ကျွန်မ က ဘယ်လိုလိုထဲ မှာ ပါခဲ့သလဲ…သုံးသပ်လိုက်ရင် ကိုယ့် သဘော နဲ့ ကိုယ် မှန်တယ် ထင်ရင် တဇွတ်ထိုး လုပ်တတ်ပြီး မှားလိုက် ၊ နောင်တ ရလိုက် ၊ ပြင်လိုက် နဲ့ ရမ်းတုပ်ရင်း အလုပ်လုပ် က သင်သွားရ တဲ့ အမှားများစွာ နဲ့ ဘ၀ ကို ကျော်ဖြတ်လာတဲ့ သူသာ ဖြစ်ပါတယ်…..
နောက်လူ တစ်မျိုးဖြစ်တဲ့ ကိုယ့်ရှေ့ မှာ လုပ်နှင့် နေပြီးတဲ့ ဆရာသမား ရဲ့ နည်း စနစ် တကျ သွန်သင်မှု ကို ခံယူရင်း… စနစ်တကျ လုပ်လိုက်..မသိလျှင်သွားမေးလိုက်… မလုပ်ခင်မှာ သေချာ လေ့လာ ပြီး လုပ်လိုက် နဲ့ လုပ်တတ် တဲ့ သူမျိုး တွေရဲ့ ဘ၀ က တော့ ပိုလို့ အမှား နည်းပြီး ဆုံးရှုံးရမယ့် အခြေအနေ ရာခိုင်နှုန်း ပိုနည်း နေပါလိမ့်မယ်… .ဆရာ သမား ဆိုတာ ကျောင်း / ကျူရှင် ဆရာသမား ကို ဆိုလိုခြင်း မဟုတ်ပါ…ဘ၀ ကို ရပ်တည်နိုင် ဖို့…ကိုယ့်အရင် အရှေ့ အရှေ့ မှာ အောင်မြင်နေတဲ့ ကိုယ့်ထက် အရင် အရှုံးတွေ ကို ကြုံခဲ့ ရတဲ့ …ကိုယ့်ထက် အရင် မှားတာတွေ ပြင်ခဲ့ရတဲ့ ဘ၀ ဆရာသမား ကို ဆိုလိုခြင်းသာ ဖြစ်ပါ တယ်…..
ကျွန်မ က ကိုယ့် သဘော နဲ့ ကိုယ် မှန်တယ် ထင်ရင် တဇွတ်ထိုး လုပ်တတ်ပြီး မှားလိုက် ၊ နောင်တ ရလိုက် ၊ ပြင်လိုက် နဲ့ ရမ်းတုပ်ရင်း အလုပ်လုပ် က သင်သွားရ တဲ့ အမှား များစွာ နဲ့ ဘ၀ ကို ကျော်ဖြတ် လာတဲ့ သူ ဆိုပေမယ့်..လူ မသိတဲ့ ကျွန်မ တိတ်တ ဆိတ် အားကျခဲ့ရတဲ့ ကျွန်မ ရဲ့ …Role Model ဖြစ်သလို Hero ကြီးလည်း ဖြစ်တဲ့ သူ တစ်ယောက်…ရှိပါတယ်…..သူ ဘယ်သူ လဲ.. လို့မစဉ်းစားပါနဲ့ အုံး….သူဘယ်သူလဲ..လို့ မပြောခင် သူ့ အကြောင်း ကို အကျဉ်းချုံးပြီး အရင် ပြောပြပါ့မယ်…
သူ သည်လည်း ကျွန်မ တို့ လိုဘဲ..ဒီနေ့လို သူ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီး ဘ၀ မရောက် ခင် အလုပ်တွေ လုပ်ရင်း အမှားတွေ လည်း အများကြီး မှားခဲ့ဖူးပါတယ်… မအောင်မြင်ခဲ့တဲ့ အမျိုးမျိုးသော အလုပ်တွေ ပြောင်းပြောင်းလုပ်ရင်း ၊ မှားလိုက် ၊ ပြင်လိုက် ၊ လုပ်လိုက် ပြင်လိုက် နဲ့ …တစ်နေ့မှာ လုပ်ငန်း တစ်ခု ကို အခြေ တကျ စတင် လုပ်ကိုင်ခဲ့ ပါ တယ် ….