ကြို သိမှ ဘာလုပ်ရမယ် ဆိုတာ စဉ်းစားလို့ရမယ် ဆိုတာ အထိ မှာ ပြီး စိတ်ဆင်းရဲခြင်းများစွာ နဲ့ လွှတ်လိုက်ရတယ်...သမီးလေး ရယ်.... .အဲဒီ ညအချိန် မတော်ကြီး ကလေးဆေးရုံ က လာတဲ့ ဖုံးတွေ သမီး အခြေအနေ မကောင်းလို့ ဆက်တဲ့ ဖုံး မှန်း မေမေ သိပေမယ့် အိမ်နဲ့ SSC ဆေးရုံ နီးလို့ လာကြည့် ရင်း မေမေ့ ကို သနားလို့ ကူစောင့်ပေးတဲ့ သင်တန်း မှာ လာကစားတဲ့ အန်တီ ၀င်း တို့ က လည်း မေမေ အထိတ်တလန့်ဖြစ်မှာ စိုးပြီး ဖုံးကြ တာပေါ့.... သမီးလေးရယ်....
ရက်သား သမီးလေး နဲ့ ခွဲပြီး ကျန်ခဲ့ရတဲ့ မေမေ့ မှာ လည်း Nurse က မရ ...စောင့်ပေးတဲ့ ...အိမ်က အကု... ဆယ်နှစ် သာသာ ကလေးမလေး တွေ က လည်း ဘာမှ မလုပ်တတ်...ခေတ်မှီ တိုးတက်နေတဲ့ ခေတ်မှာ သူများတွေ ကလေး မွေးရင် နာတယ် ဆိုတာ ဘာမှန်းတောင် မသိဘူးလို့ ကြားဖူးတဲ့ ခေတ်မှာ မေမေ့ မှာတော့ ဗိုက်ကြီး တစ်ခုလုံး ဖွင့်ပြီး အနာကျက်အောင် ဆေးလာ ထည့်ပေးတာ က လွဲလို့...မနာအောင် စအိုထဲ ထည့်တဲ့ ဒုန်းကျည် ဆိုတာ ဘာ မှန်းတောင် မသိရဘဲ...ဗိုက်ကြီးတစ်ခုလုံး ဓားဒဏ်ရာ နဲ့ ကျိန်းစပ်နေတာ အံကြိတ်လို့ ခံနေရပါရောလား သမီးလေးရယ်.. ..ထမင်းစားချိန် ကျပြန်တော့လည်း အိမ်က ပို့ဖို့ဝေးလို့....ဆေးရုံရှေ့ မှာ အထမ်းလေးတွေ နဲ့ လာရောင်းတဲ့ ထမင်းသည်လေးတွေ ဆီက ဘဲ..မီးနေ သည် အစာ ဟုတ်မဟုတ် ချေး မများနိုင်ဘဲ.... စားရပြန် ပါရော....မေမေ့ လိုမျိုး မုန်တိုင်းကြားမှာ ဗိုက်မနာပေ မယ့် ကြောက်အားလန့်အား နဲ့ ဆေးရုံရောက်လာရတဲ့ မိခင်တွေ လည်း နောက်နေ့ တွေ မှာ အထိတ်တလန့် အမျိုးမျိုး နဲ့ မွေးနေကြရှာတာပေါ့ ....သမီးလေး ရယ်...ကလေး...ဆေးရုံ မှာစောင့်ပေးရှာတဲ့ သမီးချစ်တဲ့ တီတီ အိ ခမျာမှာလည်း နာဂစ် မုန်တိုင်းဒဏ် ကို တော်တော် ခံရတဲ့ ဟိုင်းကြီးကျွန်းဒေသ က မို့ ဖုံး လိုင်းတွေ မကောင်းလို့ သူ့အိမ် သူ့ မိဘတွေ နဲ့ လုံးလုံး အဆက်အသွယ်မရလို့ ...သူ့ မိဘတွေ သေသလား ရှင်သလား ...ကယ်ဆယ်ရေးစခန်းရောက်နေလား မသိရှာ ရတဲ့ကြားထဲ မေမေ့ ကို သနားစွာနဲ့ မေမေ မသိအောင် ကြိတ်ငိုပြီး သမီးဆေးရုံက ဆင်းမှ သူ့အိမ်ကို ပြန်ကြည့်ဖို့ စောင့်နေရှာ သတဲ့ ...သမီးလေး ရေ....
