Monday, June 4, 2012

အဖြူရောင် သူငယ်ချင်း....

          ကျွန်မ မှာ ...... အဖြစ်အပျက် ကလေး ...တစ်ခု ကြောင့် သူငယ်ချင်း နဲ့ ပတ်သက်တဲ့ Post  လေး ရေးချင်နေခဲ့တာ မမင်းယဉ်နွယ်  http://www.facebook.com/yinnwe ရဲ့ သူငယ်ချင်း နဲ့ ပတ် သက် တဲ့ Link  လေး ဖတ်မိတော့ ... အတော်ဘဲ ဖြစ်သွားပါတယ်.....
            ကလေး ဘ၀တုန်း က သူငယ်ချင်း ဆိုတာ ကျောင်းသွားဖော် ၊ ကျူရှင် တက်ဖော် နဲ့ ကစားဖော် စာကျက်ဖော် နည်းနည်း ကြီးလာတော့ ပုလင်းတူ ဘူးဆို့ မဟုတ်တာ လုပ်ဖော် ၊ လုပ်ဘက် ဖြစ်လာတယ်... အဲဒီ အချိန် မျိုး မှာ လမ်း မှား ရင် တည့်ပေးမယ့် သူငယ်ချင်း ထက် လမ်းမှား ကို တွန်းပို့လိုက်တဲ့ သူငယ်ချင်းမျိုး ၊ စိတ်ထွက်ပေါက်ပေး သယောင် နဲ့ ချောက်ချလိုက် တဲ့ သူငယ်ချင်းမျိုး တွေ က လည်း အများကြီးပါဘဲ....အခု အသက်တွေ ရလို့ အလုပ် နဲ့ အကိုင် နဲ့ အတည်တကျ ဖြစ်လာ ချိန် ကျတော့ လည်း အလုပ်ပြိုင် ၊ ဂုဏ်ပြိုင် ၊ ရာထူးပြိုင် ၊ ၀င်ငွေပြိုင် ၊ ယောကျာ်း ချင်းပြိုင် ၊ ကလေးချင်း ပြိုင် နဲ့ အပေါ်ယံ လှိုက်လှဲ ခင်မင်သယောင် နဲ့ စိတ်ထဲမှာပြိုင်ပေါင်း ကြတဲ့ သူတွေလည်း အများကြီး ကြုံ ရပြန်ရော.....အလုပ်တွေ ၊ လူမှုရေးတွေ ၊ အိမ်ထောင်ရေး ၊ စီးပွားရေး တွေ နဲ့ လုံးလည် ချာလည် လိုက်ရင်း ...သိပ်မွန်းကြပ်. ..လာတဲ့ အခါတိုင်း လိုလို လားလား တောင့်တ မိတာ တစ်ခုက ဟန်မဆောင်ရတဲ့ စိတ်ထဲ အရှိ အတိုင်း ပေါင်းလို့ရတဲ့ ၊ မကောင်းရင် အားမနာတမ်း ဆူ ဆဲပေးမယ့် စိတ်ခံစားမှု မှန်သမျှ..ကို...ထပ်တူ မျှဝေ ခံစားပေးမယ့် သူငယ်ချင်း ဆိုတာ နဲ့ ခဏလေး ဘဲဖြစ်ဖြစ် စိတ် ထွက်ပေါက်ရချင် လာတာပါ....
           ( ကျွန်မတစ်ခု သိချင်တာက စာဖတ်သူတွေ မှာလည်း စာတွေ့ထက် လက်တွေ့ဘ၀ မှာ အဲဒီ လို သူငယ်ချင်းမျိုး အစစ်အမှန် တကယ်ရှိရဲ့လား နဲ့လက် ၅ ချောင်း ပြည့်အောင် ရှိနိုင်လား .ဘယ်နှစ်ယောက် ရှိနိုင်သလဲ....ဆိုတာ ပါဘဲ....)