ကိုယ်ပိုင် အလုပ်တစ်ခု ကို နည်းစနစ် မကျစွာ နဲ့ စတင်လုပ်ခဲ့သော်လည်း တဖြည်း ဖြည်း နဲ့ နေ့ မ အား ည မ အား ပိုပို လေ့လာရင်း ဆက်စပ် အလုပ်တွေ ထပ်ထပ် တိုးကာ … ပြောင်းလဲနေတဲ့ …ခေတ် ကို မျက် ခြေ မပြတ် လေ့လာရင်း နဲ့ …နည်းပညာတွေ ပြောင်း ၊ နည်း စနစ်တွေ ပြောင်း ၊ ဖွဲ့စည်းပုံ တွေ ပြောင်း နဲ့….တစ်နေ့ထက် တစ်နေ့ ပိုပြီး နေ့မအား ညမအား အချိန် ကုန်ခံ လေ့လာ တိုးချဲ့ရင်း နဲ့ ….( ၂၃ ) နှစ်တာဆိုတဲ့ အချိန်တွေ ကို အကျိုး ရှိစွာ ဖြတ်သန်းရင်း ယနေ့ခေတ် မှာ ( ) ဆိုတဲ့ အစား အသောက် တစ်ခု ကို စိတ်ကူး နဲ့ စဉ်းစား လိုက် မိရင်တောင်…ကလေး ၊ လူကြီး ကျားမ မရွေး…သူ့ ဆိုင်ကို သာ မျက်စိ ထဲ ပြေးမြင်ကြ တဲ့ အထိ…ဆိုင်ခွဲ တွေ အများဆုံး နဲ့…..စားသောက်ဆိုင် လောက တစ်ခု မှာ အောင်မြင်တဲ့ Brand Image တစ်ခုကို အခိုင်အမာ ဆောက်တည် နိုင် တဲ့ အောင်မြင် သော လုပ်ငန်းရှင် ကြီး တစ်ဦး ဖြစ် ပါတယ်…
ကျွန်မ ဝေလေယောင်ဝါး နေတဲ့ အချိန် က သူ က အလုပ်တစ်ခုခု လုပ် ဖို့ တိုက် တွန်း ခဲ့ ဖူးပါတယ်….ကြိုက်တဲ့ ခေါင်းစဉ် နဲ့ အလုပ်လုပ် လို့…အသုံးတည့် စေမယ့် Management Course တွေ လည်း သင်ပေးမယ်…သူ့ရုံးကို လာဖို့..ကြိမ်ဖန် များစွာ ခေါ်ခဲ့ ဖူးပါတယ်… တဲ့ …အဲဒီ အချိန်က သွားချင်ခဲ့ပေမယ့်….အသုံးမကျတဲ့သူမို့…အဆူခံရမှာ ကို ကြောက်ခဲ့ တဲ့ အတွက် အလုပ်ဆိုတာ ကိုယ် တကယ် လုပ်တဲ့ အခါ လုပ်ရင်း နဲ့ တဖြည်း ဖြည်း သိသွားမှာ ဘဲ…လို့ ဖြေတွေး ရင်း မသွားဖြစ်ခဲ့ ပါဘူး….
အဲဒီလို နဲ့ဘဲ…ကိုယ့်အတတ် နဲ့ ကိုယ်…၀ါသနာ ပါတဲ့ …အလှအပ နဲ့ ဆိုင်တဲ့ အလုပ် တွေ ကို လုပ်ရင်း တပည့်ကောင်းဖြစ် ဖူး မှ..ဆရာကောင်းဖြစ်နိုင်မယ်…၀န်ထမ်းလို အောက် သက် ကျေကျေ အောက်ခြေ ၀င်လုပ်ဖူးမှ လုပ်ငန်းရှင်ကောင်းဖြစ်နိုင်မယ် ဆိုတဲ့ အတိုင်း…ဘာ အတွေ့ အကြုံ မှ မရှိဘဲ…ပိုင်ရှင်တမ်းလုပ်ခဲ့တဲ့ အတွက်…ဆိုင်ဖွင့်ချိန် တ လျှောက်လုံး အမျိုးမျိုး သော အမှားတွေ နဲ့ ရင်ဆိုင် ခဲ့ရပါတယ်….