ကလေး ဆေးရုံမှာ ကျပြန်တော့လည်း လမစေ့ဘဲ စောမွေးရတဲ့ ကလေး တွေ....ပြည့်ကြပ်သိပ် ထားစရာ က မရှိ... ပိုက်ဆံ အထုပ်လိုက်ပေးလိုက်လည်း လူကြီးမပါတဲ့ အတွက် အခြေအနေမကောင်း လို့ တစ်ကိုယ်လုံး ဆေးထိုးအပ်ရာ တွေ ပိုက်တွေ တပုံတပင်ကြီး နဲ့ သမီးလေး မှာ တပ်ထားရတဲ့ အောက်ဆီဂျင် ကို ဖြုတ်ပြီး သူများ ကလေး ကိုသွားပေးတယ် ဆိုတာ ကြားလို့... သမီး ရဲ့ လေးလေး နိုင်ဝင်းအောင် ခမျာ ည နှစ်နာရီလောက် ကြီး ဖယောင်းတိုင် မီးလေး နဲ့ သစ်ပင်ကြို ကြားသွားပြီး အစောင့်တွေ .... Nurse တွေ နဲ့ သွား စကားပြော မှ ဘဲ...သမီး အတွက် အဆင်ပြေရတော့ တယ်... .နောက်နေ့ မှတော့ မေမေ ဒုက္ခ ရောက်တိုင်း အကူအညီပေးတတ်တဲ့ မေမေ ရဲ့ အဒေါ်ဝမ်းကွဲ အန်တီ ပူစူး က သူ့အိုး သူ့ အိမ် သူ့ မိသားစု ပြသနာ ကို ပစ်ပြီး သမီးလေး ဆေးရုံ ကို ရောက်လာ ပေးမှဘဲ သမီးလေး အတွက် အဆင်ပြေသွားရတော့တယ်....သုံးရက် အကြာ မှာ သမီးလေး နည်းနည်း သက်သာ လာတော့ ဆေးရုံမှာ ထား စရာ နေရာ မပေးနိုင်လို့ ဆင်းခိုင်းပြီး SSC က မေမေ့ ဆီ ပြန်ရောက်လာပြန်ပါရော... ဒီတစ်ခါ ပြန်ရောက်တော့ နို့လေး နည်းနည်း စစို့တတ်ပြီလေ...သမီး ခေါင်းလေး ဆံပင်လေး ကိုင်ပြီး ကြည်ကြည်နူးနူး နဲ့  နို့ ကလေး တိုက်ရရုံ ..ဖုံးလိုင်းတွေ ပြန် စကောင်းလို့...သဘောင်္ပေါ်က ခင်ပွန်းသည် နဲ့ အဆက် အသွယ် ပြန်ရ ပြီး နောက် တစ်ရက် နှစ်ရက် ဆို ဆင်းရပါပြီ လို့...အားတင်းရုံ ရှိသေး....မနက်ဖြန် မေမေ ..ဆင်းရလို့ရပြီ ဆိုမှ သမီးလေး အသား ၀ါနေတယ်...ဆိုပြီး မေမေ့ ရင်ခွင်ထဲ မှာ နို့ကလေး စို့နေတဲ့ သမီးလေး ကို ဓာတ်ကင်ရမယ် ဆိုပြီး ဆရာမတွေ ဆွဲခေါ်သွားတော့ ...... စိတ်ဆင်းရဲလိုက် ရတာ မှ ဘာပြောကောင်းမလဲ သမီးလေး ရယ်.... ဒီလောက် ဒုက္ခ သုက္ခ ပေါင်းစုံ နဲ့ သမီး ရဲ့ မေမေ မှ မရူးရင် ဘယ်သူ မီးတွင်း ရူး ဖြစ်ပါတော့မလဲ..... သမီးလေး ရယ်... .နော်..နောက်တော့ သမီးလေး ကို ကလေးဆေးရုံ နောက်တစ်ခါ ပို့ကြပြန်ပါရော....