ကျွန်မမှာ လည်း ...သူငယ် ချင်းတွေ အများကြီး ရှိပါတယ် .. ငယ် သူငယ်ချင်း ၊ လုပ်ဖော် ကိုင်ဖက် သူငယ် ချင်း ၊ သင်တန်းတက်ဖော် သူငယ်ချင်း ၊ Customer သူငယ်ချင်း ၊ ပြိုင်ဘက်သူငယ်ချင်း စသဖြင့် အများကြီး ပါဘဲ...ဒါပေမယ့် ပျော်စရာရှိတဲ့ အချိန်မှာတော့ ဘယ်သူ့ကိုဘဲ ..ဖြစ်ဖြစ်... .ပြောချလိုက်လို့.. ရပေမယ့် ...စိတ်ညစ်စရာမျိုး ၊ ရင်ဖွင့်စရာ ပြသနာ မျိုး ပြောချင် တဲ့ အခါ ကျရင်... ဘယ် သူ့ ကို .ပြောရပါ့မလဲ..ဆိုတာ တစ်ယောက် ချင်း ကို စဉ်းစားရပြန်ရော....ပြောလို့ရတဲ့ သူမျိုးကျတော့ လည်း သူ့ အလုပ်နဲ့ သူ့ အိမ်ထောင်နဲ့ သူမို့...ကိုယ့်ကြောင့် အပူ ကူး... ပါတယ် လေ...ဆိုပြီး... အဲဒီလို နဲ့ ....အကြောင်းကြောင်း တွေ ကြောင့် ... .ပြော လို့. မဖြစ်ပါဘူး.... ဆိုပြီး.. ပြန်မျို သိပ်ရင်း တစ်ခြား အာရုံ..နဲ့..တခြား လုပ်စရာရှိ တာတွေ ပေါ်လာ တာ နဲ့ ..လုပ်ရင်း ကိုင် ရင်း မေ့မေ့ ပျောက်ပျောက် ......ပြန်ဖြစ်သွားရင်း နဲ့ ဘဲ....ဖြတ်သန်းခဲ့ရတဲ့.. အခက်အခဲတွေ....ပြသနာတွေ ...စိတ် ပင်ပန်း မှုတွေ... က.. ..မရေမ တွက် နိုင်ခဲ့ပါဘူး.....အဲဒီလို နဲ့ အသက်တွေကြီး လာ ရပြီး...နှစ်ပေါင်းများစွာ ကနေ ...ဆယ် စုနှစ် ဆိုတဲ့ အချိန်ကာလ တစ်ခု ကို ကျော်ဖြတ် လာရပါ တယ်.....
            ပြီးခဲ့တဲ့ ( ၅ ) ရက် ..... လောက် က သူငယ်ချင်း တစ်ယောက် က ဖုံး နဲ့ Surprise  လုပ် ပြီး နှုတ်ဆက်ပါတယ်...အသံ က အင်မတန်ရင်းနှီးပေမယ့် .....ဗြုန်းခနဲ ဆိုတော့ တော်တော်နဲ့ စဉ်းစား လို့မရပါဘူး... .နောက် ဆုံးတော့ အဆက်အသွယ်...... ပြတ်နေတာ... ( ၁၄ )  နှစ် လောက်ကြာ ပြီ ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်.. ဖြစ်နေပါတယ် .... သူငယ်ချင်း တောင်မှ... .တော်တော်ကို ရင်းနှီးခဲ့ တဲ့ သူငယ်ချင်း.....ကျွန်မ ပေါက်တတ်ကရ လုပ်သမျှ ၊ တလွဲ လုပ်သမျှ ၊ အားမနာတမ်း ဆူဆဲ တတ်တဲ့ ..... တကယ့်  စိတ်စေတနာနဲ့ ဆူတာ မျိုး မို့ စိတ်ဆိုးလို့ မရတဲ့ သူငယ်ချင်း မျိုးပါ..ပျော်တဲ့အချိန် သတိ မရရင်တောင်......စိတ် အရမ်းမွန်းကြပ် ... ထွက်ပေါက်ပျောက်တဲ့ အခါတိုင်း... ...တမ်းတ မိတဲ့ သူငယ်ချင်း မျိုး ဆိုတော့ ဘာပဲဖြစ်ဖြစ် ဖုန်း လေး နဲ့တစ်ချက် နှုတ်ဆက် ဖော်ရတာနဲ့ တင်.... ကျွန်မ တော်တော် ပျော်သွားခဲ့ ပါ တယ်....