ဘယ်တုန်း က မှ အသုံး မကျခဲ့တဲ့ ကျွန်မ ရှိစုမဲ့စု အမေ့ ပိုက်ဆံလေးရင်း ပြီး ဒီတစ်ခါ အလုပ်လုပ်တာ…ဒီတစ်ခါ.. အသုံး မကျ လို့ ဆိုင်ပိတ် လိုက်ရတယ် လို့..အမျိုးတွေ ကြားမှာ…အရှက်မကွဲ ချင်တာ တစ်ခု ထဲနဲ့…ဘုရင့်နောင် လို ဖောင်ဖျက် ပြီး ဒီ အလုပ်ကို ကိုယ်တိုင် ရွေးချယ်ခဲ့တာ..ဘယ်လို အကြောင်းနဲ့ မှ ပိတ်ပစ်လို့ မရဘူး…မအောင်မြင်လို့ မရဘူး…..ဆိုတဲ့ စိတ် ကလေး ကို အခိုင်အမာ မွေးရင်း….အစမှာ ထစ်ကနဲ တစ်ခုခု အဆင် မပြေ ဖြစ်ပြီ ဆိုရင်.. ဆိုင်ပိတ်ချင် စိတ်ပေါက်ပေါက် လာတတ်တဲ့ ကိုယ့် စိတ်ကို ပြန်ပြန်ဆုံးမ ရင်း နဲ့ တစ်နှစ် က နေ ၊ နှစ်နှစ်…အဲဒီ လို နဲ့ Customer .. ပြသနာ ၊ ၀န်ထမ်း ပြသနာ ၊ ငွေကြေး ပြသနာ စတဲ့ သဗန ပေါင်းစုံ ကို တစ်နေ့ထက် တစ်နေ့ ကိုယ့် ကိုယ်ကို ပိုပို ယုံကြည်စွာ နဲ့ ဖြေရှင်း နိုင်လာရင်း… တဖြည်းဖြည်း နဲ့ အလုပ် မှာ ပျော်လာ သော ၊ အလုပ် မရှိရင် မနေတတ်သော ၊ တစ်ခု မဟုတ် တစ်ခု လုပ်နေရမှ နေသာ ထိုင်သာ ရှိသော… .ကိုယ့် ကိုယ် ကို အပြည့်အ၀ ယုံကြည်မှု ရှိ လာ သော …အနေအထား တစ်ခု ကို တဖြည်း ဖြည်း ရောက် ရှိ လာခဲ့ရပါတယ်…..အခုလို မအားတော့ တဲ့ အခါကျမှ….ကျွန်မ အလုပ်မ လုပ်ခင် က အဆူခံရမှာ ကြောက်ပြီး ..ပညာသင်ပေးမယ့်ဟာကို …အလကားနေရင်း ထွက်ပြေး မိခဲ့တဲ့ အချိန်တွေကို လည်း နှမြောပြီး နောင်တ ရ နေ ခဲ့ ရပါတယ်….