စိတ်မကောင်းခြင်းများစွာ နဲ့ သမီးလေး မပါဘဲ မေမေ တစ်ယောက်ထဲ ဆေးရုံ က ဆင်းပြီးပြီးချင်း တစ်ပတ် လုံးလုံး သမီးလေးစိတ်နဲ့ သောက ရောက်နေရတဲ့ မေမေ...ကိုယ့်ဟာကိုယ်ဘဲ သမီးလေး ပြန်ကောင်း လာမှာပါ လို့ ..အားတင်းပြီး သမီး ကို တိုက် လို့ ရရ မရရ ...သမီး ဆီ ပို့ရရင် ပြီးရော ဆိုပြီး သမီးလေး မသောက်ရဘဲ တင်းလာရသမျှ နို့ ကို မနက် တစ်ခါ ညတစ်ခါ ညှစ်ပြီး နို့ဘူးကလေး နဲ့ သမီးလေး ရှိတဲ့ ကလေး ဆေးရုံ ကို ပို့ခိုင်းရတယ်...သမီးလေးရေ... အိမ်ပြန်ရောက် လို့ သမီးလေး သောက်တယ်. ..အသားဝါတာ လည်း သက်သာတယ် ဆိုတဲ့ မှ...မေမေ လည်း စိတ်နည်းနည်း အေးရ တာပေါ့....အဲဒီလို့ နဲ့ တစ်ပတ်ပြည့်လို့. ...သမီးလေးနေကောင်းသွားပြီ ...စိတ်မပူရတော့ဘူး....ဆင်းလို့...ရပြီ ဆိုမှ....မေမေ... စိတ်ဆင်းရဲခဲ့ရသမျှ ၊ စိုးရိမ် ပူပန်ခဲ့ရသမျှ ၊ သမီးနို့လည် မှာ စိုးလို့ တစ်ယောက်ထဲ ရင်ထဲမှာ ကြိတ်ငိုခဲ့ရသမျှ အပူမီးတွေ အားလုံး ...သမီးလေး နေကောင်း စွာ နဲ့ မေမေ့ ရင်ခွင် ထဲရောက်လာ မှ ဘဲ....သမီးလေးချစ်တဲ့ မေမေ တစ်ယောက် ပြုံးပျော်နိုင်ပါတော့တယ်.. သမီးလေး ရေ.......
အခု ဆိုရင် သမီးလေး မေမေ့ ရင်ခွင်ထဲရောက်တာ ( ၄ ) နှစ်တိတိ ပြည့်ပြီဖြစ်သလို.....မေမေတို့ တိုင်းပြည် မှာ လည်း မကြုံစဖူး ကဒ်ဆိုက် သလို လူတွေ အများကြီး / မိသားစုလိုက် / ရပ်ရွာအလိုက် မျိုးပြုတ်တဲ့ သူ ပြုတ်ကြတဲ့ အထိ အဖြစ်ဆိုးတွေ ကြုံခဲ့ရ တာ လည်း အခုဆို ( ၄ ) နှစ် တင်းတင်း ပြည့် ခဲ့ပြီပေါ့... သမီးလေး.. ရယ် .....မေမေ့ ကို ဒုက္ခ မပေးဘဲ...မုန်တိုင်းဆဲ လို့ အားလုံးအေးချမ်း တဲ့ အချိန် မှာ မေမေ့ ဘ၀ ထဲ ကို ငြိမ်းချမ်းမှုတွေ နဲ့ ၀င်လာတဲ့ သမီးလေး ရဲ့ မွေးနေ့လေးရောက်တိုင်း လူတွေ အများကြီးရဲ့ အသက်ပေါင်းများစွာ စတေးပြီး သေကြေ ပျက်စီး ကြရတဲ့....နေ့ဆိုတာ ကို ......မေမေ အမြဲတမ်း စိတ်မကောင်းခြင်းကြီး စွာ နဲ့ သမီးလေး မွေးနေ့လေး နဲ့ အတူ သတိရနေရပါတယ်. ..သမီးလေး .....ရေ ... ..မေမေ ပိုက်ဆံ အများကြီး ရှိတဲ့ အခါ ကျရင် အဲဒီ နာဂစ် ဘေးသင့်ခဲ့ တဲ့ ဒေသ တွေသွားပြီး နာဂစ် မုန်တိုင်း ကြား မှာ အဖြစ်ဆိုး နဲ့ ဆုံးပါးရရှာတဲ့ သူတွေ ၊ တစ်ဆွေလုံး တစ်မျိုးလုံး ပြုတ်ကျ ရပြီး..... အမျှဝေပေး မယ့်သူ မရှိနိုင် သူတွေ အတွက် တတ်နိုင်သလောက် ကောင်းမှု ၊ ကုသိုလ်တွေ အများကြီး လုပ်ပြီး ဖေဖေ ရယ် ၊ မေမေ ရယ် ၊ သမီးလေး ရယ် ...