မှတ်မှတ်ရရ....ကိုယ်တွေ့ အဖြစ်အပျက်လေးပါ.....Fashion ဆိုင်
အသစ်လေး တစ်ခု...ကို သွားရင်းလာရင်း ၀င်ကြည့်ဖြစ်ပါတယ်.. ..အနီးအနားက
ဆိုတော့လည်း အ၀တ်အစားက ညှိုးညှိုးနဲ့လည်း ၀င်ကြည့်တာပဲပေါ့....
...မိန်းကလေး ကြိုက်တဲ့ ဆိုင်လေးပါဘဲ....ပိုက်ဆံအိတ် ၊ အကျီင်္ ၊ အလှအပ
ပစ္စည်း တွေက တော်တော်လေး...စုံပါတယ်.. ...ဟိုကြည့် ဒီကြည့် နဲ့ နောက်ဆုံး
T- Shirt လေး 2 ထည် ၀ယ်ဖြစ်ပါတယ်... .ရောင်းတဲ့ ကောင်မလေး က လည်း
စိတ်ရှည်ရှည် နဲ့ ပြပေးတော့ လည်း ၀ယ်ဖြစ်သွား တာပေါ့  .....
ဝယ်ပြီးမှ.....တော်တော် လှတဲ့ အကျီင်္ အနက်ရောင်လေး တစ်ထည်
တပ်တွေ့ပြန်ရော.... ကျွန်မ နဲ့ဆို နည်းနည်း ကြပ်မယ် ထင်လို့....သေချာ
ကြည့်တော့ ရောင်းတဲ့ ကလေး မလေး က ..အမ... .ကြိုက်ရင်.. ၀တ် ကြည့် ပြီး တော်
မှ ယူပါတဲ့.....အဲဒါနဲ့ အထည်ဆိုင်တွေ သွားရင် ပူရ ၊ အိုက်ရ နဲ့
မို့..၀တ်လိုက်ချွတ်လိုက် ကို စိတ်မရှည်တဲ့ ကျွန်မက ....၀တ်ကြည့်ချင်
စိတ်ပေါက်ပြီး ၀တ်တော့မယ် ဆဲဆဲမှာ.. ဆိုင်ရှင်..အမျိုးသမီး က ဗြုန်းခနဲ
အခန်းထဲက ထွက် လာပြီး.. . ကျွန်မ ၀တ်လိုက်ရင် ကျယ်သွားမယ်...သူဘဲ
ဝတ်ပြမယ်...ဆိုပြီး...ဇိုးဇိုးဇတ်ဇတ် ဆွဲယူ ပြီး....၀တ်ပြီး.. .မှန်ရှေ့
ရပ်ပြပါတယ်....အဲဒါနဲ့ စိတ်အနှောက် အယှက် ဖြစ်ပြီး..အောင့်သက်သက်နဲ့ .ပထမ
ဝယ်ထားတဲ့ T - Shirt လေး ဖိုး တွေ ကိုဘဲ ရှင်းပြီး ပြန်လာ ခဲ့ပါတယ်.. .
တိုက်တိုက်ဆိုင်ဆိုင်ဘဲ....တစ်ပတ်လောက်နေတော့
ကျွန်မတို့ဆိုင်ကို ၀ိတ်ချချင်လို့ဆိုပြီး သူရောက်လာ ပါတယ်.. ..အဆီချ
စုံစမ်းမယ့်သူ လာတယ် ဆိုလို့ ထွက်လာ မိတော့ သူဖြစ်နေတာတွေ့ ရတယ်လေ...
သူကလည်း တအံ့ တသြ နဲ့ ပါ...မှတ်မီ ပါတယ်.....သူအားနာသွားမှာ စိုးလို့
အမှတ်တမဲ့ နေရင်း...သူမေးသမျှ ရှင်း ပြပေးလိုက်ပါ တယ်... .နောက်ဆုံး မေး
လို့ ကုန်သလောက်ရှိမှ.....ကျွန်မကို....အမက ဒီဆိုင်မှာ အလုပ်လုပ်တာလား...
.ဆိုင်ရှင်လား တဲ့..... ကျွန်မ လည်း ...ဒီဆိုင် ဖွင့်တာ ဘယ်နှစ်နှစ်
ရှိပါပြီ...ဆိုပြီး ပြောပြလိုက်တယ်.......
နောက်တစ်နေ့ သူ အဆီလည်း လာချရော.....သူ့ဆိုင်မှာ အင်္ကျီင်္
ဒီဇီုင်း အသစ်တွေ ရောက်လို့ ကျွန်မက လှရင် ကြိုက်တတ် တယ် မှန်း သိလို့
ယူလာပြတာပါတဲ့..... ကျွန်မလည်း....သူ စိတ် ကျေနပ်အောင် အလိုက်အထိုက် ခဏ
ကြည့်ပြီး. ...မှ...မယူသေးတဲ့ အကြောင်း နဲ့ လိုရင် ဆိုင်ကို လာကြည့်ပါ့မယ်
ဆိုတဲ့ အကြောင်း ပြောလိုက်ပါတယ်.....