ကျွန်မ အခု ခေါင်းစဉ် ဖြစ်တဲ့ ကျွန်မ ဘ၀ ရဲ့ အတုယူ အားကျ ခဲ့ရ တဲ့…သူ အကြောင်း ဆိုတာ ကို ဆက်ပြော ပြပါအုံးမယ်….သူဟာ…အလုပ် အောင်မြင်အောင် လုပ်ကိုင် ရာမှာ သာ ထူးချွန်…ပြောင်မြောက်အောင်လုပ်နိုင်..တဲ့ သူ သာလျှင် မဟုတ် … .စိတ်ဓာတ် ပြင်းထန် ခိုင်မာ သည့် နေရာတွင်လည်း နှစ်ယောက်မရှိအောင် …စံ တင်ထား ရလောက် တဲ့ သူ တစ်ဦး လည်း ဖြစ်ပါသေးတယ်….ကျွန်မ ဆိုလျှင်..ကိုယ် လုပ်တဲ့ အလုပ် က အောင်မြင်ရင် သာ တက်ကြွပျော်ရွှင် တတ်ပေမယ့် ကိုယ် ထင်သလို မဖြစ်ရင် …အလကားနေ ရင်း လည်း စိတ်ဓာတ် ကအောက်ဆုံး အထိ ကျတတ်တဲ့ သူမျိုးဖြစ်သလို …နည်းနည်း လေး နေထိုင် မကောင်းရင် က အစ… ကိုယ်လုပ်နေတဲ့ အလုပ် ကို နေထိုင်မကောင်းရက် နဲ့ ဘယ်လို မှ သီးခံပြီး မလုပ်နိုင်သေးတဲ့ …ကိုယ့် ကိုယ် ကိုယ် အလွန်ချစ် ၊ အလွန်သက် ညှာတတ်သော …သူဖြစ်ပါတယ်….
ကျွန်မ အဲဒီလို ဖြစ်တိုင်း အလကားနေရင်း စိတ်ဓာတ်ကျ တာ ကို မကြိုက်တဲ့ ကျွန်မ ၏ ခင်ပွန်းသည် က …..( ) ဆို ဘယ်လို လုပ်မလဲ…ဆိုပြီး…အားမပေးဘဲ…နှိုင်းယှဉ် ပြီး ဆူတတ် ပါသေးတယ်….သူ ဆူတာ စိတ်ဆိုးပေမယ့်….အလုပ်နဲ့ ပတ်သက်ရင် ဘယ်လောက် ဘဲ နေထိုင် မကောင်း ဖြစ်ဖြစ် အမှန်တကယ် ကို အလုပ်လုပ်နိုင်သော ၊ အလုပ် ကို ချစ်သော ၊ ဘယ်လို အချိန် နဲ့ အခြေအနေ မျိုး ကို ရင်ဆိုင်ရ ၊ ရင်ဆိုင် ရ ၊ ဇွဲနဲ့ အလုပ်လုပ်ရင်း… အရှုံး မပေးသွားမယ့် ကျွန်မ ရဲ့ အားကျရသော Hero ကြီး ဖြစ်ပါတယ်….တော်ရုံ လူ ဆို အဲဒီလို အချိန် မှာ အလုပ်လုပ် ဖို့ မပြောနဲ့ … ကြားတာ နဲ့ ဘုန်း ကနဲ လဲသွားမယ့် အခြေအနေမျိုး အထိ နေထိုင် မကောင်း ဖြစ်တယ်ကြားလို့… ကြားရတဲ့ သူတွေ က စိတ်ပူ ၊ စိုးရိမ်တကြီး နဲ့ စိတ်မကောင်း ဖြစ်ပြီး အပြေးအလွှား နဲ့ သူ့ ဆီ သွားတွေ့ ရင်တောင်….ကိုယ့် ကျန်းမာရေး အနေအထား ကို သိပါလျှက် နဲ့….မျက်နှာ မပျက်…လာကြည့်တဲ့ သူတွေ ကို အပြုံး မပျက်… သူ့ ၀န်ထမ်း ကလေး တွေ ကို Laptop တစ်လုံး နဲ့ ညွှန်ကြား မပျက် နဲ့ ဘ၀ ကို အရှုံး မပေး တာများ အံ့သြလောက်အောင်… အတုယူထိုက်တဲ့….သူ ဖြစ်ပါတယ်….