ဒါပေမယ့် လည်း မတွေ့ ကြ တာ... နှစ်ပေါင်း က မနည်းတော့ သူ ဘာတွေ ပြောင်းလဲ လည်း ကိုယ်မသိသလို ကိုယ်ဘာတွေ ဖြစ်နေလဲ လည်း သူမသိနိုင် တာမို့.... အမှန် အတိုင်း ပြောရရင်.....အချိန်အတိုင်း အတာ အလျောက် အနည်းနဲ့ အများ ပြောင်းလဲ သွားနိုင် တယ် လို့ ထင်ခဲ့ မိတာပါ....ထင်မိတယ်ဆိုတာ က လည်း ....( တချို့တလေ ကျရင် ဘယ်လောက်ပဲ ခင်မင်ခဲ့ခဲ့ လက်ရှိ အခြေအနေပေါ် မူတည်ပြီး.... တစ်မျိုး တစ်ဖုံပြောင်း လဲနေတာမျိုး ကို ကြုံ ဖူးခဲ့ တာမို့......)ဘယ်လိုဘဲဖြစ်ဖြစ်  ပြောင်းလဲ ခဲ့ ရင်တောင်..... မိတ်ဟောင်း ဆွေဟောင်းနဲ့ပြန် တွေ့ရတာ မို့ အနည်းဆုံးတော့ စကားပြောရင်း ....စိတ် ထွက်ပေါက်လေး ရနိုင်တယ် လောက်ဘဲ ယူဆပြီး... .တွေ့ဆုံ ...ဖြစ်ခဲ့ ပါတယ်.....
တကယ်တွေ့တဲ့ .. အခါမှာတော့ ကျွန်မထင်သလို မဟုတ်ဘဲ မတွေ့ကြတဲ့ နှစ်ပေါင်း ဘယ်လောက် ကြာကြာ မပြောင်းလဲသွားတဲ့ ခင်မင် ရင်းနှီးမှုမျိုး နဲ့ပြန်လည် တွေ့ဆုံ စကားတွေပြောဖြစ်ခဲ့ပါတယ်.... ..မတွေ့ရတာကြာတဲ့ သူငယ် ချင်း နဲ့ပြန်တွေ့ ရတာ မှာ..လုံးဝ ကို... မပြောင်းလဲတဲ့ အပြင်..ဟေးလား ဟားလား ...နဲ့ စားသောက်ရုံတွေ့ဆုံတာမျိုး မဟုတ်ဘဲ အံသြစရာ ကောင်းလောက် အောင် ကို ကျွန်မ အလုပ်..အကြောင်းတွေ အသေးစိတ် လျှောက် မေးနေလို့.. ပထမ.... နောက်ပြောင် ပြီး မေးနေ တယ် တောင် ထင်ရတာ.... နောက်မှ ...တကယ် စိတ်ဝင်တစားနဲ့ ကျွန်မ နဲ့ က လုံးဝ မဆက်စပ် တဲ့ ယခု အလုပ်တွေ စ လုပ်ဖြစ်တဲ့ အကြောင်း ...ကိုပဲ အတည် စိတ်ဝင်တစား မေးနေတာ မို့ စိတ်ညစ် စရာတွေ ဘာမှ မပြောတော့ ဘဲ..... ကိုယ့်ရဲ့ လက်ရှိ အနေအထားလေး နဲ့ သူ ပါ စိတ်ဝင် စား ပျော်ရွှင်နိုင်မယ့် အကြောင်း အရာလေးတွေ ကို ဘဲ ကျွန်မ ရွေးပြောတာတောင် သူက ..ကျွန်မတို့ အလုပ်ရဲ့ သဘောတရား...၊ဖြစ်တတ် တဲ့ ပြသနာတွေနဲ့ ...... ဈေးကွက် အသစ် ရှာဖွေတာ ...က အစ.... လျှောက်မေးတဲ့ အပြင် Customer  တွေ ရဲ့ ယုံကြည်မှု ကို ကြာရှည်စွာ ရရှိနိုင်ဖို့ Quantity ထက် Quality ကို ဦးစား ပေး ဖို့..အလုပ်လုပ် တာ ရှက်စရာ မဟုတ်တာမို့ Customer ကို သည်းညည်း ခံရတာကို အောက်ကျတယ်လို့ မခံယူဖို့ စတဲ့ ... အကြံကောင်း တွေ ပေး ပြီး အားပေး စကားတွေ ၀မ်းသာဂုဏ်ယူ တဲ့ စကားတွေ အကြာကြီး ၊ အများ ကြီး ပြော ပြီး ကျွန်မရဲ့ ဆိုင်တွေကို ပါ အလည် လာကြည့်အုံး မယ့် အကြောင်း တွေ တောင် ပြော သွား ပါ သေး တယ်. .......
