Monday, October 24, 2011

သတင်းကျွတ် လပြည့်နေ့ ကို ....အကျည်းတန် စေတဲ့ ...လူမသိသေးတဲ့ ...ရန်ကုန် မြင်ကွင်းကျယ်.....

              ဒီနေ့ သတင်းကျွတ် လပြည့်နေ့ မို့ ဆိုတော့ အပြင်ထွက် လည်ကြမယ့် သူများများ ရမှာ မို့ မနက် ၄ နာရီ အစောကြီး ထပြီး Taxi ထမောင်း ဖို့ ထွက်လာခဲ့ပါတယ်...Ownerကိုလည်း အစောကြီး ကား လာယူမယ် လို့လည်း ခွင့်တောင်းထားပြီးမို့. .တက်တက် ကြွကြ နဲ့ ခရီးသည် လိုက် ရှာနေ မိပါ တယ်. .ဟော...သံဈေး နား ရောက်တော့ လူ တစ်စု ကားတားတာ..မသဲမကွဲ စတွေ့ လိုက်ရ ပါတယ်… .အင်း ဈေး ဦးတော့ ပေါက်ပြီပေါ့....အနားရောက်တော့...မှ... ညဉ့်ငှက် မ လေး ၂ ယောက် ဆိုတာ ကို ကျားတို့ ၏  အာရုံ ဖြင့် ...အလိုလို ခံစားသိလိုက်ရပြီး သူတို့ ပြန်လိုရာ ခရီး ကို  ပို့ဆောင်ပေးလိုက်ရ ပါတယ်… လပြည့်နေ့ ၏ .ဈေးဦးပေါက် လာဘ် ဦး ပိုက်ဆံ က လည်း.အော်.....
                ဒုတိယ ခရီးသည် ထပ်ရပါတယ်...စုံတွဲ တစ်တွဲ...ပို့လိုက်ရတဲ့နေရာ က ...Hotel တစ်ခု ဆီ သို့...သမာအာဇီဝ နဲ့ ရှာရ တဲ့ ငွေ မှန်သော်ငြား လည်း ...ဒုတိယ ဈေးဦးပေါက်ငွေ က လည်း ....တတိယ ခရီးသည် ထပ်ထပ် ရပြန်ပါတယ်....အဲဒါ ကတော့. .တိုက်ခန်းတစ်ခု ကို ပို့လိုက်ရသည့် .မမကြီး တစ်ယောက် နဲ့ ကောင်ကလေး တစ်ယောက် ပါ..လူတွေ ပြောတာ ခဏခဏ ကြားဖူး သည့် Sponsor  ဆိုလား ..ဘာလား..အင်း မထင်ကောင်း ပါဘူး..တော်ကြာ မောင်နှမ လည်း ဖြစ်နေရင် မိုးကြိုး ပစ်နေပါ အုံး မယ် ..လို့. စပ်စု မိတဲ့ ကိုယ့် အတွေး ကို ပြန်ရုတ်သိမ်း မိရင်း...
                    အဲ ...ဒီ တစ်ခါ မှာ တော့ အန်တီကြီး ၂ ယောက် ကို အမှန် တကယ် ကို ဘုရား လိုက်ပို့ရပါ တယ်...သတင်းကျွတ် လပြည့်နေ့. .ပိတ်ရက်မှာ  ဘုရား ကို ဘယ်နှစ်ခေါက်  ၊ ပန်းခြဲ ဘယ်နှစ်ခေါက် ...တိရစ္ဆာန်ရုံ ဘယ်နှစ်ခေါက် ...နဲ့ ...အခေါ်အဝေါ် အမျိုးမျိုး နဲ့ .Hotel ဆိုလား /  Motel ဆိုလား  / Inn ဆိုလား...ဘယ်နှစ်ခေါက်..? အဲ..ငါ..ဘာတွေ လျှောက်... တွေးနေပါလိမ့်....