အတူတူ အမျှ သွားဝေကြမယ် နော်... ..မေမေ အမြဲ အမှတ်ရသလို သမီးမွေးနေ့ ကို မှတ်မိလို့ သတိရနေတတ်တဲ့ သူတွေ တိုင်း က သမီးလေး ကို စနောက်ပြီး နာဂစ်လေး လို့ ခေါ် ရင်တောင် မေမေ က မခေါ်ပါနဲ့ .... နာဂစ် ဆိုတာ ... လူတွေအားလုံး အတွက် ကြမ္မာဆိုး ၀င်ကြ တဲ့ နာမည်.... သမီးလေး က မေမေ့ ...အလုပ်ဖြစ်တဲ့...GINGER Beauty Land ...နှစ်ပတ်လည် တဲ့ လ မှာ မွေးလို့...မေမေ ထမင်းစား ရတဲ့ နာမည် ဖြစ်တဲ့ ဂျင်ဂျာ ဆိုတာ လေး ကိုဘဲ... ချစ်စနိုး နဲ့ မေမေ ခေါ်သလို လိုက်ခေါ် ကြပါလို့... .ပြောမိတဲ့ အထိ ပါဘဲ...သမီးလေးရေ....
ကဲ....အလုပ်များတဲ့ .....မေမေ မို့ သမီး ကို ချစ်လား မချစ်ဖူးလား လို့ ခဏခဏ မမောတမ်း မေးတတ်တဲ့ သမီးလေးရေ .... သမီးလေး ကို မေမေ..ဘယ်လောက်ထိ...ချစ်သလဲ...ဆိုတာကို...အခုချိန်မှာ သမီးလေး ငယ်သေး လို့.. မဖတ်နိုင်ပေမယ့်.. .သမီးလေး ကြီးလာရင် ဖတ်ဖို့...သမီးလေး မွေးနေ့ မှာ အမှတ်တရ အဖြစ် မေမေ ဒီစာလေး အမှတ်တရ ...ရေးဖြစ် သလို....ဖေဖေ့ သူငယ်ချင်း ..ဦးဦး ဖြိုးဇော်မင်း ထုတ်တဲ့ ပူစီပေါင်း ဆိုတဲ့ ကလေး စာစောင် မှာ သမီး ဓာတ်ပုံလေး တောင်း လို့. ..မေမေ..မလုပ်တတ် လုပ်တတ် နဲ့ လုပ်ပေးတဲ့ ဒီဇိုင်း ကချောင်နေလို့...ဆိုပြီး ကလေး ကဗျာလေး တစ်ပုဒ်ရေးပေးပါ ဆိုလို့.. .မေမေ..မတောက်တခေါက် ....ရေးပေးခဲ့တဲ့ ...သမီးလေး ဖတ်ဖို့...ဆိုတဲ့ ကဗျာလေး ပါ...အမှတ်တရ အဖြစ် သမီးမွေးနေ့မှာ ဒီ စာလေး နဲ့ အတူ ပြန်တင်ပေးလိုက်ပါ တယ်...မေမေ ချစ်တဲ့ သမီးလေး အတွက် ( ၄ ) နှစ် ပြည့် မွေးနေ့လေးမှ စပြီး.... .နေကောင်း ကျန်းမာ ချမ်းသာစွာ နဲ့ ပညာတွေ အများကြီးတတ်ပြီး အသက်ရှည်ပါစေ .....ဆိုတဲ့ သမီးလေး အတွက် မွေးနေ့ ဆုတောင်းလေး နဲ့ အတူ သမီးလေး လူ့လောက ကြီးထဲဝင်လာ တဲ့ နေ့မှာ အဖြစ်ဆိုး နဲ့ ဆုံးပါးကြ ရှာတဲ့ နာဂစ်ဘေးသင့်သူ များ အားလုံး လည်း ကောင်းရာ သုဂတိ လားကြပါစေ....ဘ၀ ဆက်တိုင်း ဒီလို ကံကြမ္မာဆိုး နဲ့ ဝေးကြပါစေ လို့.... သမီးလေး မွေးနေ့ မှာ မေမေ ဆုတောင်းပေးလိုက်ပါတယ်....