သူ့ ကျန်းမာ ရေး ကို သိတဲ့ …သူ့နေရာကို ….ခံစားနိုင်စွမ်း မရှိတဲ့ ကျွန်မ…သူ နေမ ကောင်းဖြစ် တယ် ကြားတိုင်း ….သွားကြည့် ပြီး ပြန်လာရင် ငိုရပါတယ်… တစ်ခေါက်များ ဆို ..သူ့ ရဲ့ တစ်ခုသော မွေးနေ့ အတွက် ဆိုပြီး ဆရာကြီးဒေါက်တာ ဦးအောင်ထွန်းသက် ကို ဖိတ်ပြီး ဘယ်သူ မဆို နားထောင်ရင် အကျိုးရှိစေမယ့် Attude နဲ့ ဆိုင်တဲ့ ခေါင်းစဉ် တစ်ခု ကို လူတွေ အကျိုးရှိစေ မယ့် မွေးနေ့မှာ သူများမလုပ်တဲ့ …အသိပညာ လှုတဲ့ အလှု တစ်ခု လုပ်ပြီး…အသိပညာ ဖြန့်ဝေပေး သွားပါသေးတယ်…သူ့ဆီမှာ သူ့ ဆိုင်ခွဲ အားလုံး က ၀န်ထမ်း အသီးသီး ကို မျက်စိပွင့်အောင်… အလုပ်ခွင်မှာ အကျိုးရှိစေမယ့် ခေါင်းစဉ် အမျိုးမျိုး တွေ နဲ့ အခမဲ့ ပညာဒါန သင်တန်းတွေ ပေး ပြီး…. အနေအထား အမျိုးမျိုး က ၀န်ထမ်း တွေကို မြှင့်တင်ပေးနေတာ သိပေမယ့်…မလုပ်စဖူး..မွေးနေ့ မှာ လှုသွားလို့… အဲဒီ ပွဲမှာ သူ စကားတက် ပြောရင်း…မျက်ရည်တွေ ၀ဲ နေတာ တွေ့လို့…မထင်ကောင်း မပြု ကောင်း သူများ…တစ်ခုခု ကို ကြိုတွေးပြီး လုပ်နေသလားလို့…ကျွန်မတောင် မှ ကျွန်မ ရမ်းသမ်း ဖန်တီးထားတဲ့ ( ၇ ) နှစ် နီးပါးဒီ အလုပ်လေးကို သံယောဇဉ် ဖြစ်နေ တာ… သူသာ ဆိုရင် …လို့..တွေးပြီး ကျွန်မ အဲဒီနေ့ က ပြန်လာ တော့ ချုံးပွဲချ နဲ့ ရှိုက်ကြီးတငင် ငို ခဲ့ရပါသေးတယ်…
ကံကောင်း စွာ နဲ့ သူ့ ထားတဲ့ စေတနာ နဲ့ အကျိုးပေးကြောင့်…တစ်ခါ တစ်ခါ နေထိုင် မကောင်းဖြစ်တာ က လွဲလို့….. ဒီနေ့ ဒီ အချိန် အထိ..ကျန်းမာစွာ နဲ့ အလုပ်တွေ မနားမနေ ကြိုးစား လုပ်နေဆဲ ဖြစ်ပါတယ်…..
အကြောင်းကြောင်းတွေ နဲ့ မအားလပ်လို့ ကျွန်မ မသွားဖြစ်ပေမယ့် လည်း ..အပြင်မှာ ခဏလေးတွေ့ရင်…ခဏလေး ဗဟုသုတ ရစေသော …အလုပ် နဲ့ ပတ်သက် တဲ့ စကား တစ်ခွန်း တိုင်းဟာ သူ ကျင်လည် ဖြတ်သန်း လာတဲ့ ( ၂၃ ) နှစ်တာ ဘ၀ အတွေ့အ ကြုံ တွေ များမှ ရတဲ့ စကားတိုင်း ဖြစ် လို့..ဖုံး နဲ့ ခဏ လေး ပြော ရ ရ…အပြင် မှာ လူချင်း ခဏ တွေ့ ရရ… အလုပ်လုပ်နေ တဲ့ ကျွန်မ အတွက်..လုပ်ငန်းခွင် တိုင်း မှာ အကြောင်းအရာ ကို ခေါင်းစဉ်လေး ပြောင်းသုံးလိုက် ရုံနဲ့… အဖိုးတန် တဲ့ အနေအထား တစ်ခုအထိ အကျိုးရရှိ နိုင်စေခဲ့ လို့….အားကျ နေရဆဲပါ….ကျွန်မ ပတ်ဝန်းကျင် က လူ တော်တော် များများ က ပြောဖူး ပါတယ်… .အောင်မြင်နေတဲ့ သူ့ အလုပ်မှာ…ရှယ်ယာ ထည့်ခွင့် တောင်းပြီး… သူ့လို အောင်မြင် အောင်..လုပ်ပါလား…သူ့ တူမ ဘဲ…တဲ့….