                      အဲဒီလိုနဲ့ ဘဲ...ဘုရား ရောက်လိုက် ၊ ပန်းခြံရောက်လိုက် ၊ တည်းခိုခန်း ရောက်လိုက် နဲ....တည်းခိုခန်း ပို့ရတာ က တော် ပို များ နေပါသေးတယ်....တည်းခိုခန်းတောင် မှာ... လူပြည့်နေ လို့..ကျွန်တော် ကားပေါ်မှာ ပေးစောင့်ရတဲ့ စုံတွဲ ရှိသလို..လူပြည့်နေလို့ .၃ ၊ ၄ နေ ရာ လိုက်ရှာ ပြီး ..ပို့လိုက်ရတဲ့ စုံတွဲ တွေ လည်း အများသားလား.....မဆီမဆိုင် စစ်တမ်းကောက်လို့ ရရင် ..ကားသမားတွေ စုပြီးတောင် စာရင်းကောက် လိုက်ချင်ပါသေးတယ်.....
                   သုံးလေးယောက် အုပ်စု နဲ့ တွေ့ရင်..ပန်းခြံ ၊ ကလေးတွေ ပါရင်..ကစား ကွင်း ...သမီး ရည်းစားတွေ ဆိုရင်တော့.. .ကားတားတဲ့ သူတွေ့ ရင် ကျွန်တော် ရမ်းသမ်း ပြီး  .စိတ်ကူး နဲ့ ပို့ ကြည့် တဲ့ ထင်ကြေး က ဗေဒင် ဆရာ ထက်တောင် မှန်နေပါသေး တယ်.....ကားသမား ဖြစ်ရတာ..သတင်းစုံ ကြားရ ရုံသာ မက ..လူမသိတဲ့ သတင်းတွေ လည်း တော်တော် သိရသေးသား....
                    တစ်နေ ကုန် တဲ့ အထိ ကားဆွဲ ကောင်းလို့..ဆွဲကောင်းကောင်း နဲ့ ဆွဲရင်း...မှာမှ.. .ကိုယ့် သမီး အရွယ်လောက်ရှိ တဲ့.. .ကလေး မ လေး တစ်ယောက် နဲ့ ..သူ့ အဖေလား..ဦးလေး လား ..လူကြီး တစ်ယောက်.ကားပေါ်....တက်လာပါတယ်.. .ဘာတော် သလဲ လို့..မှ ...စိတ်ကူး နဲ့....မစပ်စု လိုက်ရ ပါ ဘူး...ဦးလေး ကြီး က ဘယ်သွားမလဲ..လမ်းကျ မှ စဉ်းစားရင် ပြောမယ်... ကျ သလောက် ပေးမယ် ဆို တာ နဲ့ ...စိတ်ကူးတည့် ရာ လျှောက်မောင်းရင်း..ဘယ်ကို .လမ်းညွှန်မလဲ ပြောတာ ကို စောင့်နေ မိ ပါတယ်...
ကလေးမလေး က လည်း ဘာ စိတ်ဆိုး လာ သလဲ မသိဘူး..စူပုပ်လို့ပါ...ဒါဆိုရင်တော့...ကျွန်တော်..ထင်သလို ..တော့ မဟုတ်တော့ ပါဘူး.....တစ်ခု ထူးဆန်းတာ က အဲဒီ လူ က တည်းခိုခန်း ကိုလည်း သွားမယ်.လို့...မပြောရှာပါဘူး....ရည်ရည်မွန်မွန် ပုံစံ နဲ့ ဘဲ..ကလေး မလေး ကို ချော့နေပြီး.....ကောင်မလေး ဘယ်သွားချင်လဲ..မေးနေပါတယ်...