သမီးလေး အတွက် မေမေ ပြောတဲ့ နာဂစ် ( Nargis ) ပုံပြင်......ဆိုတဲ့ ဒီ Notes လေး နဲ့ အတူ နာဂစ် ( Nargis ) မုန်တိုင်း ကြားမှာ ဒုက္ခ ပင်လယ်ဝေနေရတဲ့ ကျွန်မ ကို အခက်အခဲ အမျိုးမျိုးကြားမှ ဆေးရုံ ပို့ပေးသော.. ... ကိုဝေယံ ၊ မုန်တိုင်းကြား မှ ကျွန်မ သမီးလေး ကို ချောချော မောမော နှင့် အောင်မြင် စွာ မွေးဖွားပေးသော ဆရာကြီး ဒေါက်တာ ဦးတင်မောင်အေး ၊ သမီး ကို ဒရောသောပါး နှင့် ခရီးရောက်မဆိုက် ဆေးရုံ လာကြည့်ပေးသော ကလေး ဆရာဝန်ကြီး ဦးရဲမြင့်ကျော် ၊ ကျန်မာရေး မကောင်းတဲ့ ကြား က စိုးရိမ်ပူပန်စိတ် နဲ့ ကျွန်မ ကို နေ့မအိပ် ည မအိပ် လာစောင့်ပေးသော ကျွန်မ ၏ ဖခင်ကြီး နှင့် ကျွန်မ ၏ မောင်လေး နိုင်ဝင်းအောင် + ပိုးပိုး မိသား စု နှင့် မောင်လေး IC ၊ ကလေး ဆေးရုံ မှာ နေ့ည စိုးရိမ် ပူပန်စွာ နှင့် သမီးလေး ကို စောင့်ရှောက်ပေးသော ကျွန်မ ညီမ.. စန္ဒာ နှင့် မအိ ( ဟိုင်းကြီး ကျွန်း ) မိသားစု ကို ပစ်ပြီး ကျွန်မ သမီးလေး နဲ့ ကလေး ဆေးရုံ မှာ ကျွန်မ ရဲ့ အပူ များ အားလုံး ကို မျှဝေ ခံစားပေးသော ကျွန်မ ၏ အဒေါ် အန်တီ ပူစူး ၊ ကျွန်မ ကို စိတ်ပူစွာဖြင့် ဆေးရုံ လာစောင့်ပေးသော မမ၀င်း ၊ အခက်အခဲ အဆင်မပြေမှုအမျိုးမျိုးကြား က လာရောက် သတင်းမေး ကြသော မိသားစု ၊ သူငယ်ချင်း ၊ မိတ်ဆွေ အပေါင်းအသင်းများ ၊ GINGER မှ သင်တန်းသူ မိတ်ဆွေ များ ၊ ၊ SSC ဆေးရုံ မှ တာဝန်ရှိ ဆရာဝန် ၊ ဆရာမ များ နှင့် ၀န်ထမ်းများ အားလုံး ...ကူညီစောင့်ရှောက် ... ပေးကြသော သူများ အားလုံး ကို အထူး ကျေးဇူးတင်ရှိပါကြောင်း သတိတရ မှတ်တမ်းတင် ဖော်ပြ လိုက်ပါတယ် ရှင်....
အမရဲ့ စာကိုဖတ်လိုက်တော့ဝမ်းနည်းရတယ်...မျက်ရည်လည်မိတယ်အမ
ReplyDeleteညီမလဲသားသားကိုမွေးတဲ့အချိန်ကခံစားချက်နဲ့ ထပ်တူထပ်မျှပါအမ..။