စေတနာ နဲ့  လာပြောတဲ့ လူ တွေ…အမြင်ကတ်မှာ စိုးလို့…သူတို့ မကြားအောင် ကျွန်မ စိတ်ထဲ မှာ ဘဲ..တိတ်တိတ်လေး စကားတွေ ပြော လိုက်မိပါတယ်…..သူများ အရည် အချင်း နဲ့ အောင်မြင်လာတဲ့ အလုပ် မှာ ရှယ်ယာထည့် ပြီး အောင်မြင်အောင် လုပ်နိုင်တဲ့…သူ့ တူမ မဖြစ်ချင်ဘူး….ကိုယ့် အရည် အချင်း နဲ့ ကိုယ် အလုပ် တစ်ခု ကို အစ အဆုံး ဖောက်ပြီး …အောင်မြင်အောင်. .လုပ်သွားနိုင်တဲ့…Brand Image တစ်ခုကို နှစ်ရှည်လများ အောင်မြင် အောင် တည်ထောင် နိုင် တဲ့…. ဘယ်လို အခြေအနေ မျိုး ဘဲ ရောက်ရောက်…ဘ၀ ကို အရှုံးမပေးဘဲ..ရင်ဆိုင် ဖြတ်ကျော် သွား နိုင်တဲ့….သူ လို လူ ဘဲ ဖြစ်ချင်ပါ တယ်……
ဒီ Post လေး ကို သူ့ ကို ကြိုတင် ခွင့်တောင်းပြီး ရေးခဲ့ရင်..ကျွန်မ အမြင် နဲ့ ပြော တာထက် ပိုပြီး ပြည့်စုံ ကောင်းမွန်တဲ့ အချက်အလက် တွေ နဲ့ ပိုပြီး အတုယူ အားကျ နိုင်စွာ ဖတ် လို့ ကောင်းမှာပါ…ကျွန်မ ကျိန်းသေ သိနေတာ က ဘာပဲလုပ်လုပ်. .နောက် ကွယ် ကနေ ဘဲ ပံပိုး ပေးတတ် တဲ့ နာမည် မကြီးချင်တဲ့ သူ မို့ လို့…သူ့ အကြောင်း ကို ပေးရေးချင် မှ… ပေးရေး ပါ လိမ့်မယ် …သူ့ကို အားကျလို့… သူ့ဝန်ထမ်းတွေ ကို မျက်စိဖွင့်ပေး သလို… အသိပညာ အလှု တွေ မလှုဒါန်း နိုင်ပါသော်လည်း အလုပ်လုပ်ချင်တဲ့ ကလေးတွေ… စိတ်ဓာတ် မခိုင်မာ တဲ့ ကလေး တွေ…ဒီ စာလေး နဲ့ အသိပညာလေး ဝေငှ ရင်း ကျွန်မ နဲ့ အတူ သူ့ ကို အတုယူ ကြိုးစားနိုင် ကြပါစေ ...လို့….
ဒီ စာပိုဒ် လေး နဲ့ အတူ ကျွန်မ အားကျခဲ့ရပါသော...ကျွန်မ ရဲ့ Hero ဆိုလည်း မမှားနိုင်တဲ့...ကျွန်မ ရဲ့ ဦးလေး ဦးဥာဏ်လင်း ... (YKKO ) Founder...ကို အခု ချိန်မှာ.... အားကျစိတ်တွေ...ကြား က ကျေးဇူးတင်နေရ ပါကြောင်း.... ဂါရ၀ ပြုလျှက်. .......အောင်မြင် ချင်တဲ့ လူငယ်လေးများ ၊ စိတ်ဓာတ် မခိုင်မာတဲ့ လူငယ်လေးများ အားလုံး အတုယူ နိုင်ကြ ပါစေလို့......
ss.jpg)
No comments:
Post a Comment