            သူ့ဆီက ပြန်လာတဲ့ အခါ မှာ ကျွန်မ ကိုယ် ကျွန်မ မယုံကြည်နိုင်လောက်အောင် ၀မ်းသာ ပျော်ရွှင် ပြီး... .ဖြတ်သန်း လာ ခဲ့ ရတဲ့ စိတ်ပင်ပန်း မွန်းကြပ်မှု တွေ ၊ စိတ်အားငယ် မှုတွေ...၊ နာကျည်းမှုတွေ.၊ စုလာတဲ့ မခံချင် မှုတွေ. ...စိတ် ဒဏ်ရာ ဒဏ်ချက်... .တွေ ၊ ....အကုန်လုံး ... ကြက်ပျောက် ငှက်ပျောက်...့ လွင့်စင်ပြီး... အောင်မြင်တဲ့ မိသားစု ဘ၀ ကို ပိုင်ဆိုင်ဖို့ Customer တွေရဲ့ ယုံကြည်မှု ကို ..အချိန်ကြာရှည်စွာ ဆထက်တိုးပြီး တည်ဆောက်နိုင်အောင် ..ကြိုးစားရင်း ကျွန်မ ၀ါသနာ ပါ တဲ့လုပ်ငန်း တွေ ဆထက် တိုး အောင်မြင်အောင် လုပ်ဆောင်နိုင် ဖို့ တက်ကြွ တဲ့ ခြေလှန်းသစ် တွေ နဲ့ ....ဘ၀ရဲ့ အခက်အခဲတွေ ကို ဆက်လက် တွန်းလှန် တည်ဆောက် ဖို့ ခွန် အားသစ်တွေ နဲ့.... တက်ကြွ ပျော်ရွှင် နေခဲ့ ရပါ တော့တယ်.....
            အဆုံးသတ်မှာတော့ စစ်မှန်တဲ့ သူငယ်ချင်း ဆိုတာ တစ်ယောက် ကို တစ်ယောက် ရွှေ ရှိစရာ မလို ၊ ငွေရှိ စရာ မလို စတဲ့...ဂုဏ်တု ဂုဏ်ပြိုင် လည်းရှိ စရာ မလိုသလို တစ်ယောက်နဲ့ တစ်ယောက် နီးချင်း ဝေးချင်း  ၊ အဆက်အသွယ် ရှိခြင်း ၊ မရှိခြင်း ဆိုတာ ထက် အချိန်ကာလတွေ ဘယ်လောက် ကြာကြာ ဘယ်လောက်ဘဲ အချိန်ကာလတွေ ကြာမှ ... ... ပြန်တွေရ့တွေ့ရ ... .ပြောင်းလဲ မသွား တဲ့ ခင်မင်ရင်းနှီးမှု ဆိုတာ ကို ကိုယ်တွေ့ သိမြင်ခံစား လိုက် ရ တာ ပါဘဲ .........
            သူ ဘယ်သူလဲ ဆိုတာ ကို စိတ်ဝင်စားပြီး.... မှန်းဆကြည့် နေမယ့် သူတွေ အတွက်... အပျင်းပြေ ပုံဖော် ကြည့်စရာ လေး....... ချန်ထားခဲ့ပါတယ်......
အဲဒီ ....သူငယ်ချင်းလေးက ဘယ်သူ ဆိုတာ က တော့.........................................

No comments:

Post a Comment