               ...အဲဒီ အကို က ... လပြည့်နေ့ ဘုရားတက် မလား..ဆိုတော့...လူရှုပ်တယ်တဲ့....ပန်းခြံ ပို့ပေးရမလား... လူ ဗျောက်သောက် ကြီး တဲ့.. လူရှင်း တဲ့ ဘုရားရော..ဆိုတော့ လည်း ..မဟုတ်ပြန်ပါဘူး....ဖွင့်တဲ့ Shopping Mall တစ်ခုခု. ... လျှောက်ကြည့်ရအေင် တဲ့...စိတ်ရှုပ်လို့..ဘာမှ ၀ယ်ချင်စိတ်မရှိပါဘူး...တဲ့...အဲအါ နဲ့ ဘဲ.. ကျွန်တော့ မှာ..စိတ် ကူး တည့်ရာ .... လျှောက်မောင်း ရင်း တော်တော် ချေးများတဲ့ ကလေး မ ဘဲ မို့..တွေးမိ လိုက်ပါတယ်...အဲဒီလို နဲ့.. .Coffee ဆိုင် တစ်ခုခု မှာ ထိုင်ပြီး စကားပြော ကြ ရအောင် လို့..လူကြီး က ထပ်ပြောပြန်ပါတယ်.. .ဘာပြေန်ပြော လဲ.. .ဆိုတော့...အသိ နဲ့ တွေ့ မှာ ကြောက်တယ်တဲ့. ..ကြားထဲ က ကျွန်တော် က စိတ်ချဉ်ချဉ် ဖြစ်လာတာ နဲ့..လူရှင်းတဲ့ တစ်နေရာ မှာ...ကားထိုး ရပ်လိုက်ပြီး...အဲဒီ အကို ကြီး ကို ...တစ်စုံတစ်ခု..တိုးတိုး လေး ပြောလိုက် မိတယ်... .အဲဒီ ယောကျာ်းကြီး က ...ဟာ. ..မဖြစ်နိုင်ပါဘူး...သူက မိကောင်းဖခင် သား သမီးလေး ပါ ..တဲ့.. .ကျွန်တော် က လည်း တော်တော် အမြင် ကတ်နေပြီမို့... ကျွန်တော်..တာဝန်ယူပါတယ်...အကို..သာ မီးစင်ကြည့်က တော့...ဆိုပြီး.....
...................တော်တော် ဝေးလံ တဲ့...လူပြတ်တဲ့ နေရာ က ....Hotel  ခြံဝင်းကြီး တစ်ခု..ထဲကို ..မောင်း ၀င်လာပြီး.. .ပေါ်တီ ကို အောက်မှာ..ကားရပ်ပေး လိုက်တယ်...ဟို အကို ကြီး က တကယ်ကို ရိုးသားတဲ့ လူပျို ကြီး ထင်ပါရဲ့..အားနာပြီး ထူပူနေပုံ ပါဘဲ... ဒါနဲ့ ပဲ..ကျွန်တော်...က...ဒီ နေရာလေး က တိတ်တိတ် ဆိတ်ဆိတ် နဲ့ အေးအေး ဆေးဆေး အနားယူလို့ ရတယ်.. . ညီမလေး...လူ သိပ် မသိ တဲ့ နေရာမို့..အသိ နဲ့ တွေ့ မှာ လည်း မကြောက်ရတော့ဘူး....။ ဒါဆို အဆင်ပြေလားလို့...မေးလိုက်တော့... မဆီမဆိုင်.. .ကားခ အားလုံး ဘယ်လောက် ကျ သလဲ...တဲ့...လျှောက် ပတ်တာ နဲ့ ဘာနဲ့ ဆို....စုစုပေါင်း ...၃၀၀၀၀ ပါ...လို့ ပြောလိုက် မိတော့ ..အကို ကြီး ကို မျက်စောင်း တခဲခဲ.. .ဆောင့်ဆောင့် အောင့်အောင့် နဲ့ ပိုက်ဆံ ထုတ်ပေးရင်း...သမီး က ဦး နဲ့  .အေးအေး ... ဆေးဆေး စကားပြော ချင်တာ..အစောကြီးထဲ က ဒီ အကို ကို မေးပြီး ..သွားခိုင်းရ. ..ကားခ တောင်. ....အများ ကြီး ပေးရ မှာ မဟုတ်ဘူး...ဆိုတဲ့.လေ.....
                   အဲဒါ နဲ့ ဘဲ...ဒီ ကနေ့ .သတင်း ကျွတ် လပြည့်နေ့ မှာ...ကျွန်တော် ...သူများ မမြင်ရ တဲ့.. .ဟေုသုတ တွေ..တလှေကြီး နဲ့...ပိုက်ဆံ တွေ အများကြီး ရတာ ..၀မ်းမသာ နိုင်တော့ ဘဲ...စိတ်ဆင်းရဲခြင်း ကြီးစွာ နဲ့ ..အိမ်ကို ပြန်ခဲ့ရပါတော့တယ်....
         ကျွန်တော် ပြောတာ...မှန်မမှန်..စူးစမ်းချင်ကြရင်...နောက်လ ..တန်ဆောင်မုန်း လပြည့်နေ့ ကျရင်.. .တစ် ခါလောက်.....မြင်ဖူးတဲ့ ရှိအောင်...Taxi ..စမ်းဆွဲ ကြည့်ရင်း. ..စစ် တမ်းကောက်ကြည့် ကြစမ်းပါဗျာ......

No comments:

Post a Comment