သူပြန်သွားတော့ သူ့ကို ကျွန်မ အားနာနေပါတယ်.....ကျွန်မ ပြောချင်တာ
...စုတ်စုတ်ပြတ်ပြတ်နဲ့ သွားတုန်းက ..ဘယ်လို.. ..ပိုင်ရှင်ဆို ဘယ်လို ...
ဖြစ်သွားတယ်ကို အဓိက ပြောချင်တာ မဟုတ်ပါဘူး.....အဓိက ပြောချင်တာ က .....
Customer ဆို တာ...ဘယ်လို အ၀တ်အစားနဲ့ ဘဲလာလာ
....ဘာပုံဖြစ်ဖြစ်....လေးလေးစားစား ဆက်ဆံ.....ယူယူ မယူယူ..
.သေချာရှင်းပြ...ဖို့ ကိုပါ.....
ကျွန်မ အမြဲ ချီးမွမ်းမိတဲ့ ....ဆိုင်တစ်ဆိုင်နဲ့
ဝန်ထမ်းတွေ ...အကြောင်း ပြောပြချင်ပါတယ်....လပြည့်ဝန်း ပလာဇာ အပါ် ထပ်က... .
စိန့်လောရင့်စ် (St. Laurence ) ဆိုတဲ့ Branded ပိုက်ဆံအိတ်တွေ ၊
နာရီတွေ...ရောင်းတဲ့ ဆိုင်ပါ.. ...ဈေးလည်း အရမ်းကြီးပါတယ်.... စိတ်ချမ်းသာ
စရာကောင်း တာက....ဘယ်လို ပုံစံနဲ့သွားသွား.....လေးလေးစားစား ဆက်ဆံပါ
တယ်... .မ၀ယ်နိုင်မှန်း သိပေမယ့် .....စိတ်ရှည် ရှည်နဲ့... တောင်းကြည့်သမျှ
ကို ထုတ်ပြပေးပါတယ်......... မ၀ယ်ဘဲ ပြန်သွားတဲ့ အပြန်ကို လည်း လေးလေး
စားစားနဲ့ ကျေးဇူး တင်ပါ တယ် ကို ပြောပါတယ်.....(နောက်ကွယ်မှာ မဲ့ရွဲ့
အတင်း ပြောပြီး ကျန်ခဲ့မယ့် ၀တ္တရားအရ လုပ်ရတဲ့ ကျေးဇူး တင်တာမျိုး
မဟုတ်ပါဘူး....)
အဲဒီဆိုင်လေးကို သဘောကျလို့ ...လပြည့်ဝန်းကို ဘယ်လောက်ကြာမှ ရောက်ရောက်
.....တစ်ခေါက်တော့ သွားသွား ကြည့်ပါတယ်..... .ကြည့်တိုင်းလည်း....အခု မ
ဝယ်နိုင်ရင်တောင်...အဲဒီ တန်ဖိုးလောက်....၀ယ်နိုင်တဲ့ တစ်နေ့
ကျရင်....ဒီဆိုင် က နာရီ တစ်လုံး နဲ့... ပိုက်ဆံ အိတ် တစ် အိတ်
လာဝယ်မယ်လို့ စိတ်ကူး လိုက်ပါတယ်. ....အကြောင်း တိုက် ဆိုင်တိုင်း
လည်း...ကိုယ် မ တတ်နိုင်ပေ မယ့်.... တတ်နိုင်သူ မျိုးနဲ့
စကားဆက်စပ်မိရင်... .ကြော်ငြာပေး မိပါတယ်... ..ကျွန်မ ဆိုင်က ကလေးတွေကို
လည်း ကောင်းတာ မကောင်း တာ တွေ့ရ တိုင်း ခေါ်သွား ပြီး... ..တော့ အဲဒီ ဆိုင်
တစ် ဆိုင် ဆိုင်ရဲ့ လူမှု ဆက်ဆံရေးကို လက်တွေ့ ခံစားစေပြီး..
..မှ...သူတို့ကို ....ကိုယ်ချင်းစာ ခိုင်းပြီး. ....သင်ပေးဖြစ်
ပါတယ်.......
Customer ဆိုတာ....နွေးထွေး ပျူငှာ စိတ်ရှည်စွာ ဆက်ဆံတတ်တဲ့
ဆိုင်မျိုးကို ..... နှစ်သက်တတ်ပြီး အခုအချိန်မှာ မ ၀ယ် နိုင်သေး
ရင်တောင်....ပိုက်ဆံ မရဘဲ..... ကြော်ငြာ ပေးချင်တာမျိုး. ကောင်းသတင်းကို
....... ..လိုလိုလား လား ပြောပေး ချင် တာမျိုးကိုပါ.... (..ဒီ...စာပိုဒ်
ကလေးကို ....ပုံစံ အမျိုးမျိုးနဲ့ အလုပ်လုပ်နေတဲ့ မောင်လေး ၊ ညီမလေး များ
အတွက်.....ရည်ရွယ်ပြီး အမှတ်တရ.....ဖော်ပြလိုက်ပါတယ်.......)
This comment has been removed by the author.
ReplyDelete